Zawgyi 2009 မှာ ornagai က စပြီး ပြဿနာ စကြုံနေရတယ်။ ဘာပြဿနာလဲဆိုတော့ ပက်ဆင့် ပြဿနာပဲ။ အခြားဟာတွေက normalize လုပ်ထားတော့ ကိစ္စမရှိပေမယ့် ပက်ဆင့်က storage ပုံစံပြောင်းသွားတယ်။ ပက်ဆင့်အတွက် code point နှစ်ခု သွားသိမ်းတယ်။ zawgyi 2008 သုံးက တစ်ခုပဲ သိမ်းထားတယ်။ အခု စဉ်းစားနေတာ ဘာဆက်လုပ်ရမလဲဆိုတာကိုပေါ့။ 2008 နဲ့ပဲ ရှာရှာ 2009 နဲ့ပဲရှာရှာ ရအောင်လုပ်ရမယ်လေ။ 2008 က ပက်ဆင့်တွေက 2009 မှာ ဖတ်လို့ရတယ်။ ဒါပေမယ့် 2009 က ပက်ဆင့်တွေကို 2008 မှာ ဖတ်လို့မရဘူး။ အဲဒီဟာကို စဉ်းစားနေတာ။ 2009 ကို 2008 format ပြောင်းတဲ့ system ထည့်ရင်ကောင်းမလားပေါ့။ အခုပြဿနာ တစ်ရပ်က ဘာလဲဆိုတော့ မေတ္တာဆိုတဲ့ စာလုံးဆိုပါဆို့
Zawgyi 2008
မေတ္တာ = U+1031 U+1019 U+1010 U+1071 U+102C
အဲလိုသိမ်းတယ်။
Zawgyi 2009
မေတ္တာ = U+1031 U+1019 U+1010 U+103F U+1010 U+102C
ဆိုပြီး သိမ်းတယ်။ 2009 မှာ 2008 နဲ့ ပက်ဆင့် သိမ်းပုံကွာသွားတယ်။ အဲဒါ searching မှာ ပြဿနာ ဖြစ်တာပဲ။ အခု အချိန်မှာ ကျွန်တော့်မှာ စဉ်းစားစရာ နှစ်ခုဖြစ်နေတယ်။
၁။ လက်ရှိ ၂၀၀၈ အားလုံး ၂၀၀၉ ပြောင်းလိုက်ခြင်း။
၂။ ၂၀၀၉ နဲ့ ဝင်တဲ့ ပက်ဆင့်တွေကို ၂၀၀၈ ပြန်ပြောင်း။
Method 1
အဲဒီနည်းက convertor တစ်ခုတော့ ရေးရမယ်။ တနည်းပြောရင် ပြန်ပြီး normalize ပြန်လုပ်ရမယ်ပေါ့။ ၂၀၀၈ data တွေအားလုံး ၂၀၀၉ ပြောင်းလိုက်တဲ့နည်းပဲ။ ဒါပေမယ့် ပြဿနာက ၂၀၀၈ နဲ့ ရှာတဲ့လူတွေကို ၂၀၀၉ normalize ပြန်လုပ်ပေးရမယ်။
Method 2
ဒီနည်းကတော့ ၂၀၀၉ ဝင်သမျှကို ၂၀၀၈ ပြောင်းပြီး ပြတဲ့နည်းပဲ။ ၂၀၀၉ကလည်း ၂၀၀၈ ကို ကောင်းကောင်းဖတ်လို့ရတော့ အဆင်ပြေမယ်ထင်တယ်။
လက်ရှိတော့ အဲဒီ နည်းလေးပဲ စဉ်းစားထားတယ်။ နောက်ပိုင်း Method 1 ပြန်ပြောင်းရင်ပြောင်းမှာပေါ့။ ၂၀၀၉ က release မလုပ်သေးဘူးလေ။ အခုအထိ စမ်းသပ်ဆဲအဆင့်ဖြစ်ပြီး ဘယ်လောက်ထိ ရောက်လာမလဲမသိဘူး။ ၂၀၀၈ ထက်တော့ အများကြီးကောင်းတယ်။ ခက်တာက storage က ပက်ဆင့်အတွက် ပြောင်းသွားတာက နည်းနည်းဆိုးတယ်။ နောက်မို့ဆို တော်တော်အဆင်ပြေသွားပြီ။ ၂၀၀၉ က တိုင်းရင်းသား စာလုံးတွေပါ ထည့်လို့ရအောင်ဆိုပြီး အဲလိုပက်ဆင့် storage ကို သိမ်းလိုက်တယ်လို့ ကိုစိုးမင်းက ပြောဘူးတယ်။
အခုတော့ Aug version အတွက် လုပ်နေတယ်။ tsv file ပြန်ထုတ်ပေးနိုင်အောင် တော်တော်လေး ပြန်စစ်နေတယ်။ အရင်က မှားနေတဲ့စာလုံးတွေ ထည့်ထားတာလေးတွေ့ရတယ်။ အဲဒါတွေကိုပါ ပြန်ဖြုတ်ထားတယ်။
Leave a Reply