Ornagai Grease monkey and phpSDK

မနေ့က ornagai API ကို ကြေငြာခဲ့ပါတယ်။ ornagai API နဲ့ တွဲသုံးဖို့လွယ်အောင် php client library ကိုလည်း ရေးထားပါတယ်။ အဲဒါကိုတော့ http://github.com/saturngod/ornagai-phpSDK အဲမှာ ရယူနိုင်ပါတယ်။ နောက်ပြီး api ကို သုံးပြီး greasemonkey script တစ်ခုရေးထားပါတယ်။ greasemonkey script ကို သွင်းထားရင် စာလုံးကို double click နှိပ်လိုက်ရင် ဖြစ်စေ select မှတ်လိုက်ရင်ဖြစ်စေ api ကနေ တဆင့် ရှာပြီး return ပြန်ပေးပါတယ်။ http://userscripts.org/scripts/show/75285 မှာ ရယူနိုင်ပါတယ်။

Important :: မလိုအပ်လျှင် ornagai greasemonkey script ကိုပိတ်ထားပါ။ jquery 1.4 ကိုသုံးထားတဲ့အတွက်ကြောင့် jquery 1.4 နဲ့ အလုပ်မလုပ်တဲ့ site တွေ ပြဿနာတက်နိုင်ပါတယ်။ ဥပမာ။။ wordpress 2.9.2 admin panel.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.