Ornagai Offical Site

အခုတလော ornaiga offical site နဲ့ အလုပ်များနေတယ် ((http://www.ornagai.com/site/))။ blog တောင်မရေးဖြစ်ဘူး။ ဒီနေ့ English Myanmar Translator အကြောင်း MZ မှာ ဖတ်လိုက်ရတယ် ((http://www.mysteryzillion.org/forums/showthread.php?t=3444)) ။  Beta လို့ဆိုပေမယ့် Alpha အဆင့်လောက်ပဲရှိပါသေးတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပဲဗျ။ တစ်ခုတော့ သဘောကျတယ်။ ဒီတစ်ခေါက် NLP က LGPL ပေးထားတာကိုပဲ ((http://www.myanmarnlp.org.mm/)) ။  database ကို password တွေဘာတွေ မခံပဲ ဖွင့်ပေးထားတာကိုလည်း ကျေးဇူးတင်မိတယ်။ အခုတော့ ornagai အတွက် အဆင်ပြေသွားတာပေါ့။ English To Myanmar 3 သောင်း ကျော်နဲ့ Myanmar To English ၅ သောင်း ကျော် ဖြစ်သွားပါပြီဗျာ((http://www.ornagai.com))။ အားလုံးစစ်ပြီးရင် Dictionary source ကို Excel , CSV နှစ်ခုလုံး ထုတ်ပေးမယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.