ပြင်ဆင်စရာတွေ အများကြီး

ကျွန်တော်တို့ အခုမှ MZ စတက်တယ်။ ပြသနာတွေကလည်း အများကြီးပဲဗျ။ MZ တက်အောင် လုပ်ဖို့လည်း မလွယ်ဘူး။ Database တွေ ပြန်ရဖို့လည်း မလွယ်ဘူး။ အခု အမှန်အကုန် ဝယ်သုံးနေပြီ။ Template ကို ဝယ်တာလည်း မလွယ်မှန်းသိလာပြီ။ $30 ဆိုတာက ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အများ တစ်ခုလုပ်မိလိုက်တယ်။ 10% off coupon ကို google ကနေ ရှာပြီးထည့်သုံးလိုက်မိတယ်။ အဲမှာ ဆိုးတာပဲဗျာ။ $3 လေး လျော့သွားတာပဲရှိတယ်။ $3 အတွက် ကျွန်တော်တို့မှာ အချိန်တွေ အများကြီးပေးလိုက်ရတယ်။ ကိုမင်းကျော် ရဲ့ paypal လည်း ပိတ်ခံထိသွားတယ်။ ပြန်ပွင့်အောင် အချိန်တွေ ပေးလိုက်ရတယ်။ ကျွန်တော် MZ အတွက် $3 လေး နှမြောမိလိုက်တာဗျာ။ MZ ဟာ အခုအချိန်မှာ member တွေရဲ့ အလှုနဲ့ ဆက်လက်ရပ်တည်မယ်။ ဆက်လက် ရှေ့ဆက်သွားမယ်။ အခုအချိန်မှာ Vbulletin နဲ့ Hosting ကို member တွေအားနဲ့ ဝယ်မယ်။ member တွေကို ယုံကြည်လို့ အကြွေးနဲ့ Vbulletin နဲ့ Hosting ကို ဝယ်ပြီးပြီ။ ကျွန်တော် ယုံကြတာကတော့ အကြွေး ဆပ်နိုင်မယ်ဆိုတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ member တွေရဲ့ လိုလိုလားလား စေတနာတွေ ကျွန်တော် ခံစားမိနေပြီ။ MZ ရှေ့ဆက်ဖို့ member တွေက ကူညီကြလိမ့်မယ်ဆိုတာတော့ အထူးပြောနေစရာမလိုတော့ဘူး။ MZ ရှေ့ဆက်ဖို့ အခြားအခြားသော ကိုယ်ပိုင် ဝင်ငွေတွေကနေလည်း အလှုထည့်ပြီး ရပ်သွားမှာပါ။ အလှုစာရင်းကိုလည်း ကျွန်တော်တို့တွေ အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးမယ်။ MZ meeting မှာ MZ ရဲ့ အသုံးစရိတ်တွေ ဝင်ငွေတွေကို ဖော်ပြပေးမှာပါ။
ကျွန်တော်တို့ ဆက်လက် ပြင်ဆင်ရန်များ

  • MZ Template အသစ် ရအောင် လုပ်ရမယ်
  • Edu ရှေ့ဆက်မယ်
  • MZ blog ကို မြန်မာတွေအတွက် အသင့်တော်ဆုံး blog site တစ်ခုဖြစ်အောင် ဖန်တီးမယ်
  • MZwiki အသက်သွင်းမယ်

ရှေ့ဆက်ရန် လမ်းစဉ်များ

  • MZ ကို member တွေရဲ့ ရန်ပုံငွေနဲ့ ဆက်လက်ရပ်တည်မယ်
  • နှစ်စဉ် MZ meeting ကျင်းပမယ်
  • MZ meeting မှာ အနည်းဆုံး MZ ရဲ့ product တစ်ခု ချပြရမယ်
  • Online Education ပိုင်းကို ဆက်လက် အကောင်အထည်ဖော်သွားမယ်

ကျွန်တော်တို့တွေကတော့ အဲလိုလေး စဉ်းစားထားပါတယ်။ ကျွန်တော်ကတော့ MZ ကို အရမ်းချစ်တယ်။ member တွေရဲ့ စေတနာကိုလည်း ခံစားလို့ရသွားပြီ။ ဘာပဲပြောပြော MZ member တွေကို လေးစားတယ်။ နောက်ပြီး MZ ကို member မဝင်ပဲ အမြဲ ဖတ်တဲ့ လူတွေကိုလည်း ကျေးဇူးတင်တယ်။ အဲဒီလူတွေကလည်း MZ ရန်ပုံငွေအတွက် တော်တော်လေး လှုဒါန်းကြတယ်ဗျာ။ ဘာပဲပြောပြော MZ ကိုတော့ ကျွန်တော် ခွဲမရတော့တာ သေချာတယ်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading