Last 9 years

လွန်ခဲ့တဲ့ ၉ နှစ် နိုင်ဝင်ဘာလ ၈ ရက်က blogspot ကနေ ပြီးတော့ blog တစ်ခု ကို စပြီးရေးဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ facebook လည်း မရှိသလို လူတွေလည်း blog စ ပြီး မရေးကြသေးဘူး။ အဲဒီအချိန်က ကိုညီလင်းဆက်တို့ ကိုမောင်လှ တို့ blog ကို ဖတ်ပြီးတော့ blog တစ်ခု စဖြစ်ခဲ့တယ် ဆိုရမယ်။ ကိုညီလင်းဆက် နဲ့ ကိုမောင်လှ ကျေးဇူးကြောင့် မြန်မာစာနဲ့ blog ရေးနည်းကို စပြီး သိခဲ့တယ် ဆိုရမယ်။ အခုအချိန်မှာတော့ မြန်မာလို ရေးတာဟာ ထူးထူးဆန်းဆန်း မဟုတ်တော့ပေမယ့် အဲဒီ အချိန်တုန်းက browser ပေါ်မှာ မြန်မာစာ ကော English စာကော ပေါ်လာအောင် ဖတ်လို့ ရအောင် လုပ်ဖို့ ဆိုတာ သိပ်လွယ်လှတယ် မဟုတ်ဘူး။ နောက်ပြီး ဘာမှ မသိသေးတာကြောင့်လည်း ပါတာပေါ့။

Forum ကာလ

လွန်ခဲ့တဲ့ ၉ နှစ် ၂၀၀၆ တုန်းက blog တွေ ထက်စာရင် forum ကို အသုံးများကြတယ်။ forum တွေလည်း များများ စားစား မရှိသလို မြန်မာနိုင်ငံကနေ web hosting တွေကို manage လုပ်ရတာ မလွယ်ဘူး။ SSH က ပိတ်ထားသလို SFTP လည်း မရ။ FTP လည်း တစ်ခါတစ်လေ မရတာတွေ ရှိတယ်။ အများအားဖြင့် planet forum ကို အသုံးပြုကြပြီးတော့ forum သုံးတဲ့ လူတိုင်းက မြန်မာ unicode ထက် စာရင် ဇော်ဂျီကို ပိုပြီး ရင်းနှီးလာတဲ့ အချိန်ပေါ့။ အဲဒီ အချိန်တုန်းက Unicode ကလည်း stable မဖြစ်သေးသလို ရိုက်လို့ မရတဲ့ စာတွေ ရှိတဲ့ အချိန်။ နောက်ပြီးတော့ planet forum က ဆင်ဆာနဲ့။ real time ဖတ်လို့ မရဘူး။ post တစ်ခု တင်ပြီးရင် ပေါ်လာဖို့ ၁ ရက် ၂ ရက်လောက် စောင့်ရတယ်။ နိုင်ငံရေးအကြောင်း ပေါ်လို့ မရတဲ့ အချိန်ပေါ့။ နောက်ပြီး အမြဲတန်း forum မှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ရန်ဖြစ်ကြတယ်။ သို့ပေမယ့် တော်တော်များများက အပြုသဘောမျိုးနဲ့ ဖြစ်ပြီး ဗဟုသုတ အတော်လေးကို ရ တဲ့ စာတွေ ကျမ်းတွေ အကြောင်း ကောင်းကောင်းလေးကို ဖတ်ဖြစ်လိုက်တဲ့ အချိန်တွေပေါ့။

Dial-up

အဲဒီတုန်းက ရန်ကုန်မှာ လူတော်တော်များများက dial-up ကို အသုံးပြုကြတယ်။ dial-up ဆိုတာက ဖုန်း လိုင်း ကနေ တဆင့် modern ခံပြီးတော့ computer ကနေ internet ကို အသုံးပြုတာပါ။ အမှန်ဆုံး နှုန်းကတော့ 56 kbit/s ပဲ ရှိပါတယ်။ အခုခေတ် ရန်ကုန်မှာ အသုံးပြုနေတဲ့ 3G network လောက်တောင် မမြန်လှဘူး။ Bagan ကနေ ရောင်းတဲ့ dial up toup ကဒ်လေး ကို ဝယ်ဝယ်ပြီးတော့ internet အသုံးပြုရတယ်။ ဈေးနှုန်းတွေက ၃၀၀၀ ၊ ၅၀၀၀ လောက် ပေးရတယ်ထင်တယ်။ အထဲမှာ username နဲ့ password ပါတယ်။ dial-up ကို အသုံးပြုရင် username နဲ့ password ထည့်ပြီးတော့ ချိတ်ရတယ်။ ၅၀၀၀ တန်က ၈ နာရီပဲ သုံးလို့ ရတယ်။ interenet ချိတ်ထားပြီးတော့ လိုင်း မကောင်းရင် နာရီနဲ့ ပေးရတဲ့ အတွက် အလကား ပိုက်ဆံ ကုန်ရတယ်။

Web blog, we unite

1 September 2007 , ကျွန်တော် blog ရေးပြီး ၁ နှစ်လောက် အကြာမှာတော့ မြန်မာ blog လေးတွေ တော်တော်ပေါ်လာပြီ။ Blogger တွေ စုစည်းပြီးတော့ MICT Park ထဲမှာ seminar လုပ်ခဲ့ကြတယ်။ အဲဒီပွဲလေး လုပ်ဖို့ ကျွန်တော်တို့တွေ ကိုဘလာခေါက် နဲ့ မဘာညာ တို့ ရုံးကို ခဏခဏ သွားပြီးတော့ meeting လုပ်ဖြစ်ခဲ့ကြတယ်။ blog ပွဲလေးလုပ်မယ်ဆိုပြီး ရင်းနှီးခဲ့တဲ့ လူတွေက ကိုညီလင်းဆက် ၊ ကိုဘလာခေါက် ၊ မဘာညာ ၊ ကိုနေဘုန်းလတ် ၊ ကိုမျက်လုံး ၊ မပင့် ၊ ထူးတေဇာ တို့ပဲ။ စာမေးပွဲက စက်တင်လာ ၃ ရက်နေ့မှာ ဖြေရမှာ သို့ပေမယ့် blog ပွဲလေးအတွက် အလုပ်တွေ ရှုပ်ခဲ့ကြတာကို မှတ်မိသေးတယ်။ ဘဝမှာ အမှတ်တရ တစ်ခုပါပဲ။

ခြေရာများ

နိုင်ဝင်ဘာလ ၈ ရက် ၂၀၀၆ မှာ blogspot ကနေ စပြီးတော့ blog တွေ ရေးဖြစ်ခဲ့တယ်။ အသက် ၁၉ နှစ် အရွယ် လူငယ်တစ်ယောက်ရဲ့ သွေးဆူမှုတွေ စိတ်ထင်တာတွေ လုပ်တတ်တဲ့ အကျင့်တွေက ကျွန်တော့် blog ပေါ်မှာ ခြေရာလို ထင်ကျန်ခဲ့တယ်။ blog က posts တွေက အသက်ကြီးလာတာနဲ့ အမျှ စာတွေဟာ နှေးကွေးလေးလံလာတယ်။ အခုအချိန်မှာတော့ post တစ်ခုခု ရေးဖို့ အတော်လေးကို စဉ်းစားရတယ်။ ပစ္စည်း တစ်ခုခု ကို review ဒါမှမဟုတ် app တစ်ခုခု ထွက်မှသာ စာရေးဖြစ်တတ်တဲ့ ပုံ ဖြစ်လာတယ်။ ငယ်တုန်းကတော့ နေ့စဉ် ပြဿနာတွေ ဒေါသတွေ မကျေနပ်တာတွေ အကုန်လုံးက blog ပေါ်မှာ post တွေ အဖြစ် အသက်ဝင်ခဲ့ဖူးပါတယ်။ လုပ်ချင်တာတွေ အကုန်လုံးကို လုပ်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ လုပ်ခဲ့ဖူးတယ်။ တက္ကသိုလ်ကျောင်းသား တစ်ယောက်ရဲ့ လွတ်လပ်မှုတွေ ဖန်တီးမှုတွေဟာ blog ရဲ့ post တွေမှာ အထင်းသား ပြန်လည် မြင်တွေ့နေရတုန်းပဲ။ အဲဒီအချိန်တုန်းဟာ အနာဂတ် ကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အချိန် အခုအချိန်မှာတော့ အတိတ်အကြောင်းလေးတွေ ပြန်ပြန်တွေးမိနေတဲ့ အသက်အရွယ် တဖြည်းဖြည်း ရောက်ခဲ့ပါပြီ။

စာရေးခြင်း

Blog ရေးခြင်းဟာ ဘဝမှာ စာရေးခြင်းဆိုတဲ့ ဝါသနာ တစ်ခုကို မွေးဖွားပေးခဲ့တယ်။ Blog ရေးပြီးတော့ Making Blog ဆိုတဲ့ blog လုပ်နည်း စာအုပ်လေး ကို စရေးပြီးနောက်ပိုင်း စာအုပ် အချို့ကို ရေးခဲ့ဖြစ်ခဲ့တယ်။ books.saturngod.net မှာ ရေးထားခဲ့ဖူးတဲ့ စာအုပ်တွေနဲ့ လက်ရှိရေးနေတဲ့ Programming Basic ဆိုတဲ့ စာအုပ်လေးပါတင်ထားပါတယ်။ blog မှာ post အသစ်တွေ မတင်ဖြစ်တော့ပေမယ့် စာအုပ်ကိုတော့ တဖြည်းဖြည်းနဲ့ ရေးဖြစ်အောင် ကြိုးစားဖြစ်တယ်။ လွန်ခဲ့တဲ့ ၉ နှစ်က စဖြစ်ခဲ့တဲ့ စာရေးခြင်းဆိုတဲ့ မျိုးစေ့လေးဟာ အခုအချိန်ထိ ရှင်သန်နေဆဲပဲ ဆိုတာကို စဉ်းစားကြည့်လိုက်ရင်တော့ ကြည်နူးမှုလေးတော့ ထင်ကျန်ခဲ့ပါတယ်။

စာဖတ်ခြင်း

2007 လောက်မှာ blog တွေ အားကောင်းလာတာနဲ့ အမျှ စာဖတ်ခြင်းတွေဟာ လည်း အားကောင်းလာတယ်။ စာရှည်ရှည်တွေ မဖတ်ချင်တဲ့ ကျွန်တော်ဟာ blog တွေကို လိုက်ဖတ်ရင်းနဲ့ စာရှည်ရှည်တွေ ဖတ်ရဲလာတယ်။ ဖတ်တတ်လာတယ်။ စာဖတ်ရင်း နဲ့ စဉ်းစားတတ်လာတယ်။ blog တွေမှာ ကိုးကားထားတဲ့ စာအုပ်တွေကို ပြန်ပြီး ရှာဖတ်ဖြစ်လာတယ်။ စာဖတ်ခြင်းကို အရသာတွေ့လာခဲ့တယ်။ မနိုင်းနိုင်း ၊ ကို ညီလင်းဆက် တို့ blog post တွေဟာ အဲဒီတုန်းက လွတ်သွားလို့ မဖြစ်တဲ့ blog post တွေပါပဲ။ blog တော်တော်များများကို Google Reader ကနေ တဆင့် အမြဲတန်း ဖတ်ဖြစ်ခဲ့တဲ့ အချိန်တွေပေါ့။ Twitter တို့ facebook တို့မှာလို စာတိုတိုလေးတွေ မဟုတ်ပဲ post တစ်ခု အတွက် စာအရှည်ကြီးတွေ ရေးကြသလို အချို့ post တွေဟာ ရှည်လွန်းလို့ အပိုင်းပိုင်းလေးတွေခွဲပြီး ရေးကြတာတွေ ရှိတယ်။ အဲဒီ အပိုင်းလေးတွေကို စောင့်ဖတ်ရခဲ့တဲ့ အချိန်တွေဟာလည်း ရှိခဲ့ပါတယ်။ Facebook ပေါ်လာပြီးနောက်ပိုင်း blog တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်ကုန်တယ်။ Google Reader ကလည်း google က ဖျက်သိမ်းလိုက်တယ်။ ကျွန်တော်လည်း post တော်တော်များများ ဖတ်ဖြစ်တာထက် စာအုပ်တွေကိုသာ ပိုဖတ်ဖြစ်လာခဲ့တယ်။

Blog သက်တမ်းဟာ ၉ နှစ် ရှိသွားခဲ့ပါပြီ။ Blogspot , drupal , wordpress အဆင့်ဆင့် blog engine အဆင့်ဆင့် ပြောင်းခဲ့ပါတယ်။ wintersmith ကို ပြောင်းချင်ပေမယ့် comment တွေ ပျောက်မှာ စိုးတာကြောင့် wordpress အနေနဲ့ပဲ ဆက်ထားဖြစ်နေသေးပါတယ်။ နောက်ပြီးတော့ blog ပေါ်မှာ စာတွေ ဆက်ရေးနိုင်ဖို့ မျှော်လင့်ပါတယ်။

3 Comments

  1. pa bik says:

    အစ်ကို့ ရဲ့ blog ကို ခုချိန်ထိ အမြဲဖတ်နေဆဲပါ။ အရမ်းကို တန်ဖိုးရှိပါတယ်။ google reader မရှိတော့ပေမယ့် digg/reader နဲ့အမြဲဖတ်ပါတယ်။ ဆက်လက်ပြီး ပြည်မာပြည်သားများအတွက် နည်းပညာလောကမှာ အမြဲရပ်တည်ပေးနိုင်ပါစေ။

  2. ငနုချောင်းသား says:

    ကိုစေတန်ဘလော့ကို ၂၀၀၉ ၂၀၁၀မှာ နေ့စဉ်နီးပါး ဝင်ဖတ်တယ်။ အတော်စိတ်ချမ်းသာခဲ့ရတယ်။
    ၂၀၁၁မှာ အဝင်နည်းလာတယ်။ ၂၀၁၂မှာ ကြိုးကြား ကြိုးကြားပဲ ရောက်ဖြစ်တော့တယ်။
    အခုပြန်လာခဲ့ပြီ။ ဖေ့ဘုတ်ကြီးက တကယ်တော့ အံဖတ်တွေက ပိုများတယ်။

  3. nekinging says:

    I miss our old time friend. how are you ?

Leave a Reply to pa bik Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.