mmexcel

Excel တွင် မြန်မာစာ နံပါတ်များကို ဇော်ဂျီ ၊ မြန်မာ၂ ၊ မိုင်မြန်မာ စသည်တို့ဖြင့် ပေါင်းနှုတ်မြှောက်စား နိုင်ပါပြီ။
မြန်မာ၂ တွင် Myanmar2.2 ပြောင်းပြီးလုပ်နေစရာမလိုတော့ပါဘူး။

Myanmar2.2 က မြန်မာ နံပါတ်တွေက english နံပါတ်ကို font ပြောင်းထားတာ။ တကယ် Myanmar Unicode ကို သုံးပြီးလုပ်ထားတာမဟုတ်တာကို ကျွန်တော်တွေ့ရှိလိုက်ရပါတယ်။
အခု ကျွန်တော် excel အတွက် Add In တစ်ခုရေးထားပါတယ်။
မြန်မာစာ နံပါတ်တွေ ပေါင်းနှုတ်မြှောက်စားဖို့အတွက်ပေါ့။
နောက်ပြီး opensouce ပါ။

ကျွန်တော့်ထက်တော်တဲ့ ပညာရှင်တွေ မြန်မာနိုင်ငံမှာ အများကြီးပါ။
သူတို့တွေ ဒီထက်ကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
အခု version မှာ အားနည်းချက်က မြန်မာစာ အနှုတ် ဂဏန်းကို excel တွင် ရိုက်လို့မရသေးတာပါ။

တကယ်တမ်းရေးကြည့်တော့ တော်တော်လေးလွယ်ပါတယ်။
ဘာဖြစ်လို့ Myanmar2 အဖွဲ့က သူတို့ package အထဲမှာ excel add in မထည့်သွင်းခဲ့တာလည်းတော့် ကျွန်တော်မစဉ်းစားတတ်အောင်ပဲ။ ဒါကြောင့် ကိုယ့်ဘာသာကိုယ်ရေးပြီး အကုန်လုံးကို မျှေဝလိုက်ပါတယ်။

How To Install
Excel ကို ဖွင့်ပါ ။
Tool -> Add In ကိုဝင်ပါ ။
Dialog Box တက်လာလျှင် browse လုပ်လိုက်ပါ ။
AddIns Folder ထဲတွင် choose လုပ်ရင် open dialog box တက်လာမည် ။
ထိုအထဲသို့ mmexcel.xla file ကို paste လုပ်လိုက်ပါ ။
ထို့နောက် mmexcel.xla ကိုရွေးပြီး OK လုပ်လိုက်ပါ ။
ပြီးလျှင် OK ထပ်လုပ်ပါ ။

How To Use
မြန်မာ နံပါတ်များကို ပေါင်းလိုပါက

Cell ထဲတွင် နံပါတ်များရေးလိုက်ပါ။

Example : A1 ထဲတွင် ၅ ထည့်ထားသည်။
A2 ထဲတွင် ၈ ထည့်ထားသည်။
A3 ထဲတွင် ၉ ထည့်ထားသည်။

ပေါင်းလိုလျှင် cell ထဲတွင် =mmsum(A1:A3) ဟုထည့်ကာပေါင်းလိုက်သည်။
A1:A3 သည် A1 မှ A3 အထိပေါင်းမည်ဟုပြောခြင်းဖြစ်သည်။
ပုံမှန် =sum function သုံးခြင်းနှင့်အတူတူပင်။

အနှုတ် အတွက် =mmminus(A1:A3) ဟုသုံးနိုင်သည်။ သို့သော် Myanmar Unicode အနှုတ်ဂဏန်းကိုမူမသိသေးပေ။

အစားတွက် အတွက် =mmdiv(A1:A3)
အမြှောက်အတွက် =mmmul(A1:A3)
Average အတွက် =mmavg(A1:A3)

Opensource
ဒီ mmexcel သည် opensource ဖြစ်ပါသည်။ ကျွန်တော် VBA File ကို passsword ထည့်သွင်းထားခြင်းမရှိပါ။
လေ့လာလိုသူများ ပိုမိုကောင်းမွန်အောင်ပြုပြင်လိုသူများသည် Tool -> Macro -> Visual Basic Editor ကိုဖွင့်လိုက်ပါ။ MMexcel.xla ကိုတွေ့ရပါမည်။ သူ့၏ အောက်တွင် Modules Folder ပါဝင်ပါသည်။ ထို Folder အောက်တွင် Module1 ကိုဖွင့်လိုက်ပါ။ ရေးသားထားသော source code များကိုမြင်တွေ့ရပါမည်။
download

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.