Ubuntu 9.04 ရဖို့အတွက် တော်တော်လေး ရင်းနှီးလိုက်ရတယ်။ နောက်မှပဲ အဲဒီ အကြောင်းလေး ရေးအုံးမယ်။ အခုတော့ Keyboard သွင်းပုံလေး အရင်ရေးလိုက်မယ်။
http://www.saturngod.net/wp-content/uploads/zawgyikbtar.gz
ကို download ချလိုက်။ download file ကို Desktop ပေါ်မှာရှိတယ်လို့ပဲ ကျွန်တော် သဘောထားတယ်နော်။ ပြီးရင် Right Click နှိပ်။ extract here လုပ်။ Zawgyi folder လေးပေါ်လာမယ်။ ပြီးရင် application -> Accessories -> terminal ကနေ
$cd ~/Desktop/Zawgyi
$./install.sh
လုပ်လိုက်ရုံပဲလေ။ တကယ်လို့ password တောင်းရင် ဖြည့်လိုက်ပါ။ ပြီးရင် Finished ဆိုပြီး ပေါ်လာပါမယ်။ အဲဒါတွေပြီးရင် Panel မှာ
Right Click -> Add To Panel -> keyboard indicator ကိုထည့်လိုက်ပါ။ Ctrl + Shift နဲ့ keyboard layout change လို့ရမယ်။ ပြီးရင် Right Ctrl နဲ့တွဲပြီး အောက်က စာလုံးတွေ –္စ လိုမျိုး စာလုံးတွေ ရိုက်လို့ရပါတယ်။
PS: File Update ပြန်လုပ်ထားသည်။ (19.5.2009)
Update: Download Package From http://zawgyi.googlecode.com
Leave a Reply