Microsoft Lab ရဲ့ prodcut တစ်ခုပါ။ ကြားဘူးတာတော့ ကြာပြီ။ ဒါပေမယ် ့အရင်က dial-up နဲ့သုံးတော့ စမ်းဖို့က မလွယ်လှဘူး။ အခုပြန် သတိရတော့ photosynth ရဲ့ website ဖြစ်တဲ့ http://photosynth.net ကိုအရောက်သွားခဲ့ပါတယ်။ website ထဲ ရောက်ရောက်ခြင်း မှော်ဝင်နေတဲ့နေရာတစ်ခု ရောက်သွားလား အောက်မေ့လောက်အောင် Design ပိုင်းက ဆွဲဆောင်မှုရှိပါတယ်။ ဒါနဲ့ စတင်စမ်းသပ်ဖို့ လုပ်လိုက်တော့ 8 MB လောက် download ချပြီးမှ ကြည့်လို့ရမယ်ဆိုတာနဲ့ download ချလိုက်ပါတယ်။ ပြီးတော့ စတင်ကြည့်ရှုလိုက်တဲ့အခါမှာတော့ ဟာ ခနဲ့ ဖြစ်သွားခဲ့ရပါတယ်။ ကြည့်ရတာတော့ တော်တော်လေးကို ကောင်းလိုက်တာဗျာ။ ခေတ်လွန်တွေထဲများ ရောက်နေသလား အောက်မေ့ရတယ်။

သို့ပေမယ့်လည်း connection မကောင်းတဲ့အချိန်မှာတော့ နှေးကွေးလေးလံပြီး သုံးရတာ အဆင်မပြေပြန်ပြီ။ ပုံတွေတက်လာဖို့ကတော့ တော်တော်လေးကို စောင့်ရတယ်။ တကယ်လို့ ပုံတွေအရမ်းများလာပြီဆိုရင်တော့ လှလှပပကြည့်ရဖို့အတွက် တော်တော်လေးကို စောင့်ရတာပဲဗျ။ ပုံနည်းရင်တော့ page loading က တော်တော်မြန်တယ်။ တစ်ခါတစ်လေ rendering ကောင်းကောင်းမလုပ်နိုင်ပဲ browser ဟမ်းသွားတာလေးတွေလည်းရှိတတ်တယ်။

သူ့မှာ  ဘယ်လိုမျိုး create လုပ်ရမလဲဆိုတာပါတယ်။ တခြားလူတွေလည်း ဖန်တီးနိုင်အောင် လုပ်ထားပေးတယ်။ ဒါပေမယ့် အင်တာနက် connection ကတော့ တော်တော်လေးကောင်းဖို့လိုလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ photosynth က အဆင်ပြေတဲ့ နည်းပညာ တစ်ခုမဟုတ်သေးပါဘူး။ offline viewer လေးတစ်ခုလောက်ရမယ်ဆိုရင်တော့ တော်တော်အဆင်ပြေမယ်။ နောက်ပြီး offline မှာ ဖန်တီးနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲ။ အခုက အကုန်လုံး Online ဖြစ်နေတော့ တော်တော်လေးကို ကတိကအောက် ဆန်နေတယ်။ USA မှာဆိုရင်တော့ တော်တော်လေးကြည့်ကောင်းမယ်လို့ ထင်ပါတယ်။

2 responses to “Photosynth”

  1. ကိုစေတန် ခင်ဗျာ ..

    ကျွန်တော် ဒေါင်းပြီးစမ်းကြည့်တော့ …

    http://i37.tinypic.com/2po4itk.jpg

    အဲဒီလိုဖြစ်နေတယ်ဗျ … Synth ဆိုတာက ဘာမှဖြစ်မလာတော့ ရှေ့ဆက်တိုးလို့ မရဘူးဖြစ်နေတယ် …. ဘာလိုသေးလဲ အစ်ကို ..

    ခင်မင်စွာဖြင့်

  2. ကိုစေတန် ရသွားပါပြီ ခင်ဗျာ ..

    ကျွန်တော်က ဓတ်ပုံ ၂ ပုံတည်းဖြစ်နေလို့ ….

    နည်းပညာ ဝေမျှပေးတာ ကျေးဇူးအထူးပါ ..

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading