အခု ornagai.com မှာ စာတစ်လုံးခြင်းဆီအတွက် အသံထွက် စနစ်လုပ်ထားတယ်။ text to voice စနစ်ဆို ပိုမှန်မှာပေါ့။ vozme.com ရဲ့ feature တွေကိုပဲ အသုံးပြုထားတာပါ။ ကိုယ်တိုင် ရေးလည်း ရပေမယ့် မရေးတော့ပဲ အရန်သင့်ရှိတဲ့ vozme.com ကို သုံးလိုက်တယ်။ ကိုယ်တိုင်ရေးဖို့ကလည်း မခက်ပါဘူး။ PHP မှာ text to voice အတွက် class က ရှိပြီးသားလေ။ ကိုယ်တိုင်လုပ်မယ်ဆိုရင် ကိုယ့် server ပေါ်မှာ အသံ file ကို tmp အနေနဲ့ သုံးရလိမ့်မယ်။ ပြီးရင် tmp mp3 တွေ ပြန်ဖျက်ရမယ့် အလုပ်ရှိသေးတယ်လေ။ ဒါကြောင့် အရန်သင့် vozme.com ကိုပဲ သုံးလိုက်တာ။ အခုတော့ စာလုံးတွေ ဖြည့်နေတုန်းပဲ။ အနီးနားမှာရှိတဲ့ dictionary နဲ့ပဲ ဖြည့်လိုက်တယ်။ အရင်ဆုံး စာလုံး ပြည့်အောင် လုပ်ရမယ်။ ပြီးရင် stardict အတွက်လုပ်ရမယ်။ stardict က platform ၃ မျိုးလုံးသာမက iphone တွေအတွက်ပါရှိလို့ အဆင်ပြေတယ်။
PDA အတွက်လည်း dictionary ကို MyanmarJ @mmgeeks , Gtalk Bot ကို akhtet @ mmgeeks, HandPhone အတွက် kotharthar @ mz စတဲ့သူတွေက ရေးပေးထားတယ်။ online ကိုတော့ ornagai.com အမည်နဲ့ ကျွန်တော် saturngod @ mz ကရေးပေးထားတယ်။ အကုန်လုံးကတော့ MZ dict ကို အခြေခံထားတယ်။ MZ dict ကို ဆက်လက်ဖြည့်ပေးဖို့ ornagai.com ကို လုပ်ထားတယ်။ အဲမှာ ကျွန်တော်တို့တွေအနေနဲ့ သူလုပ်တာ ငါလည်း လုပ်လို့ရတဲ့ စိတ်မထားပဲ လုပ်ကြတာကိုတွေ့နိုင်တယ်။ နောက်ပိုင်း မြန်မာ မျိုးဆက်သစ်တွေက အရင်ကလို မဟုတ်တော့ဘူး။ မင်းဘာလုပ်လဲ။ မင်းဟာကို အခြေခံပြီး ငါနောက်တစ်ခု လုပ်မယ်။ မင်းဟာကို ငါအခြေခံပြီး ဒီထက်ကောင်းအောင် ပြန်လုပ်ပြီး မင်းတို့ကို ပြန်ပေးမယ်။ အဲလို စိတ်ဓာတ်တွေ တိုးတက်လာတာကို တွေ့ရတယ်ဗျ။ ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့ အလားအလာပဲဗျ။
MZ dict ကို နောက်ပိုင်းမှာ csv file , stardict , babylone စတာတွေအတွက် ထုတ်ပေးမယ်။ offline ပါ သုံးလို့ရအောင်လို့ပေါ့။ နောက်ပြီး online အနေနဲ့ web service ပေးမယ်။ ဘယ် developer မဆို သုံးလို့ရအောင်ပေါ့။ အဓိက အရင်းအမြစ်ကတော့ ornagai.com ပဲပေါ့။
အခုတော့ တိုင်ပင်နေဆဲပဲ။ MZ member တွေ သဘောတူရင် ကျွန်တော် MZ dict ကို ဘယ်သူမဆို သုံးခွင့်ရှိတယ်။ စီးပွားရေးအတွက် ဖြစ်စေ ကိုယ်တစ်ဦးတည်းအတွက်ဖြစ်စေ အများအတွက် ဖြစ်စေ အသုံးပြုခွင့်ရှိတယ်။ သို့သော် MZ dict ကို သုံးထားကြောင်း credit ပေးရမည်။
အဲလိုမျိုးလေး ကျွန်တော်လုပ်ချင်တာ။ အခုတော့ ဘယ်သူနဲ့မှ မတိုင်ပင်ရသေးဘူး။ အဲလိုမျိုးလုပ်မှ dict က တိုးပွားလာပြီး ပိုကောင်းလာမယ်လို့ထင်တယ်။ နေရာတိုင်းမှာ သုံးလာလို့ရလာလိမ့်မယ်။ စာစီစာရိုက်ဖို့တွေ မလိုတော့ဘူး။ developer တွေအနေနဲ့ အရံသင့် ရေးပြီး ကြိုက်တဲ့နေရာမှာ သုံးရုံပဲလေ။ အဲ… တစ်ခုတော့ တောင်းပန်ချင်ပါတယ်။
စာအုပ်တိုက်တွေအနေနဲ့ စာအုပ်တွေထဲမှာ ပါလာတဲ့ စာလုံးတွေကို ခွင့်ပြုချက်မယူပဲ ယူသုံးထားရင် ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူတိုင်းကို ကြိုက်တဲ့ စာအုပ်ထဲကနေ ယူရိုက်ခွင့်ပေးထားတဲ့အတွက် စာအုပ်တွေ အများကြီးထဲက စာလုံးတွေပါပဲ။ ကိုယ်တိုင်ရေးသားထားတဲ့ စာလုံးတွေမဟုတ်ဘူးဆိုတာကို အသိပေးအပ်ပါတယ်။ အဲဒီ အတွက်လည်း ခွင့်လွှတ်စေချင်ပါတယ်။ ခွင့်ပြုချက်တောင်းဖို့ဆိုတာကလည်း ဘယ်စာအုပ်တွေက ဘယ်သူတွေ ယူထားမှန်းမသိတာလည်း ပါပါတယ်ဗျာ။
how did you add the voice service from vozme.com
regards,
magi
you can see in there http://vozme.com/webmasters.php?lang=en
သဘောကျပါတယ်။