NSObject

  • NSObject with NSUserDefaults

    ဒီနေ့တော့ တနေကုန်သွားတယ်။ NSMutableArray ထဲမှာ NSObject ထည့်ပြီးတော့ NSUserDefaults ထဲမှာ သိမ်းတာ လုံးဝကို မရဘူး ဖြစ်နေတယ်။ အစက NSMutableArray က သိမ်းမရဘူး ဖြစ်တာ ထင်ပြီး အဲဒီ keyword နဲ့လိုက်ရှာပြီး ဖြေရှင်းကြည့်သေးတယ်။ ပြီးမှစဉ်းစားမိတယ်။ အကြမ်းရေးထားတုန်းက  NSMutableArray ပါပဲ။ ဒါပေမယ့် NSObject မသုံးထားတာပဲ ရှိတယ်ဆိုပြီး စဉ်းစားမိပါလေကော။ အဲဒါ စဉ်းစားမိချိန်ကလည်း ညရောက်နေပြီ။ မနက်တုန်းက ရှာတုန်းကတော့ NSObject ကို NSUserDefaults ထဲ ထည့်လို့မရဘူး။ NSData ပြောင်း Archive လုပ်ပြီး ထည့်။ ပြီးမှ ပြန်ထုတ်တဲ့အခါမှာ NSData နဲ့ ပြန်ထုတ်။ Unarchive လုပ်။ ဘာတွေ မှန်းလဲ မသိ။