The Lost Symbol by Dan Brown

Angels & Demons , The Da Vinci Code ရုပ်ရှင်ကား ၂ ကား ကို ပြန်ကြည့်ပြီးတော့ အရှိန်မသေသေတာနဲ့ The Lost Symbol စာအုပ်ကို ဖတ်ဖြစ်တယ်။ စဖတ်ကာစကတော့ Dan Brown ရဲ့ ရှေ့က ဝတ္ထုတွေ လိုပဲ ဘာမှန်း မသိပဲ နည်းနည်း နှေးနှေး လေးလေးနဲ့ပဲ။ ဇာတ်လမ်း ဇာတ်ကွက် အသွားအလာတွေက The Da Vinci Code လို ပါပဲ။ သို့ပေမယ့် The Da Vinci Code က ပိုကောင်းတယ်လို့ ဆိုရမယ်။


The Lost Symbol ဟာ Robert Langdon ရဲ့ သူငယ်ချင်း Peter Solomon အဖမ်းခံရတာနေ ဇာတ်လမ်းစပြီးတော့ Solomon မိသားစု မျိုးရိုး စဉ်ဆက် စောင့်ရှောက်လာတဲ့ ပိရမစ် က လျို့ဝှက်ချက်ကို ဖော်ထုတ်တဲ့ ဇာတ်လမ်းပါ။ ထုံးစံ အတိုင်း Puzzle တွေ symbol တွေ အကြောင်း အများကြီး ပါဝင်ပါတယ်။ နောက်ပြီးတော့ Washington D.C မှာ ရှိတဲ့ ဗိသုကာတွေ အကြောင်း ထည့်သွင်း ရေးသားထားတယ်။

တစ်အုပ်လုံးကတော့ ဖတ်ရတာ အကောင်းဆုံး မဟုတ်ပေမယ့် အဆိုးကြီးထဲမှာ တော့ မပါဘူး။ ဇာတ်လမ်းက ပြီးကာနီးမှ ပိုပြီးကောင်းပါတယ်။ အစ နဲ့ အလယ်မှာ ဇာတ်လမ်းက puzzle တွေကို ရှင်းဖို့ ကြိုးစားရင်း CIA က လိုက်ဖမ်းလို့ ထွက်ပြေးရင်း နဲ့ပဲ ဇာတ်လမ်းက သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းလှဘူး။

တော်တော်များများကတော့ နောက်ဆုံး ဇာတ်သိမ်းကို မကြိုက်ကြဘူး။ ပိရမစ်ရဲ့ လျို့ဝှက်ချက်ဟာ လူ ဟာ God ဖြစ်နိင်သည့် Mystical Power သိမ်းထားတဲ့ နေရာကို ညွှန်ပြပေးတာကြောင့် ဗီလိန် ဟာ အဲဒါကို ရဖို့ ကြိုးစားခဲ့တာပါ။ ဇာတ်သိမ်းမှာတော့ လျို့ဝှက်ကို အပြည့် မဖော်သွားပေမယ့် Mystical Power ဆိုတာဘာလဲ God ဖြစ်နိုင်တယ်ဆိုတာဘာလဲ စတာတွေကို ရှင်းသွားတာလေးတွေက အတော့်ကို ဖတ်လို့ ကောင်းပါတယ်။

Angels & Demons , The Da Vinci Code စတာတွေကို ကြိုက်ရင်တော့ ဖတ်သင့်ပါတယ်။ The Lost Symbol က လူကြိုက် သိပ်မများလှပါဘူး။ အဲဒီပြီး နောက်ထပ် ထွက်တဲ့ The Inferno ကတော့ အတော်လေးကို ကောင်းတယ်လို့ ပြောတယ်။ လက်ရှိ ဖတ်နေတဲ့ စာအုပ်တွေ အကုန် ပြီးမှသာ Inferno ကို ဖတ်ဖို့ စဉ်းစားထားတယ်။

1 Comment

  1. aungwinnhtut says:

    ညီလေး ဘာသာပြန် ရေးပေးကွာ။

Leave a Reply to aungwinnhtut Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.