HTML

  • တစ်ချိန်တစ်ခါတုန်းက HTML နဲ့ 3D လုပ်မယ်ဆိုတာ စိတ်ကူးပဲရှိခဲ့တာပါ။ အခုအခါမှာတော့ လက်တွေ့ဖြစ်လာခဲ့ပြီ။ ကျွန်တော်တို့တွေ HTML design တွေကို 3D ပုံစံနဲ့ ဖန်တီးလို့ရနေပြီ။ အခုအချိန်က ပြီးပြည့်စုံတဲ့ 3D မဟုတ်သေးပေမယ့် နောက်တစ်ချိန်မှာ Web Design လောက အနေနဲ့ပြောင်းလဲစရာတွေ ဖြစ်လာနိုင်ပါတယ်။ Firefox 3.5 နဲ့ Safari 4 , Chrome 3 တို့မှာ 3D Effect တွေ ရရှိလာပြီလေ။ တကယ်ကို အံဩဖို့ ကောင်းပြီး အဲဒီ site ကို မြင်လိုက်ချိန်က ဟာ ခနဲ့ ဖြစ်သွားပါတယ်။ coding ပိုင်းကလည်း CSS လေးနဲ့ပဲ သုံးသွားတော့ ယုံတောင် မယုံနိုင်ဘူး။…

  • အခု HTML စာအုပ်ကို နည်းနည်းပြုပြင်ထားတယ်။ အဓိကတော့ design ပြင်လိုက်တယ်။ အရင်က InDesign နဲ့ရေးတယ်။ အခု Word နဲ့ပြောင်းပြီး ရေးထားတယ်။ PDF ပြောင်းလိုက်တော့ word က 1.38 MB လောက်ပဲရှိတယ်။ InDesing တုန်းက 3 MB လောက်ဖြစ်သွားတာကိုတွေ့ရတယ်။ အခုတော့ Word နဲ့ပဲ design တွေအစပြင်ထားပါတယ်။ စာတွေကတော့ အရင်စာတွေပါပဲဗျာ။

  • တင်ထားတာဖြင့် ဘယ် နှစ်ရက်မှ မရှိသေးဘူး…. HTML စာအုပ်ကို download ချလိုက်ကြတာ.. အယောက် ၁၀၀ ကျော်သွားပြီ… ကျေးဇူးပဲ ဗျို့.. အခုတလော မီးကလည်း မလာတော့.. လာတဲ့အချိန်လေး လုပ်စရာရှိတာကို လုပ်နေရလို့ blog တောင် မရေးအားဘူး.. ရေးမယ် စိတ်ကူးပေါ်လိုက်… မီးကပျက်နေလို့ မရေးဖြစ်လိုက်နဲ့…. ရေးတော့ ရေးအုံးမှာပါ… အခုတော့ ကိုယ့်အလုပ်လေးတွေ ပြီးအောင် လက်စသပ်ရအုံးမယ်..

  • ဖတ်ပြီးရင် ဝေဖန်ပေးပါအုံး… ရေးထားတာတော်တော်လေးကို ကြာပြီ… ကျောင်းပြီးကတည်းက ရေးထားတာ.. အခုမှပဲ public ချလိုက်တာ.. အစက သူငယ်ချင်းတွေကိုပဲ ဖတ်ခိုင်းထားတာ.. အရေးအသားက အခုချိန်ပြန်ဖတ်တော့ သိပ်မကောင်းသလိုပဲ… :P ဒါပေမယ့် HTML နဲ့ပတ်သက်ပြီး မြန်မာလို ဖတ်ရတာပေါ့.. http://www.mysteryzillion.org/forums/downloads.php?do=file&id=2