မတူညီခြင်း

ရှေ့ရပ်နေထွက်ပြီး…
နောက်အရပ်က နေဝင်တာ…
အနောက်အရပ် အသုံးမကျလို့လား..

ဓူဝံကြယ် မြောက်ဘက်မှာ ရှိတာ ဘက်လိုက်ခြင်းလား…
သောကြာကြယ် ထူးခြားနေတာ….
သူ အစွမ်းထက်လို့များလား..

ညဘက်မှ လထွက်သာ
လက နေမင်းကို ကြောက်လို့များလား..

တိမ်တွေဖုံးလို့ ကြယ်တွေပျောက်….
ကြယ်တွေ ကြောက်လို့များလား…

အကြောင်းကြောင့် အကျိုးတွေ ဖြစ်နေတာ…
မတူညီတာ မတူညီတာပဲ…

နေမင်းက လရဲ့ ခံစားချက်ကို ခံစားပေးလို့မရဘူး..
လကလည်း နေမင်းရဲ့ ဘဝကို နားလည် မပေးချင်ဘူး..
နေမင်းက သူ့ အလင်းရောင်နဲ့ မာန်တက်တယ်..
လမင်းကလည်း သူ့အလင်းရောင်နဲ့ မာန်တက်တယ်..
လမင်း အလင်းနဲ့ နေမင်း အလင်း…
နေမင်းဘဝ နဲ့ လမင်းဘဝ မတူညီဘူး..

သူညံ့တာ သူအသုံးမကျလို့တဲ့လား…
သူဒီလို စဉ်းစားတာ.. သူဦးဏှောက်မရှိလို့တဲ့လား…

ငါဒီလို ဖြစ်နေတာ ငါတော်လို့တဲ့လား..
ငါဒီလိုရောက်လာ ငါကြိုးစားလို့တဲ့လား…

သူဒီလို အောင်မြင်တာ….
သူမကောင်းတာ လုပ်လို့တဲ့လား….

သူဒီလိုရောက်သွားတာ…
သူမဟုတ်တာလုပ်လို့တဲ့လား…

ဟိုအဖွဲ့တွေ အလုပ်မလုပ်တာကြောင့် ဒီလိုဖြစ်ရတာလား…
ငါတို့အဖွဲ့တွေ ဒီလိုလုပ်လို့ ဒီလိုအောင်မြင်တာတဲ့လား…

သူတို့ အဖွဲ့တွေ ဒီလိုအောင်မြင်တာ…
ငါတို့ကို ချောက်ချလို့တဲ့လား..

သူတို့ ဆင်းရဲတာ ပညာမတတ်လို့တဲ့လား…
သူတို့ တောင်းစားနေတာ… သူတို့ ညံ့လို့တဲ့လား…

သူတို့တွေ ချမ်းသာနေတာ….
ကံကောင်းလို့တဲ့လား…

ဓူဝံကြယ်… ဘာလို့ မြောက်ဘက်မှာ ရှိရတာလဲ…
သံလိုက်အိမ်မြှောင် မြောက်ဘက်ကို ညွှန်တာ…
ဘက်လိုက်မှုတစ်ခုလား…

ငါ့အတွက်တော့ အကြောင်းက အကျိုးပဲ…
အကျိုးကလည်း အကြောင်းတရားပဲ…
မတူညီတာကို မတူညီဘူးလို့ လက်ခံရမှာပဲ..
ဓူဝံကြယ်ကို မြောက်ဘက်ရွှေ့ဖို့ ငါမတွေးဘူးဖူး…
သောကြာကြယ် မှေးမှိန်အောင် လုပ်ပမယ်လို့
ငါမကြုံးဝါးဘူး…

သူ့ ကျိုးကြောင်းနဲ့ သူဖြစ်နေတာ…
ငါလိုအပ်နေတာ…
မြင်တတ်ဖို့ပါ…

11 Comments

  1. Nandar says:

    မူးတော့သွားတယ်….နားလည်လိုက်တာကတော့ အကြောင်းအကျိုးပဲ… :P

    1. saturngod says:

      ကျွန်တော်လည်း ကိုယ့်ဘာသာ ကိုယ်ရေးပြီး ပြန်ဖတ်မိလိုက်တာ.. မူးသွားတယ်.. :D

  2. ရဲမြတ်သူ says:

    ဘဝ ဆိုတာကံစီမံသလိုဖြစ်တယ်ဆိုတာ အတိုင်းအတာတခုအထိဟုတ်ပါတယ် မေ့နေကြတာက အဲဒီကံကို ကိုယ်စီမံနေရတာဆိုတာကိုပါဘဲ။ ရုပ်တစ်ခုဖြစ်လာရင် ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်ခေါ်တယ် သူလိုဘဲ ပတ်ဝန်းကျင် ရိုက်ခတ်မှု့ကြောင့်ဖြစ်တဲ့ ဥတုဇရုပ် သူစားသောက်သုံးစွဲတဲ့ အဟာရဇရုပ်တွေလဲဖြစ်တယ်။ ဆိုလိုတာက နှာစီးတာ ရှေးကံကြောင့်မဟုတ်ဘူး ကိုယ်စာကိုယ်မိုးမိလို့ ဝမ်းလျောတာလဲရှေးကံမဟုတ်ဘူး ကံကြောင့်လို့တော့ပြော ရပါတယ် အခုခေတ်ကံပေါ့။ ဒီလိုဘဲ ကိုယ်ကြိုးစားတာ၊ သိတတ်မြင်တတ်တာ၊ နေတတ်ထိုင်တတ်တာ၊ တတ်ထားတာတွေဟာလဲ ရှေ့လာမဲ့ ကိုယ်ဘဝရဲ့ကံတွေဘဲလေ။ သို့သော်ကိုယ်ဘာကိုလိုချင်ဖြစ်ချင်လဲ အတွက် ဘာလုပ်ရင် ဘာဖြစ်မလဲသိဖို့ ပညာတော့လိုတယ်။ ချမ်းသာမှု့ကိုပေးတာ လောဘမဟုတ်ဘူး သူများကို ချမ်းသာစေချင်တဲ့ အလောဘ၊ ကိုယ်ဖန်တီးတဲ့စိတ်ဆိုတာ ကိုယ့်ကို သက်ရောက်တာတွေ ကို ကိုယ်ခံယူချက်တွေ၊ သက်ရောက်မှု့တူတူမှာ ကိုယ့်ထက်သာသူ ကို တွေ့လို့ မနာလိုရင် သူအကုသိုလ်ကို ဖမ်းဆုတ်လိုက်တာ မုဒိတာဖြစ်ရင် သူကုသိုလ်ကို ဖမ်းဆုတ်လိုက်တာ သူသဘောသူဆောင်တာ မြင်တတ်ရင် ပညာကိုဖမ်းဆုတ်လိုက်တာ။ သူကနေ ကိုယ့်ကို ကောင်းအောင်ဆိုးအောင်လုပ်တာမရှိဘူး ကိုယ်စိတ်၊ ခံယူချက် ၊ ဖန်တီးချက်တွေက ကိုယ် ကံကို ဖန်တီးနေကြတာ။ သတိပြုမိဖို့တော့လိုတယ်။ နားလည်နိုင်တဲ့ပညာလဲလိုတယ်။

  3. exiter says:

    အော် ကြောင်းကျိုး ကျိုးကြောင်း … :D

  4. Cyborggirl Lay says:

    ကံ=ကမ္မ
    ကံ= အလုပ်

  5. devtech says:

    ကံရဲ.ထက်ဝက် ကို ဝီရိယက ပိုင်တယ်လို.တော. သိထားတယ်…

  6. Putu says:

    ကျွန်တော့်အယူအဆကတော့ ဘာမှ မလုပ်ရင် ဘာမှမဖြစ်ဘူးပဲ။ :)

  7. “” ဓူဝံကြယ်ကို မြောက်ဘက်ရွှေ့ဖို့ ငါမတွေးဘူးဖူး…
    သောကြာကြယ် မှေးမှိန်အောင် လုပ်ပမယ်လို့
    ငါမကြုံးဝါးဘူး… “”

    အဲဒီ့မှာ ဓူဝံကြယ်ကို တောင်ဘက်ရွှေ့ဖို့လို့ပြောရမှာမလား…
    ကျွန်တော်သိပ်နားမလည်ဘူးအစ်ကို…

    1. saturngod says:

      ကျွန်တော် ဆိုလိုချင်တာက အချို့အရာတွေက ပြောင်းလဲဖို့ ခက်ခဲတယ်ဆိုတာ လက်ခံဖို့လိုတယ်။ တစ်ဦးနဲ့ တစ်ဦး ရရှိတဲ့ အခွင့်အရေးတွေ မတူညီကြဘူးဆိုတာ လက်ခံတယ်။ ဘာကြောင့်မတူညီကြလဲဆိုတဲ့ အပိုင်းကတော့ ဗုဒ္ဓဘာသာ တိုင်းသိပါတယ်။ ဒါက ဘာသာရေးပိုင်း ရောက်သွားပြီ။ :D

  8. သဘာဝ တရားတွေက အမှန်တရား အဖြစ် ထာဝရရှိနေမှာပါ။
    လူတွေရဲ့ သတ်မှတ်ထားတဲ့ ထင်မြင်ချက်နဲ့ ဆိုင်မယ် ထင်ပါတယ်နော်။

  9. Jewel says:

    အဲဒါ ဘာသာရေးနဲ့ ဆိုင်သွားပြီနော် နဂိုကတည်းက ကျတော်တို့ရဲ့ ဗုဒ္ဒမြတ်စွာဘုရားက ဆန့်ကျင်ဘက်အရာတွေကို ဆန်းကျင်ဘက်အရပ်မှာ ရှိစေဖို့ ဖန်တီးပေးခဲ့လို့ပါ ( ဥပမာ – အဖြူ အမည်း၊ အလင်း အမှောင်တွေပေါ့)

Leave a Reply to Nandar Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.