HTML5

  • HTML 5 စာအုပ်ကို online ပေါ်မှာ စပြီး ရောင်းတော့ အဓိက ပြဿနာက မြန်မာနိုင်ငံက ဝယ်မရတာ ပဲ။ ဝယ်ချင်တဲ့ သူတွေ ရှိပေမယ့် မြန်မာနိုင်ငံကနေ ဝယ်မရဘူးလို့ ဆိုပါတယ်။ Gumroad က မြန်မာနိုင်ငံကို ပိတ်ထားတဲ့ အတွက် ပြည်တွင်းကနေ ဝယ်မရတာပါ။ ဒါကြောင့် Stripe ကို ပြန်ပြောင်းရေးရပါတယ်။ Stripe ကို ပြန်ပြောင်းရေးတော့ အဓိက ပြဿနာက backend ပိုင်း code တွေ database တွေပါ ရေးရတာတွေ ပါလာပါတယ်။ ပြီးတော့ ပထမ ဆုံး အကြိမ် Stripe ကို အသုံးပြုတာကြောင့် စမ်းသပ်နေတာနဲ့တင် အချိန် တော်တော်ကြာသွားတယ်။ Gumroad ကို အသုံးပြုရင်တော့…

  • HTML5-Myanmar iOS app ကို App store ပေါ်မှာ download ချလို့ရပါပြီ။ မြန်မာလို ရေးသားထားတဲ့ HTML 5 စာအုပ်ပါ။ စာအုပ်ကို ၁ နှစ်ကျော်လောက် ရေးသားခဲ့ပြီးတော့ Online version အနေနဲ့ http://books.saturngod.net/HTML5/ မှာ ဖတ်နိုင်ပါတယ်။ Why App ? Epub သို့မဟုတ် iBooks version အနေနဲ့ မထုတ်ပဲနဲ့ ဘာကြောင့် app အနေနဲ့ ထုတ်လဲ ဆိုတော့ စာအုပ် စရေးကာစက ebook အနေဲ့ ရောင်းဖို့ ရေးဖြစ်ခဲ့တာပါ။ Online မှာ Free ပေးဖတ်ပြီးတော့ Offline အနေနဲ့ ebook ရောင်းမယ်ဆိုပြီး ရေးဖြစ်ခဲ့တယ်။ စာအုပ်ရေးပြီးဖို့ ၁…

  • ဧပြီလ ၂၀၁၃ မှာ စပြီးရေးခဲ့တဲ့ HTML 5 စာအုပ်ဟာ ဒီနေ့မှာ ပြီးသွားခဲ့ပါပြီ။ ရေးလိုက် နားလိုက်နဲ့ ၁ နှစ် နဲ့ ၂ လ လောက် ကြာသွားခဲ့တယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ တနှစ်တောင် ပြည့်သွားပြီ စာအုပ်ပြီးအောင် ရေးမယ်။ မပြီးမချင်း တခြား project မလုပ်ဘူးဆိုပြီး တောက်လျှောက်ရေးဖြစ်ခဲ့တယ်။ စာအုပ်မှာ အခန်း ၁၂ ခန်းပါဝင်ပါတယ်။ HTML အပြင် CSS , JavaScript အခြေခံ တွေ ပါထည့်သွင်းရေးထားပါတယ်။ သို့ပေမယ့် JavaScript နဲ့ အဓိက သုံးရတဲ့ Gelocation , Drag/Drop , Web Storage စတာတွေတော့ မပါဝင်လာပါဘူး။ စာအုပ်က…

  • HTML 5 စာအုပ်ကို စက်တင်ဘာလ ၂၀၁၃ ကတည်းကရေးနေပေမယ့် ဒီနေ့တော့ အခန်း ၉ ကို ပြီးသွားပါပြီ။ နောက်ဆုံး ရေးဖို့ ထားထားတဲ့ javascript နဲ့ canvas အခန်းပဲ ကျန်ပါတော့တယ်။ HTML 5 အကြောင်းရေးမယ်ဆိုတော့ CSS လည်း အနည်းငယ်သိဖို့ လိုသလို javascript လည်း သိဖို့လိုပါတယ်။ ဒါကြောင့် စာအုပ်ထဲမှာ CSS ကော javascript ပါ ထည့်ရေးဖို့ ဆုံးဖြတ်ထားတယ်။ အခုတော့ စာအုပ် တစ်အုပ်လုံး နီးပါး ပြီးနေပါပြီ။ အခန်း ၂ ခန်းပြီးရင်တော့ HTML 5 စာအုပ်ပြီးပြီလို့ ဆိုနိုင်ပါတယ်။ အခုတလော ရုံးအလုပ်ကလွဲပြီး ကျန်တဲ့ လုပ်လက်စ app တွေကော…

  • ဒီနေ့ ကိုသီ (Myanmar Tutorial) က ipad မှာ HTML website offline ရအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး facebook မှာ မေးထားတာ တွေ့လိုက်တယ်။ ဒါနဲ့ အရင်ကတည်းက ကြားဖူးတဲ့ HTML5 offline လေးကို စမ်းကြည့်ဖြစ်တယ်။ တစ်ခါမှတော့ ipad မှာ မစမ်းဖူးဘူး။ HTML 5 မှာ Cache Manifest ပါလာပါတယ်။ Google Chrome , Safari , firefox , opera စတာတွေမှာ support လုပ်ပါတယ်။ HTML5 cache ကို support လုပ်ဖို့ .htaccess မှာ [code lang=”text”]AddType text/cache-manifest .manifest[/code]…

  • သောကြာနေ့တိုင်းက Devfest ကိုသွားဖြစ်တယ်။ ရုံးက registration လုပ်ပေးထားလိုက်လို့ သွားလိုက်ရတာ။ အစက ရှိမှန်းတောင် မသိ။ ပွဲကတော့ အဓိက HTML5 နဲ့ Chrome အကြောင်းကို အဓိကပါပဲ။ ကျန်တာတွေက ကျွန်တော်လည်း သိပ်ပြီး စိတ်မဝင်စားမိဘူး။ App Engine ဆိုတာကကောင်းပေမယ့် Python သမားမဟုတ်တော့ ဘာမှမဟုတ်ပြန်ဘူး။ နောက်ပြီး Google က Google Storage အသစ်အကြောင်းလေး မိတ်ဆက်သွားတယ်။ နောက်ပြီး သဘောကျတာကတော့ Google Maps V3 API ပဲ။ သူပြသွားတဲ့ မိတ်ဆက်လေးကြည့်ပြီး ရန်ကုန်အတွက် Website လေးရေးကြည့်ရင် ကောင်းမလားလို့တောင် စဉ်းစားမိသေးရဲ့။

  • HTML စာအုပ်ကတော့ ရေးဖူးပါတယ်။ အခု HTML5 ရောက်လာတော့ စာအုပ်ထဲမှာ ထပ်ဖြည့်စွက်ဖို့ လိုတာလေးတွေ ရှိတယ်။ အခုတော့ နည်းနည်းခြင်းဆီ စုပြီး ဖော်ပြသွားပါမယ်။ HTML 5 မှာ အသစ်သုံးပြုလို့ရတဲ့ form attribute တွေကို MZ Edu မှာ ပြန်ရေးထားပါတယ်။ HTML5 နဲ့ ပတ်သက်တာလေးတွေကို နည်းနည်းခြင်းဆီ အပိုင်းလေးတွေ အလိုက် စုပြီး ဖော်ပြသွားပါမယ်။ http://edu.mysteryzillion.org/html5-form

  • HTML 5 section ကို ဒီနေ့မှ စမ်းကြည့်တယ်။ တော်တော်မိုက်တာပဲ။ contenteditable ကို အကြိုက်ဆုံးပဲ အရင်က content တွေကို editable ဖြစ်ဖို့ jquery နဲ့ ရေးရတယ်။ အခုတော့ လွယ်ပါ့။ editable ဖြစ်ချင်ရင် contenteditable ကို true ပေးလိုက်ရုံပဲ။ jquery နဲ့ ပေါင်းပြီး သုံးလိုက်တော့ inline edition က အရမ်းလွယ်သွားပြီ။ <section contenteditable=”true”>ဒီစာကို ပြင်လို့ရတယ်။</section> HTML5 ကို သဘောကျပြီး ကျလာတာတော့ အမှန်ပဲ။