domain
-
Domain အကြောင်း မပြောခင် Network အကြောင်းလေး အရင် ပြောရအောင်။ Network တွေမှာ Computer တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါမှာ IP Address တွေ လိုအပ်ပါတယ်။ ဥပမာ။။ 192.168.0.1 လိုမျိုးပေါ့။ အဲဒီလို IP တွေရှိမှသာ computer တစ်ခုနဲ့ တစ်ခု ချိတ်ဆက်လို့ရပြီး Data တွေ Transfer လုပ်လို့ရမှာပါ။ ဘာနဲ့ တူသလဲဆိုတော့ အိမ်လိပ်စာတို့ ဖုန်းနံပတ်တို့လိုပေါ့။ အိမ်လိပ်စာရှိမှပဲ စာတွေ ပို့လို့ရမယ်။ ပစ္စည်းပို့ထားတာတွေ လက်ခံလို့ရမယ်။ အဲလိုပဲ။ IP address နဲ့ Network ပေါ်မှာ Computer တွေ အလုပ်လုပ်ကြပါတယ်။