XCode 4 have a problem with template

XCode 4 မှာ template system က directory နေရာပြောင်းသွားသလို template system ကလည်း ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် cocos2d , phonegap စတဲ့ template base framework တွေ အနေနဲ့ XCode 4 ကို သုံးလို့ရအုံးမှာ မဟုတ်သေးပါဘူး။ Cocos2d ကတော့ XCode 4 တရားဝင် ထွက်မှ သူတို့လည်း ထုတ်မယ်လို့ ဆိုပါတယ်။ သို့ပေမယ့် Phonegap ကတော့ ဘယ်လိုမျိုး ပြောင်းလဲပြီး အသုံးပြုနိုင်တယ်ဆိုတာကိုတော့ ဒီမှာ ရေးထားပါတယ်။ Cocos2d သမားတွေ အနေနဲ့ Xcode 4 နဲ့ကတော့ ကသိကအောက် ဖြစ်စရာပါပဲ။ ဒီနေ့ည ပွဲမှာ XCode 4 တော့ မထွက်လောက် သေးဘူးထင်တာပဲ။ ထွက်သင့်နေပြီ။ iPad 2 သာ ဒီည ထွက်မယ်ဆိုရင်တော့ XCode 4 လည်း မနက်ဖြန် မနက်လောက် download ဆွဲလို့ရမှာ သေချာပါတယ်။ ဒါဆိုရင် cocos2d လည်း update version လိုက်ထုတ်ပေးမယ်လို့ မျှော်လင့်ရတာပဲ။

2 responses to “XCode 4 have a problem with template”

  1. Window 7 မှာ class not registered error ပေါ်ပြီး JPEG ဖိုင်တွေကိုဖွင့်လို့မရတော့ပါ..
    ထို့အပြင် window installer service could not accessed error ပါပြနေပါတယ် ..
    အဲဒါ virus ထိသွားတယ်လို့ထင်ပါတယ် … system restore လဲမရတော့ပါဘူး..
    အဲဒါတွေကိုဘယ်လိုဖြေရှင်းလို့ရမလဲသိချင်ပါတယ်

    how can i fix that virus ….

    1. please ask in http://www.mysteryzillion.org because I’m too far away from windows

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading