မနက်က မိုးစက် Zawgyi Keyboard fixed လုပ်ပြီးသွားပြီဆိုလို့ cydia.macforus.com ကို clean လုပ်ပြီး တင်လိုက်ပါတယ်။
အရင်ဆုံး Cydia > Changes > Refresh လုပ်ပြီး Upgrade လုပ်လို့ရတဲ့ Package အားလုံးကို upgrade အရင်လုပ်ထားပါ။
ပြီးရင်
Cydia > Source > Edit > Add > http://cydia.macforus.com ကိုထည့်လိုက်ပါ။
ပြီးရင် ခဏစောင့်ပါ။ loading မြန်သွားအောင် မသုံးတော့တဲ့ Package တွေ အားလုံးကို ရှင်းထားလိုက်ပါတယ်။
ပြီးရင် Done နှိပ် ပါ။
ပြီးရင် Mac For Us Repo ကို နှိပ်ပါ။ List တွေ ပေါ်လာပါမယ်။
ပြီးရင်
၁။ Zawgyi Font iOS 4.3 ကို အရင်သွင်းပါ။ Deb ကို download ချချင်သူတွေကတော့ http://cydia.macforus.com/deb/zawgyi-iOS43-font.deb ကို download ချနိုင်ပါတယ်။
၂။ MMKeyboard for iOS5+ ကို သွင်းပါ။ သွင်းပြီးရင် Restart Springboard ပေါ်လာပါမယ်။ နှိပ်လိုက်ပါ။ http://cydia.macforus.com/deb/wootylab-mmkeyboard_1.1-1_iphoneos-arm.deb က deb link ပါ။
lock screen ကို ပြန်ရောက်သွားပါမယ်။ Setting > General > Keyboard > International Keyboards > Add New Keyboard > Czech ကို နှိပ်ပါ။
စတင်ပြီး အသုံးပြုနိုင်ပါပြီ။
keyboard ရဲ့ ဘယ်ဘက် အောက်မှာ ကမ္ဘာလုံး ပုံလေးရှိပါတယ်။ အဲဒါလေးကို နှိပ်ပြီး ဇော်ဂျီ မြန်မာစာ ပြောင်းပြီး ရီုက်နိုင်ပါတယ်။
iPad 1 , new iPad တွင် စမ်းသပ်ပြီး။
FAQ
၁။ Czech keyboard က English စာ keyboard ပဲ ပေါ်နေတယ်။ မြန်မာလို ရိုက်လို့ မရဘူး။
Czech keyboard ပျက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အခြား Czech keyboard ကို သုံးထားတဲ့ keyboard တစ်ခု သွင်းထားတာကြောင့် မရတာလည်း ဖြစ်နိုင်ပါတယ်။ iOS 5.1.1 (9B206) ကို ပြန် restore လုပ်ပြီး jailbreak ပြန်လုပ်။ ပြန်သွင်းရင် အဆင်ပြေပါလိမ့်မယ်။
၂။ Repo Not Found ပြနေတယ်။
Browser ကနေ http://cydia.macforus.com ကို ခေါ်လို့ရတယ်ဆိုရင်တော့ Connection ကြောင့် ဖြစ်ပါလိမ့်မယ်။ connection ကောင်းရင် ပြန်စမ်းကြည့်ပါ။
၃။ Size Mismatch Error ဖြစ်နေတယ်။
လက်ရှိ source ထဲမှာရှိတဲ့ cydia.macforus.com ကို ပြန်ဖျက်ပြီး ပြန်ထည့်လိုက်ပါ။
၄။ font သွင်းတဲ့ အခါမှာ System In Use Error တက်နေတယ်။
လက်ရှိ ဖွင့်ထားတဲ့ App တွေ ( Home Button ကို double နှိပ်လိုက်ရင် မြင်ရတဲ့ App ) ကို အကုန် ပိတ်လိုက်ပြီး ပြန်သွင်းကြည့်ပါ။
Leave a Reply