NSMag android app available for Android 4.1 or later

NSMag android version ကို android 4.4 အတွက်သာ ထုတ်ခဲ့ရာကနေ အခု android 4.1 အထိ အသုံးပြုလို့ရပါပြီ။ android 4.1 ကနေ 4.2 အထိ ကို ပိတောက် font ကို menu အတွက် အသုံးပြုထားတယ်။ စာလုံးအကုန်လုံးက သေချာ မှန်ကန်စွာတော့ မပြသပေးနိုင်ပါဘူး။ သို့ပေမယ့် ဖတ်လို့ရတဲ့ အထိ အဆင်ပြေပါတယ်။ Android 4.3 နဲ့ Android 4.4 အတွက်ကိုတော့ MON3 Anonta 1 ကို အသုံးပြုထားတယ်။

WebView အတွက်ကို Android 4.1 ကနေ 4.3 အထိ ကို unicode ကနေ ဇော်ဂျီ ပြောင်းပြီး ပြထားတယ်။ Solveware Solution က ပုရဗိုက် ကွန်ဗာတာကို အခမဲ့ အသုံးပြုခွင့်ပေးတဲ့ အတွက် အဆင်ပြေသွားတယ်။ ယခု လက်ရှိ version မှာတော့ push notification မပါသေးပါဘူး။ Server side ဘက်ကို ပြန်ပြင်ပြီးမှသာ push notification ကို ထည့်သွင်းသွားပါမယ်။ လိုအပ်တာများရှိရင် ဒီ post အောက်မှာ comment ထားခဲ့နိုင်ပါတယ်။

Download From Play Store

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading