Why Twitter bought posterous :: Part 2

အပိုင်း ၁

Brian Frank

လက်ရှိ အခြေအနေ : Mobile Partnership Product Manager at Twitter. “working with OEMs, Operators & Platform providers to build high-quality Twitter experiences.”

အခုမတိုင်ခင် အခြေအနေ : posterous ရဲ့ Chief Product Officer ပါ။ သူဟာ posterous မှာ လက်ရှိ UI design တွေကနေ နောက်ထပ် မျိုးဆက်သစ် ပုံစံ ပြောင်းလဲခဲ့ရာမှာပါဝင်ခဲ့ပါတယ်။ engineer တွေ နဲ့ UX Designer တွေကြားမှာ အကောင်းဆုံး စုပေါင်းလုပ်ဆောင်နိုင်အောင် စွမ်းဆောင်နိုင်ရုံသာမက user analytics ပိုင်းတွေ အထိ ပါဝင်ဆောင်ခဲ့ပါတယ်။ သူဟာ BA ဘွဲ့ ၂ ခု ရခဲ့ပါတယ်။ Science and Tech studies နဲ့ Computer Science တို့ပါ။ Posterous မတိုင်ခင်မှာတော့ Adobe, Intel, Microsoft, နဲ့ Palm တို့မှာ အလုပ်လုပ်ခဲ့ပါတယ်။ location base service တစ်ခုဖြစ်တဲ့ LiveColony ကိုလည်း တည်ထောင်ခဲ့ဖူးပါတယ်။

သူဘာတွေ ဝါသနာပါသလဲ : သူဟာ linkedin မှာ Product Manager, an entrepreneur, a human-computer interaction specialist, စတဲ့ အတွေ့အကြုံရှိတဲ့ သူလို့ ဆိုထားပါတယ် ((http://www.linkedin.com/profile/view?id=118605)) ။ သူ့အကြောင်းကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။

Twitter က ဘာကြောင့် လိုချင်ရတာလဲ : သူဟာ လက်ရှိ Twitter မှာ OEMs and platform providers လုပ်နေတယ်လို့ ဆိုထားပါတယ်။ သူ့ အတွေ့အကြုံရှိတဲ့ human-computer interface expertise ဖြစ်တာကြောင့် ဖြစ်ပါလိမ့်မယ်။ ဖြစ်နိုင်တာကတော့ Twitter နဲ့ Apple ပေါင်းစပ်မှုပိုင်းတွေမှာ UX Design အတွက်ကြောင့်လို့ ဆိုရပါလိမ့်မယ်။ တခြား အကြောင်းအရာတွေလည်း ရှိနိုင်ပါသေးတယ်။

Adam Huda

လက်ရှိ အခြေအနေ : iOS Engineer at Twitter ((http://www.linkedin.com/in/thinktopdown))

အခုမတိုင်ခင် အခြေအနေ : Director of mobile engineering at Posterous. Mobile ပိုင်းမှာ အဓိကျတဲ့ သူတစ်ယောက်ပါ။ သူဟာ iOS Development Team နဲ့ Android Development Team ကို ဦးဆောင်ခဲ့သူပါ။ အဲဒီ မတိုင်ခင်က သူဟာ uApp , Think Top Down တို့မှာ CEO လုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် iOS 2.0 တည်ဆောက်စဉ်က သူဟာ တာဝန်ရှိပြီး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။ OS X 10.5 Leopard တည်ဆောက်တုန်းက Core Build Technologies ပိုင်းမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ သူဟာ MS နဲ့ BS ကို Computer Science from University of California, Santa Barbara ကနေ ရရှိခဲ့ပါတယ်။

သူဘာတွေ ဝါသနာပါလဲ : သူ့ blog အရတော့ သူဟာ သိပ္ပံ နဲ့ နည်းပညာပိုင်းတွေ ဝါသနာပါတယ်လို့ ဆိုနိုင်ပါတယ်။

Twitter က ဘာကြောင့် လိုချင်ရတာလဲ : သူဟာ Apple မှာ အလုပ်လုပ်ခဲ့ဖူးပြီးတော့ OS X နဲ့ iOS တို့မှာ အဓိကကျတဲ့ အခန်းကဏ္ဍ မှာ ပါဝင်ခဲ့ပါတယ်။ နောက်ပြီး posterous မှာ mobile နဲ့ ပတ်သက်ပြီးတော့လည်း အရေးပါတဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ Twitter က iOS နဲ့ အပြည့်အဝ ပေါင်းစပ်ဖို့ ကြံဆောင်နေတယ်ဆိုတာကို တွေ့နိုင်ပါလိမ့်မယ်။

1 Comment

  1. That is really nice trick on technology model business.
    Howdy cool for us to know the insight.
    Thanks

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.