Today Link that I like

ဒီနေ့ ထူးတေဇာ blog မှာ apple အကြောင်း ရေးထားတာတွေ့တယ်။ ကျွန်တော်လည်း အဲဒီ ဘုရားပုံတော်နဲ့ Jony Ive ကိစ္စပါ။ မြန်မာက အချို့ လူတွေတော်တော်များများ Jony Ive ကို designer ပဲသိတယ်။ ဘာ designer မှန်းလဲမသိ။ ပြီးတော့ အလကားနေရင်း Jony Ive ကို အပြစ်ပြောပြန်ကော။ ထူးတေဇာ ပြန်ရှင်းပြထားတာလေး တော်တော်ကောင်းတယ်။ Apple သမား မဟုတ်တဲ့လူတွေက Apple အကြောင်းကို ကောင်းကောင်းသိမှာမဟုတ်ဘူး။ Apple သမားတွေကတော့ သူတို့ apple ရဲ့product ကော Apple က Steve Job အပါအဝင် Apple Designer တွေအားလုံးကို အထင်ကြီး လေးစားပြီး ချစ်ပြီးသားပါ။ ကျွန်တော်လည်း Steve Job ကို သဘောကျတယ်။ Jony Ive ကို လေးစားတယ်။ သူ့ idea တွေက အရမ်းကောင်းတယ်။ ကဲ.. ထူးတေဇာ blog လေးမှာ သွားဖတ်ကြည့်လိုက်ပါ။

Apple never use any rude image for Advertisement

နောက် Link တစ်ခုက OO SE အကြောင်း Edu မှာ လူပျိုကြီး ရေးထားတာပဲ။ လူပျိုကြီး ဆိုတဲ့ အတိုင်း စာရေးတော့ ကောင်းပါရဲ့။ Editing ပြန်လုပ်ရတာ မလွယ်ဘူးရယ်။ သူ့ဆီမှာ ရှိတဲ့ ပညာတွေ အကုန် ရေတံခွန် စီးသလို ရေးချထားတာ။ ၂ ခေါက်လောက် ဖတ်ပြီး မလိုတဲ့ဟာလေးတွေ ဖြုတ်။ စာသားလေး အနည်းငယ်ဆိုရုံလောက်လေး ပြန်ပြင်ပြီး Edu မှာ တင်ထားပေးတယ်။ MZ မှာ ရေးထားပေးတာကို edu မှာ ပြန်တင်လိုက်တာပါ။ UML Intro လေးပြီးမှ နောက်ပိုင်းတွေ ဆက်လို့ရမှာဆိုတော့ အကုန်တော့ မတင်ထားရသေးဘူး။ အားရင်တော့ UML Intro အကြောင်း လူပျိုကြီး ရှင်းထားတာကို သေသေချာချာ ဖတ်ပြီးမှ တင်လိုက်အုံးမယ်။ မဖတ်လို့လည်း မရဘူးရယ်။ သူရေးထားတာတွေက ကိုယ့်အတွက် အကျိုးရှိတာကို။ ဖတ်ရင်းနဲ့ editing လေး ပြန်လုပ်ရတာပေါ့။

Object-Oriented Software Engineering

4 responses to “Today Link that I like”

  1. နေဦး..

    ခု Edu မှာ JAVA ကို Zawgyi 2009 နဲ့ တင်ရမှာလား.. ဘယ်လိုလုပ်ရမတုန်း

    1. PDF နဲ့ တင်လိုက်။ :) ဒါမှမဟုတ် ဇော်ဂျီ ၂၀၀၈ နဲ့ ဆို ပိုအဆင်ပြေတယ်။ ဇော်ဂျီ ၂၀၀၈ မရှိရင် ၂၀၀၉ နဲ့ တင်လည်း ဖြစ်တယ်။ PDF ပါလုပ်ပေးရင်တော့ ပိုအဆင်ပြေတာပေါ့။ :D

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading