Opensource တဲ့လား

အခုတော့ နားလည်သွားပြီ… opensource ဆိုတာကြီးကို ကောင်းကောင်းသဘောပေါက်သွားပြီ.. opensource က ကျွန်တော်လက်ခံထားတဲ့ ပုံစံမဟုတ်ဘူးပဲဗျ.. သူတို့က source ပဲပေးလိုက်တယ်.. technology detail တွေ documentation တွေ မပါဘူး… internet မှာ ရှိပေမယ့် အပြည့်အစုံမရှိဘူး.. OSM ကို လုပ်လိုက်တာ ၁ လတောင်ပြည့်သွားတယ်.. မအောင်မြင်ဘူး.. သူတို့ပေးထားတဲ့ documentation ကပြည့်စုံမှုမရှိဘူး.. လုပ်နေကြလူတွေအတွက် ပြည့်စုံပေမယ့် လုပ်နေကြမဟုတ်တဲ့လူတွေ အတွက် အရမ်းခက်ခဲတာကို တွေ့ရတယ်ဗျာ… Joomla ကတော့ လွယ်တယ်… ဒါပေမယ့် reverse engineering လုပ်မယ်ဆိုရင်တော့ မလွယ်ဘူးဗျ… ကြိုက်တဲ့ opensource ကြည့်ဗျာ.. RE အတွက် ခက်ခဲတာတွေ့ရမယ်ဗျ… ဝယ်သုံးရတဲ့ဟာတွေကတော့ RE အတွက် လွယ်တယ်.. သူတို့မှာ doc အပြည့်အစုံတွေရှိတာကို တွေ့ရတယ်… Opensource တွေက လူတကာဝင်လုပ်တဲ့အတွက် ပြည့်စုံတဲ့ doc တွေ မရှိတော့ဘူး.. ပြည့်စုံတဲ့ဟာတွေ မရှိပေမယ့် ထဲထဲဝင်ဝင်လေ့လာပြီး ရှာနိုင်ရင်တော့ တွေ့နိုင်ပါတယ်.. begineer user တွေက မရှာနိုင်ဘူးလေ…

OSM က ကျွန်တော့်အတွက် အကောင်းဆုံး ဥပမာပဲ… ကျွန်တော် လုပ်မယ်ဆိုတဲ့ MZ Dictionary ကို ရှေ့ဆက်ရမယ့် အကြောင်းဖန်လာတာပဲ.. Dictionary ကို opensource တာမဟုတ်ဘူး.. opentechnology အနေနဲ့ပါ လုပ်မှာပါ… ဘယ်သူမဆို လွယ်ကူစွာလုပ်နိုင်အောင် documentation အပြည့်အစုံနဲ့ ရှေ့ဆက်မှာပါ…အခုတော့ မအားသေးလို့ ဘာမှကို မလှည့်နိုင်ဘူး… တကယ်ကို အလုပ်တွေက ရှုပ်နေလို့ပါ… မကြာခင်ပြန်ပြီး ရှေ့ဆက်မှာပါ.. မကြာပါဘူး.. ဖြေးဖြေး ဖြေးဖြေးနဲ့ အားတဲ့နေ့ရက်တွေ ရောက်ရှိလာပြီး အများအတွက် ရှေ့ဆက်နိုင်မှာပါ…

4 responses to “Opensource တဲ့လား”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading