ကွန်ပျုတာ တက္ကသိုလ်

မြန်မာနိုင်ငံကွန်ပျုတာလောကတည်ရှိနေတာ အချိန်တော်တော်လည်းကြာလှပါပြီ။ မြန်မာနိုင်ငံက နိုင်ငံတကာ ကွန်ပျုတာလောနှင့် ယှဉ်ရင်တော်တော်လေးနောက်ကျနေပါပြီ။ ဘာကြောင့်လဲ……။ မြန်မာနိုင်ငံမှာ ကွန်ပျုတာ အခွေတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရပါတယ်။ လွယ်လွယ်ကူကူလည်း လေ့လာနိုင်ပါတယ်။ ဒါပေမယ့်လိုအပ်တာက အခွေတခုတည်းမဟုတ်ပါဘူး။ တွဲဘက် အသုံးပြုရမယ့် hardware အပိုင်းလည်းရှိသေးပါတယ်။ hardware တွေဈေးကကြီးတော့ တော်ရုံတန်ရုံမဝယ်နိုင်ပါဘူး။ ဝယ်ချင်ရင်လည်း မြန်မာနိုင်ငံမှာ ဝယ်လို့မရပါဘူး။ အဲဒီအချက်က တော်တော်ဆိုးဝါးတဲ့ အချက်ပါ။ နောက်ပြီး လေ့လာမှုပိုင်းက pro အဆင့်ကို ရောက်အောင်သင်ပေးနိုင်တဲ့သူ မရှိပါဘူး။ တော်တဲ့သူတွေကလည်းနိုင်ငံခြား ထွက်ကုန်ကျပြီ။ ထွက်တာကလည်း အပြစ်ဆိုလို့မရဘူးဗျ။ သူတို့ပိုက်ဆံနဲ့ သူတို့ပညာရှာတယ်။ ပညာစုံတော့ လခကောင်းကောင်းရပြီး တိုးတက်တဲ့နေရာကိုသွားတာဆိုတော့ သူတို့အပြစ်မဟုတ်ဘူးပေါ့။

ကွန်ပျုတာတက္ကသိုလ်မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်ဆိုတာ ကျောင်းသားတိုင်း ဆရာ ဆရာမတိုင်းသိပါတယ်။ ယခုခေတ်မှာ software, hardware, networking, graphic design and animation, audio engineering အပြင် တခြား ကျွန်တော်မသိတာတွေ ရှိပါသေးတယ်။ ကွန်ပျုတာတက္ကသိုလ်မှာကတော့ software, hardware ဆိုပြီး ၂ပိုင်းသာရှိပါတယ်။ ထို့ပြင် software ပိုင်းတွင် programming language များကို သိရုံတတ်ရုံသာသင်ကြားပေးနိုင်သည်။ လက်တွေ့မလုပ်ရသည်မှာ လွန်စွာဆိုးရွားလှသည်။ ထို့ပြင်စာသင်ကြားရာတွင် စာတွေ့သာရှိသည်။ စက်ခန်းထဲတွင် ကိုယ်တိုင်ကိုယ်ကျ လေ့လာဖို့မှာကျောင်းသားတာဝန်ပင်။ စိတ်မကောင်းစရာကား ကျောင်းသားတော်တော်များများက စက်ခန်းထဲမဝင်ကြဘူး။ ကျောင်းသားတော်တော်များများက ကျောင်းသာပြီးသွားတယ် သေသေချာချာလုပ်နိုင်သာ တစ်ခုမှမရှိပဲ ဟိုဟာတတ်သလို ဒီဟာတတ်သလိုဖြစ်ကုန်ကြကော။ hardware ပိုင်းမှာလည်း ဆရာ ဆရာမတွေက သင်တာသင်တယ် သူတို့ကိုယ်တိုင်တောင် လက်တွေ့မစမ်းဘူးဖူးဗျ။ တကယ်သင်သာတွေကတော့ ဘယ်နေရာမှာ ဘယ်လိုသုံးလဲဆိုတာ သိရင်တော့တော်တော်ကောင်းပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပေါ့ ။ သူ ကျောင်းပြီးတော့ circuit ပိုင်းလိုက်တဲ့ အခါမှ ကျောင်းကဟာတွေ အသုံးဝင်လာတာသိရတာ။ ဆရာ ဆရာမတွေက ဘယ်လိုနေရာတွေမှာ ဘယ်လိုသုံးတယ် ဆိုတာ မပြောနိုင်တော့ ကျောင်းသားတွေက စိတ်မဝင်စားဘူးဖြစ်ကုန်ကြတာ။ တကယ်ကျတော့ သင်ရတဲ့ subject တွေကမဆိုးဘူးဆိုရမယ်။ သင်တာမပြည့်စုံဘူးလို့ဆိုရမယ်။

ဒါကလည်း ဆရာ ဆရာမကြောင့်ဆိုလို့မရဘူးဗျ။ ဘာဖြစ်လို့လည်းဆို ဆရာ ဆရာမတွေကလည်း MSc အတွက် အလုပ်ရှုပ်နေတာ ။ စဉ်းစားကြည့်လေ စာလည်းသင်ရ ကိုယ့်စာလည်း ကိုယ်လုပ်ရဆိုတော့ မလွယ်တာအမှန်ပဲ။ ဒါကြောင့် စာတွေကိုလည်း ကိုယ်သင်ထားဘူး သလောက်ပဲ ပြန်သင်နိုင်တယ်။ အသစ်မလေ့လာနိုင်တော့ဘူး။ အမှန်တိုင်းပြောရင် ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် ကသေသေချာချာ ကိုယ့်ဘာကိုယ်လေ့လာတာ အကောင်းဆုံးပဲ။ ဒါဆိုစဉ်းစားစရာ တစ်ခုပေါ်လာတယ်။ “ဘာလို့ကွန်ပျူတာ တက္ကသိုလ်တက်နေတော့ မှာလဲ အပြင်မှာပဲတက်မှာပေါ့” ဆိုသော စကားများမှာ အမှန်မှာ မစမ်းပြေ။ တကယ်လည်းဟုတ်နေပါတယ်။ ကွန်ပျူတာ တက္ကသိုလ်က Theory ပိုင်းတွင် ကောင်းသော်လည်း လက်တွေ့ကတော့ သေသေချာချာမတတ်သာအမှန်ပါ။

အမှန်တိုင်းပြောရရင် ကွန်ပျူတာလောက တိုးတက်ဖို့က ကွန်ပျူတာ စိတ်ဝင်စားတဲ့ သူတိုင်း တစ်ယောက်နဲ့ တစ်ယောက် မလျှိုပဲ အတူတူပူးပေါင်းဆောင်ရွက်သင့်တယ်။ အခု မြန်မာနိုင်ငံ ကွန်ပျူတာလောကက ဘာနဲ့တူသလဲဆို ကျွန်တော်တို့ ကစားတဲ့ game ဖြစ်တဲ့Dynasty Warriors 4 ထဲကလိုပဲ အကုန်လုံး ပြန့်ကျဲနေပြီး လူတွေလိုက်စုပြီး ကိုယ့်ပြည်ကိုယ်တည်ထောင် သလိုဖြစ်နေတယ်ဗျ။ လူတော်တွေရှိပါလျက်နဲ့ ရှာရခက်တာလည်းတော်တော်ဆိုးတယ်

4 responses to “ကွန်ပျုတာ တက္ကသိုလ်”

  1. လူငယ်တစ်ဦး Avatar
    လူငယ်တစ်ဦး

    >>>>အမှန်တိုင်းပြောရရင် ကွန်ပျူတာလောက တိုးတက်ဖို့က ကွန်ပျူတာ စိတ်ဝင်စားတဲ့ သူတိုင်း တစ်ယောက်နဲ့ တစ်ယောက် မလျှိုပဲ အတူတူပူးပေါင်းဆောင်ရွက်သင့်တယ်။ အခု မြန်မာနိုင်ငံ ကွန်ပျူတာလောကက ဘာနဲ့တူသလဲဆို ကျွန်တော်တို့ ကစားတဲ့ game ဖြစ်တဲ့Dynasty Warriors 4 ထဲကလိုပဲ အကုန်လုံး ပြန့်ကျဲနေပြီး လူတွေလိုက်စုပြီး ကိုယ့်ပြည်ကိုယ်တည်ထောင် သလိုဖြစ်နေတယ်ဗျ။ လူတော်တွေရှိပါလျက်နဲ့ ရှာရခက်တာလည်းတော်တော်ဆိုးတယ်<<<<

    အခုဆိုရင် မြန်မာ Forum တွေလည်း ပြန့်ကျဲနေပါတယ်။
    Geek တွေကလည်း ကိုယ်နေနေကျနေရာကလွဲရင် မသွားတော့ဘူး။
    အဲဒီ့နေရာမှာ Geek တွေ ရန်ဖြစ်ရင်းနဲ့ လုံးဝထွက်သွားကြရင်လည်း နောက်ထပ် Forum အသစ်ပေါ်လာပြန်ရော။

    Myanmar Forum Founder များ စုဝေးပွဲ မျိုးတစ်ခုလောက် လုပ်သင့်တယ်ဗျ

    MZ က ဦးဆောင်လိုက်ရင် နောက်ကလိုက်လာကြမှာပါ။

    ပြီးတော့ ပူးပေါင်းကြပေါ့။
    အခုတော့ မြန်မာဖိုရမ်တွေ တစ်ခုနဲ့တစ်ခု တစ်ကွဲတစ်ပြားနဲ့ဆိုတော့ သိပ်မကောင်းဘူးဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading