Windows Tweak လိုမျိုး Ubuntu Tweak ဆိုတာလည်းရှိပါတယ်။ ကျွန်တော်တို့တွေ Ubuntu မှာ လိုပြီး အရေးပါတဲ့ software တွေ လွယ်လွယ်ကူကူရှာပြီး သွင်းနိုင်တယ်။ splash screen တက်အောင်လုပ်လို့ရတယ်။ ဒါတင်ဘယ်ကမလဲ ကျွန်တော်တို့ရဲ့ Music, Picture စတဲ့ Default folder တွေကို ကိုယ့်စိတ်ကြိုက်ပြောင်းလို့ရတယ်။ နောက်ပြီး Start Menu က Ubuntu logo လေးကို မကြိုက်ရင် Ubuntu Tweak နဲ့ လဲပစ်လိုက်လို့ရတယ်။ နောက်ပြီး My Computer , Trash စတာတွေကို Windows မှာလို Desktop ပေါ်မှာ ပေါ်အောင် လုပ်လို့ရတယ်လေ။ ဘာပဲပြောပြော Ubuntu အသုံးပြုသူအနေနဲ့တော့ သွင်းထားသင့်တယ်။ သူ့ကို download ချမယ်ဆိုရင်တော့ ဒီမှာ ရယူနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.