-
မနေ့က flipboard အတွက် font တွေကို တော်တော်ရှာလိုက်ရတယ်။ iPad မှာက font တွေက အများကြီးပဲ။ Flipboard မှာ font 2 ခု လောက်သုံးထားတယ်။ Title font နဲ့ Content font မှာ Content font ပဲ ရှာတွေ့တယ်။ အခု Flipboard နဲ့တော့ မြန်မာစာကို ဖတ်လို့ရပြီ။ Title က မြန်မာလို ဆိုရင်တော့ မရသေးဘူး။
-
Flipboard ဆိုတာကတော့ iPad မှာ နာမည်ကြီး app ပါ။ သူက twitter ကို News Site လိုကြည့်လို့ရအောင် ဖန်တီးလို့ရပါတယ်။ Facebook Status တွေ နောက်ပြီး Titter မှာ ကိုယ် Follow လုပ်ထားတာတွေ Newspaper လို ကြည့်လို့ရတယ်ဗျ။ တော်တော်ကောင်းတယ်လို့ဆိုလို့ရမယ်။ Twitter က username တွေလည်း ထည့်ပြီး Newspaper လို ဖတ်လို့ရတယ်။ ဒီနေ့ စမ်းကြည့်တာ မြန်မာလို တွေ မပေါ်ဘူး။ အဲဒါကို ကျွန်တော် ဒီ weekend မှာ fixed ကြည့်လိုက်အုံးမယ်ဗျာ။ ဘာ font မှန်မသိတော့ လုပ်ရတာ နည်းနည်းခက်နေတယ်။