Ornagai V3 Source Code

ကျွန်တော် ornagai ကို Angular.JS နဲ့ version 3 ရေးထားပြီးတော့ opensource ချပေးမယ်လို့ ဆိုထားပေမယ့် မအားတာရယ် ထပ်ပြီးတော့ ornagai ကို update မလုပ်ဖြစ်တာရယ်ကြောင့် github မှာ တင်ဖို့ အချိန် မရောက်သွားဘူး။

ဒီနေ့ Wunderlist ကနေ Todos တွေကို ရှင်းရင်း နဲ့ ornagai source code ချပေးဖို့ ထည့်ထားလို့ နောက်ထပ် ရပ် မရွှေ့တော့ပဲ တစ်ခါတည်း Github မှာ တင်ထားပေးပါတယ်။

AngularJS

Javascript framework ကို AngularJS နဲ့ အသုံးပြုထားတယ်။ အဓိကတော့ AngularJS ကို code school ကနေ လေ့လာပြီးတော့ တစ်ခါတည်း တတ်အောင် ဆိုပြီး Ornagai ကို စသုံးဖြစ်ခဲ့တာပါ။ ဘာကြောင့် AngularJS သုံးတယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။

AngularJS ဟာ development ပိုင်းကို အများကြီး မြန်မြန်ဆန်ဆန် နဲ့ ပြီးသွားတာ တော့ အမှန်ပဲ။ Binding တွေက မလိုပေမယ့် ထည့်သုံးထားတော့ တချို့ အပိုင်းတွေကို အများကြီး ရေးစရာ မလိုတော့ဘူး။ hide/show ကိစ္စတွေမှာ variable ကို true/false လေး ပေးလိုက်ရုံပါပဲ။

နောက်ပြီးတော့ selected value ကို ပေးလိုက်တာနဲ့ detail view မှာ တစ်ခါတည်း ပြပေးတယ်။ jQuery နဲ့ဆိုရင်တော့ HTML မှာ တစ်ခုခြင်းဆီ လိုက်ပြီးတော့ ပြောင်းပေးရတာတွေထက်စာရင် အတော်ကို သက်သာသွားပါတယ်။ Comment ပိုင်းမှာ jQuery ထက်စာရင် AngularJS ကို သုံးပြီး ရေးရတာ အတော့်ကို အဆင်ပြေတာ အမှန်ပဲ။

Binding က လိုသလား မလိုသလား ဆိုတာကတော့ Angular JS သုံးရင် တော်တော်ကို စဉ်းစား စရာပါပဲ။ မလိုအပ်ပဲ Binding တွေ များနေရင် website က နှေးသွားတတ်ပါတယ်။ နောက်ပြီးတော့ boradcast တွေကလည်း မလိုအပ်ပဲ သုံးတာများပြန်ရင်လည်း မကောင်းပြန်ဘူး။

Angular JS က ကောင်းပေမယ့် ornagai ကို AngularJS 1.3 နဲ့ ရေးထားပြီးတော့ မကြာခင်မှာ AngularJS 2.0 ထွက်ပါတော့မယ်။ Angular 2 ဟာ Angular 1 ကို support မလုပ်ပေးတဲ့ အပြင် အတော်များများ ပြောင်းသွားတဲ့ အတွက် လက်ရှိ project အတွက်တော့ အခက်တွေ့စေတာ အမှန်ပဲ။ ဆက်ပြီးပဲ AngularJS 1 ကိုပဲ သုံးရမလို ဒါမှမဟုတ် 2 ကိုပဲ လေ့လာရမလိုနဲ့ ဝေခွဲ ရခက်တယ်။

AngularJS ကို သုံးပြီး ရေးထားတာနဲ့ အရင်က jQuery တစ်ခုတည်း သုံးထားတာနဲ့ ယှဉ်ရင် AngularJS က website တက်လာတာ ပိုပြီး နှေးတယ်လို့ ခံစားရတယ်။ Render လုပ်တဲ့ အချိန်လေး ခဏလောက် စောင့်ရတယ်လို့ ခံစားရတယ်။

Back-End

PHP နဲ့ပဲ ရေးထားပြီးတော့ Slim framework ကို သုံးထားတယ်။ အကုန်လုံးကတော့ RESTFul API အတွက်ပဲ။ UI နဲ့ ပတ်သက်ပြီးတော့ backend က ဘာမှ မဆောင်ရွက်ပေးထားဘူး။ အကုန်လုံးကို AngularJS က backend ကို ajax နဲ့ ခေါ်ထားပါတယ်။

ဒါကြောင့် AngularJS ကနေ တခြား framework ကို ပြောင်းသုံးမယ်ဆိုရင်လည်း front end တစ်ခုပဲ ပြောင်းဖို့ လိုပါတယ်။ Backend ပိုင်းက ထွေထွေထူးထူး ပြောင်းစရာ မရှိတဲ့ အတွက် ရေရှည်အတွက် အဆင်ပြေပါတယ်။

Public API ?

Website သီးသန့်အတွက် Private RESTFul API က ပြီးသွားပါပြီ။ သို့ပေမယ့် Public အတွက်က အဆင်သင့်မဖြစ်သေးပါဘူး။ လက်ရှိ လုပ်လက်စလေးတွေ ပြီးလို့ အားသွားရင်တော့ Ornagai iOS နဲ့ Android App အတွက် private API အရင် ဆုံးရေးဖြစ်မယ်ထင်ပါတယ်။

အခုကတော့ Search အတွက်ဆိုရင်

[code lang=text]
http://ornagai.com/search/Your_Text
[/code]

ကို ခေါ်လို့ရပါတယ်။ Cross Domain Support မလုပ်ပါဘူး။ ဒါကြောင့် App သို့မဟုတ် CURL အသုံးပြုပြီး ခေါ်မှ အဆင်ပြေမှာပါ။ Public API ထွက်လာရင်တော့ ပိုပြီး အဆင်ပြေပါလိမ့်မယ်။

Todos ?

လက်ရှိ အလုပ်လေးတွေ အားသွားရင် ornagai website မှာ အဓိကထားပြီး လုပ်စရာတွေက

  • Unicode Support
  • Mobile Web App
  • Allow to add words from iOS , Android

အဲဒီ ၃ ခု ကို အဓိက မျှော်မှန်းထားပါတယ်။

3 Comments

  1. I thought you might use react coz angular 1.3 will deprecate soon and no backward compatible between 2 and 1.3

    1. saturngod says:

      I am thinking about to learn Aurelia. I don’t like react because it make feel like not doing web. It make me feel like it’s using web technology but not for web.

Leave a Reply to saturngod Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.