WinUHA

သိတာတော့ ကြာပြီ… ဒါပေမယ့် မသုံးဖြစ်ခဲ့ဘူး… download ချထားတဲ့ file က UHA နဲ့ဆိုတော့မှ စမ်းဖြစ်တော့တယ်… ကျွန်တော် winrar နဲ့ ယှဉ်ကြည့်ခဲ့ပါတယ်.. WinUHA က winrar ထက်ပိုပြီး ချုံ့နိုင်ပါတယ်… ဒါပေမယ့် ကျွန်တော် ယှဉ်ကြည့်တဲ့အခါမှာတော့

Video

340 KB ရှိတဲ့ Video ကိုချုံ့ကြည့်လိုက်တဲ့အခါ

WiUHA –  324 KB
WinRar – 325 KB

သိပ်ပြီးထူးခြားတာကို မတွေ့ရပါဘူး…

Picture

479 KB ရှိတဲ့ JPG ကို ချုံ့ကြည့်လိုက်တော့

WinUHA – 470 KB
WinRAR – 471 KB

PDF

2.09 MB ရှိတဲ့ PDF ကို ချုံ့ကြည့်လိုက်တော့

WinUHA – 1.85 MB
WinRAR – 1.86 MB

ISO

197 MB ရှိတဲ့ ISO ကို ချုံ့ကြည့်လိုက်တော့

WinUHA – 157 MB
WinRAR – 158 MB

Text File

668 KB ရှိတဲ့ Text File တွေသာ ရှိတဲ့ Folder ကို ချုံ့ကြည့်လိုက်တော့

WinUHA – 85.6 KB
WinRAR – 135 KB

ထူးခြားသွားတာကတော့ Text File ပါပဲ… တခြားအရာမှာတော့ ထူးထူးခြားခြား မတွေ့မိဘူး.. ဒါ့အပြင် WinUHA ကို ချုံ့တဲ့ အချိန်ပိုကြာမြင့်ပါတယ်။ WinUHA က ISO ကို ချုံ့တဲ့အချိန်မှာတော့ WinRAR နဲ့လုံးဝကွာသွားပါတယ်။ အရမ်းကို ကြာမြင့်ပါတယ်။ အားလုံးချုံ့ကြည့်လိုက်တော့ UHA က winrar လောက်မကောင်းဘူးလို့ ဆိုချင်ပါတယ်။ အထူးသဖြင့် အချိန်ပါ။ အရမ်းကြာပါတယ်။ သူက Free ဖြစ်တာတစ်ခုပဲ ဖြစ်ပါတယ်။ WinRAR ကတော့ Free မဟုတ်ဘူးပေါ့။ ဒါကြောင့်လည်း UHA ကို လူသုံးနည်းတာဖြစ်မှာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.