ကောင်းရာ သုဂတိလားပါစေ

ဒီနေ့ Keith ရဲ့ သတင်းရဲ့ ကြားပြီး မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ တစ်ပတ်က ဦးဏှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးသွားတယ်လို့ ကြားလိုက်ရတယ်။ ယုံတောင် မယုံနိုင်ဘူး။ ယုံလည်း မယုံချင်တာလည်း ပါတာပေါ့။ Keith ဆိုတာကတော့ အခြားသူတော့ မဟုတ်ပါဘူး။ http://www.thanlwinsoft.org/ ပိုင်ရှင် Keith Stribley ပါ။ သံလွင်soft ကို မသိဘူးဆိုရင်တောင် unicode သုံးနေတဲ့သူတွေအနေနဲ့ အက္ခရာ keyboard ကိုတော့ သိကြမယ်ထင်တယ်။ ဟုတ်ပါတယ်။ အက္ခရာ keyboard ကို ရေးသားခဲ့တဲ့သူပါ။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၇ နှစ်လောက် နေပြီး Myanmar Unicode ကို လုပ်ခဲ့တဲ့သူပါ။ မြန်မာ Unicode နဲ့ ပတ်သက်ပြီး အများကြီး ဆောင်ရွက်ခဲ့တဲ့သူပါ။ မြန်မာ Unicode ကို စ ကတည်းကနေ ပါဝင် ဆောင်ရွက်ခဲ့သူတစ်ယောက် ဖြစ်ပြီး သူလုပ်ခဲ့တဲ့ အရာတွေလည်း အများကြီးပါပဲ။ Open Office မှာလည်း မြန်မာစာ ရအောင် ပါဝင် ဆောင်ရွက်ခဲ့သူတစ်ယောက်ဆိုလည်း အမှန်ပါပဲ။

ဒါ့အပြင် Linux Geek ဖြစ်ပြီး Linux အတွက် မြန်မာ Unicode ကိုလည်း ကောင်းကောင်း support ပေးနေတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူ့ရဲ့ firefox addon , Myanmar Converter Firefox Extension ကို ရေးခဲ့ပါတယ်။ နောက်ပြီး မြန်မာစာ sorting ကိစ္စတွေ spell checking တွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူပါ။ သူ့ကိုတော့ အပြင်မှာ တစ်ခေါက်ပဲ မြင်ဘူးတယ်။ ကိုဝီလျံ ရန်ကုန်ရောက်တဲ့အချိန်တုန်းက ပွဲသွားတက်တုန်းက Myanmar Unicode ကိစ္စတွေ မေးဖြစ်ခဲ့ဘူးတယ်။ KDE အကြောင်းတွေလည်း သူ့ကို မေးခဲ့ဘူးတာလောက်ပဲ ရှိတယ်။ သို့ပေမယ့် ဆုံးသွားတယ် သတင်းကြားရတော့ ရင်ထဲမကောင်းဘူး။ မြန်မာစာအတွက် နှမြောမိတယ်။ Myanmar IT လောကအတွက်လည်း ဆုံးရှုံးမှု တစ်ခုဆိုလည်း မှားမယ် မထင်ပါဘူး။ သို့သော် သေခြင်းတရားက ဘယ်အချိန်မှာ ဘယ်လို ရောက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။

Keith , ကောင်းရာ သုဂတိ လားပါစေဗျာ…

image credit : http://www.flickr.com/photos/26895501@N03/5454974467/

4 responses to “ကောင်းရာ သုဂတိလားပါစေ”

  1. ကိုရဲတို့ BAK မှာ show လုပ်တုံးက တွေ့လိုက်သေးတယ်ဗျ။ လုံးဝကို ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ပါပဲ။ ကောင်းရာသုဂတိလားပါစေဗျား

  2. မြန်မာ IT အတွက် အဆုံးရှုံးကြီးတခု ဖြစ်တာ သူ့ဇနီး မြန်မာ အမျိုးသမီး နှင့်အတူ
    စိတ်မကောင်း ဝမ်းနည်းပါတယ်။

  3. I want to post your news-memory on moemaka.
    I have used his font and technique on my site last time with the help of Wunna Ko Ko.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.