Ornagai 1.4 uploaded

Ornagai 1.4 ကို upload တော့ လုပ်ပြီးပါပြီ။ Simulator မှာကတော့ font size က ကြီးပေမယ့် Device ပေါ်မှာ run လိုက်ရင် font size က အရမ်းသေးသွားတယ်။ Jailbreak လုပ်ထားလို့လားမသိ။ ရှာတာလည်း ရှာမတွေ့။ Zawgyi-one မဟုတ်ပဲ Arial ဆိုရင်တော့ font size က ချုံ့ချဲ့ လို့ရတယ်… အဲဒါလေး တချက်အဖြေရှာရအုံးမယ်။ အခု version မှာ ipad မှာပါ မြင်ကွင်းကျယ်နဲ့ မြင်ရအောင် ဖန်တီးပေးထားပါတယ်။ လက်ရှိ ဝယ်ထားတဲ့သူတွေ iPhone မှာပဲ သုံးသုံး iPad မှာပဲ သုံးသုံး သုံးလို့ရအောင် universal application လုပ်ထားတယ်။ iPad အတွက် သီးသန့်ကြီးအနေနဲ့တော့ မရေးရသေးဘူး။ နောက်များမှ ipad အတွက် သီးသန့် design နဲ့ ရေးပေးပါမယ်ဗျာ။ နောက်အပတ်လောက်ဆိုရင်တော့ version 1.4 update လုပ်လို့ရမယ်ထင်တာပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading