သိတာတော့ ကြာပြီ… ဒါပေမယ့် မသုံးဖြစ်ခဲ့ဘူး… download ချထားတဲ့ file က UHA နဲ့ဆိုတော့မှ စမ်းဖြစ်တော့တယ်… ကျွန်တော် winrar နဲ့ ယှဉ်ကြည့်ခဲ့ပါတယ်.. WinUHA က winrar ထက်ပိုပြီး ချုံ့နိုင်ပါတယ်… ဒါပေမယ့် ကျွန်တော် ယှဉ်ကြည့်တဲ့အခါမှာတော့

Video

340 KB ရှိတဲ့ Video ကိုချုံ့ကြည့်လိုက်တဲ့အခါ

WiUHA –  324 KB
WinRar – 325 KB

သိပ်ပြီးထူးခြားတာကို မတွေ့ရပါဘူး…

Picture

479 KB ရှိတဲ့ JPG ကို ချုံ့ကြည့်လိုက်တော့

WinUHA – 470 KB
WinRAR – 471 KB

PDF

2.09 MB ရှိတဲ့ PDF ကို ချုံ့ကြည့်လိုက်တော့

WinUHA – 1.85 MB
WinRAR – 1.86 MB

ISO

197 MB ရှိတဲ့ ISO ကို ချုံ့ကြည့်လိုက်တော့

WinUHA – 157 MB
WinRAR – 158 MB

Text File

668 KB ရှိတဲ့ Text File တွေသာ ရှိတဲ့ Folder ကို ချုံ့ကြည့်လိုက်တော့

WinUHA – 85.6 KB
WinRAR – 135 KB

ထူးခြားသွားတာကတော့ Text File ပါပဲ… တခြားအရာမှာတော့ ထူးထူးခြားခြား မတွေ့မိဘူး.. ဒါ့အပြင် WinUHA ကို ချုံ့တဲ့ အချိန်ပိုကြာမြင့်ပါတယ်။ WinUHA က ISO ကို ချုံ့တဲ့အချိန်မှာတော့ WinRAR နဲ့လုံးဝကွာသွားပါတယ်။ အရမ်းကို ကြာမြင့်ပါတယ်။ အားလုံးချုံ့ကြည့်လိုက်တော့ UHA က winrar လောက်မကောင်းဘူးလို့ ဆိုချင်ပါတယ်။ အထူးသဖြင့် အချိန်ပါ။ အရမ်းကြာပါတယ်။ သူက Free ဖြစ်တာတစ်ခုပဲ ဖြစ်ပါတယ်။ WinRAR ကတော့ Free မဟုတ်ဘူးပေါ့။ ဒါကြောင့်လည်း UHA ကို လူသုံးနည်းတာဖြစ်မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading