graphic

  • အခုတလော Photoshop အစား Pixelmator ကို သုံးဖြစ်တယ်။ Photoshop ထက်စာရင် ပေါ့ပေါ့ပါးပါးရှိသလို သုံးရတာလည်း photoshop အတိုင်းပါပဲ။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ဘူး။ သို့ပေမယ့် သူ့မှာ layer properties တွေတော့ မပါဘူး။ ပုံမှန် ပုံဖြတ်တာ ။ ပုံပြင်တာ စတာတွေတော့ အသုံးပြုလို့ရတယ်။ ရှိတဲ့ PNG file ကို ဖြုတ်ထုတ်တာတို့ ဒါမှမဟုတ် background အတွက် noise တွေ shape တွေ ထည့်တာတို့ စတာတွေတော့ ရတယ်။ နောက်ပြီး အခြား အသုံးဝင်တာတွေ အများကြီး ရှိပါသေးတယ်။ Tutorial ကိုတော့ http://www.pixelmator.com/tutorials/ မှာ ကြည့်လို့ရတယ်။ ရုတ်တရက်ကြည့်လိုက်ရင် tutorial တွေက အပျံစားတွေပဲ။…

  • Web Route ကို ဆွဲခဲ့ဖူးတာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက update လုပ်မယ် ဆိုပြီး ပြင်ထားတာ ဒီနေ့မှပဲ update လုပ်ဖြစ်တယ်။ ဘာတွေ ထပ်ဖြည့်လိုက်လဲဆိုတော့ CSS Framework ကို နေရာရွှေ့လိုက်တယ်။ Stylesheet Langauge ထပ်ဖြည့်ထားတယ်။ RDBMS ထပ်ဖြည့်ထားတယ်။ NoSQL ထပ်ဖြည့်ထားတယ်။ Framework အချို့ ဖြည့်ထားတယ်။ Google App Engine ဖြည့်ထားတယ်။ Nginx ထပ်ဖြည့်ထားတယ်။ Node.js ထပ်ဖြည့်ထားတယ်။ Git , SVN စတာတွေကို စုပြီး version control လို့ ပြောင်းထားတယ်။ jQuery Mobile ထပ်ဖြည့်ထားတယ်။