Queed

ဦးဝင်းတင် ရေးတဲ့ ကွိ စာအုပ်ကို မဖတ်ခင်ကတည်းက ဖတ်ကောင်းတယ်လို့ ကြားဖူးတယ်။ အခု နောက်ပိုင်း ပြန်လည် ထုတ်ဝေတာကြောင့် စာအုပ်ဆိုင်တွေ မှာ တွေ့ဖြစ်ပေမယ့် မဝယ်ဖြစ်ခဲ့ဖူး။ ဒီတစ်ခေါက် ရန်ကုန်ပြန်တော့ စာအုပ် ၃ အုပ် ဝယ်ခဲ့သည့် အထဲမှာ ဦးဝင်းတင် ရဲ့ ကွိ စာအုပ်ပါလာတယ်။


ကွိ စာအုပ်ဟာ မူရင်း စာရေးသူ Henery Sydnor Harrison ဖြစ်ပြီးတော့ ၁၉၁၁ မှာ ထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်တာကြောင့် ဇာတ်လမ်း ဇာတ်အိမ် တည်ဆောက်မှုက အခုခေတ်ပုံစံ နှင့် အနည်းငယ်ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။ ကွိစာအုပ်ရဲ့ ဇာတ်လမ်း ကို မကြိုက်လှပေမယ့် ဦးဝင်းတင် ရဲ့ ဘာသာပြန်မှု ကိုတော့ အတော်ကြီးကို လေးစားမိတယ်။ မြသန်းတင့် ဘာသာပြန်စာအုပ်တွေ အဖတ်များသည့် ကျွန်တော့် အတွက်ကတော့ ဦးဝင်တင် ရဲ့ အရေးသားဟာ မြသန်းတင့် နဲ့ တူသယောက် ဖြစ်ပေမယ့် အတော်လေးကို သွက်ပြီး ဝါကျ တွေကို အတိုလေးတွေ ဖြစ်အောင် ဖန်တီးနိုင်တယ်။ မူရင်း စာအုပ်ဆိုရင် ကွိ လို မျိုး ဇာတ်လမ်းနဲ့သာ ဆိုရင် ပြီးအောင် ဖတ်ဖြစ်မှာ မဟုတ်ပေမယ့် ဦးဝင်းတင် အရေးအသားကြောင့် ဖတ်လို့ ပြီးသွားတယ်။

ဂျာနယ်ကျော် ဦးချစ်မောင် ရဲ့ ကိုးကွယ်ရာ စာအုပ် ၊ ဂျာနယ် သမားတွေရဲ့ ကျမ်းစာအုပ် ဆိုပေမယ့် ကျွန်တော့် အတွက်ကတော့ ပုံမှန် သမာရိုးကျ ဇာတ်လမ်း တစ်ပုဒ်လို ပါပဲ။ အဓိက သတင်းစာ သတင်းသမား ရဲ့ အကြောင်းကို အဓိက တည်ထားတာကြောင့် သတင်းစာ ဆရာတွေ ကြိုက်မယ့် စာအုပ်မျိုးပါ။ သာမာန်ရိုးကျ ကျွန်တော်တို့လို လူမျိုးတွေ အတွက်ကတော့ သာမာန်ရိုးကျ ဇာတ်လမ်း တစ်ပုဒ်လိုပါပဲ။

စာအုပ်တစ်အုပ်လုံးများ * လေးတွေ နဲ့ အဓိပ္ပာယ် ရှင်းလင်းချက်လေးတွေ ပါတာကြောင့် အချို့ စကားလုံးတွေ ကို နားမလည်ပေမယ့် * လေးတွေကြောင့် စကားလုံး တော်တော်များများကို သဘောပေါက်စေခဲ့ပါတယ်။ ဘာသာပြန် စာအုပ်တွေ ဖတ်နေကျသူတွေ အတွက် ကွိ ဟာလည်း ဖတ်လို့ ကောင်းမယ့် စာအုပ် တစ်အုပ်ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Up Next:

The Lost Symbol by Dan Brown

The Lost Symbol by Dan Brown