WWDC sold out within 12 hour

မနေ့ညက ၁ နာရီလောက်မှာ WWDC က June ၆ ရက်နေ့ဆိုပြီး mail ရောက်လာတယ်။ ဈေးနှုန်းက $1599 ။ ရုံးက ပြင်သစ် ကတော့ သွားမယ်ဆိုပြီး ရုံးကိုတော့ ခွင့်တောင်းထားပေမယ့် ရုံးက မဆုံးဖြတ်ရသေးဘူး။ ဒီလိုနဲ့ မနက် ရုံးတက်တော့ WWDC က June ၆ ရက်နေ့နော် လို့ ပြောပြီး Google Reader ကနေ သတင်းဖတ်လိုက်တော့ လက်မှတ်ကုန်သွားပါပြီတဲ့။ ၁၂ နာရီ အတွင်း လက်မှတ် အကုန် ရောင်းကုန်သွားပါပြီတဲ့ဗျာ။ ရုံးက တစ်ယောက်တော့ ဒီနှစ် WWDC လွတ်သွားပြီ။

WWDC ကို ၆ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ ၅ ရက်လုံးလုံး ကျင်းပပါမယ်။ ဘာတွေ ထူးမလဲတော့ မသိသေးဘူး။ iOS 5 ထွက်မယ်လို့ ပြောနေကြသလို Lion ကိုလည်း ကြေငြာမယ်လို့ ကြားနေရတယ်။ iOS 5 မှာ ဘာတွေ ပိုထူးလာမလဲ ? iPhone 5 တော့ မထွက်ဖြစ်ဘူးလို့လည်း ဆိုနေကြတယ်။ Live ပြရင်တော့ steve job ရဲ့ keynote ကိုတော့ ကြည့်ခွင့်ရမှာပါ။ မနှစ်က WWDC ပွဲက keynote တွေကို iTune ကနေ download ချခွင့်ပေးတော့ တော်တော်များများ ကြည့်ခွင့်ရလိုက်တယ်။ ဒီနှစ်လည်း အဲလိုမျိုးပေးရင်တော့ တော်တော်မိုက်မှာလို့ တွေးရင်းနဲ့…

One response to “WWDC sold out within 12 hour”

  1. အမှီရေးတာပဲ အကိုက

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading