WWDC sold out within 12 hour

မနေ့ညက ၁ နာရီလောက်မှာ WWDC က June ၆ ရက်နေ့ဆိုပြီး mail ရောက်လာတယ်။ ဈေးနှုန်းက $1599 ။ ရုံးက ပြင်သစ် ကတော့ သွားမယ်ဆိုပြီး ရုံးကိုတော့ ခွင့်တောင်းထားပေမယ့် ရုံးက မဆုံးဖြတ်ရသေးဘူး။ ဒီလိုနဲ့ မနက် ရုံးတက်တော့ WWDC က June ၆ ရက်နေ့နော် လို့ ပြောပြီး Google Reader ကနေ သတင်းဖတ်လိုက်တော့ လက်မှတ်ကုန်သွားပါပြီတဲ့။ ၁၂ နာရီ အတွင်း လက်မှတ် အကုန် ရောင်းကုန်သွားပါပြီတဲ့ဗျာ။ ရုံးက တစ်ယောက်တော့ ဒီနှစ် WWDC လွတ်သွားပြီ။

WWDC ကို ၆ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ ၅ ရက်လုံးလုံး ကျင်းပပါမယ်။ ဘာတွေ ထူးမလဲတော့ မသိသေးဘူး။ iOS 5 ထွက်မယ်လို့ ပြောနေကြသလို Lion ကိုလည်း ကြေငြာမယ်လို့ ကြားနေရတယ်။ iOS 5 မှာ ဘာတွေ ပိုထူးလာမလဲ ? iPhone 5 တော့ မထွက်ဖြစ်ဘူးလို့လည်း ဆိုနေကြတယ်။ Live ပြရင်တော့ steve job ရဲ့ keynote ကိုတော့ ကြည့်ခွင့်ရမှာပါ။ မနှစ်က WWDC ပွဲက keynote တွေကို iTune ကနေ download ချခွင့်ပေးတော့ တော်တော်များများ ကြည့်ခွင့်ရလိုက်တယ်။ ဒီနှစ်လည်း အဲလိုမျိုးပေးရင်တော့ တော်တော်မိုက်မှာလို့ တွေးရင်းနဲ့…

1 Comment

  1. အမှီ says:

    အမှီရေးတာပဲ အကိုက

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.