ကျွန်တော်တို့တွေ Blog ရေးမယ်ဆိုရင် wordpress ကိုဝင်ရ။ ပြီးရင် Login တွေ ဝင်ရ။ နောက်ပြီး Menu တွေ အဆင့်ဆင့်ဝင်နေရတယ်။ Blog ဆိုတာကတော့ အလောတကြီးရေးစရာတွေတော့ မရှိပါဘူး။ ဒါပေမယ့် internet connection မကောင်းတဲ့လူတွေတော့ Scribe Fire ဆိုတဲ့ firefox plugin လေး မိတ်ဆက်ပေးပါရစေ။

ဘာမှလုပ်စရာမလိုဘူး။ Addon လေးသွင်းပြီးရင်တော့ Next , Next လေးနဲ့ သွားလိုက်ရုံပဲဗျ။ သွင်းရတာလွယ်တယ်။ Category တွေလည်း ရွေးလို့ရတယ်။ မကောင်းတဲ့အချက်ကတော့ tag မရတာပဲ။ tag ပါရရင် ကျွန်တော် သုံးမိမှာသေချာတယ်။ အခုတော့ tag မရတော့ ကျွန်တော်လည်း ဒုံရင်းကနေ ဒုံရင်းပဲပေါ့။ Dial-up သမားတွေအတွက်တော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဘာပဲပြောပြော ကိုယ်ပိုင်စက်နဲ့ blog ရေးနေသူတွေ မဖြစ်မနေ ထည့်ထားသင့်တယ်လို့ ထင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading