ကွန်ပျူတာ တတိယနှစ်ပြီးသောအခါ

ကွန်ပျူတာ တတိယနှစ်ပြီးသောအခါ

တစ်နှစ် တစ်တန်း နဲ့ ဘာလိုလိုနဲ့ တတိယနှစ်တောင် အောင်သွားပြီ…..
မအောင်စရာ အကြောင်းလည်း မရှိဘူးလေ ၊ လူတိုင်းကို အောင်နေတာပဲ…
အတင်းကို အအောင်ပေးတာပဲ…
ကွန်ပျူတာက တစ်နှစ် တစ်နှစ်ပြီးသွားတဲ့ လူတွေက မနည်းဘူး….
ဒါပေမယ့် ကွန်ပျူတာ ပညာရှင်တွေတော့ မဟုတ်ကြဘူးဗျ….
ဘွဲ့လက်မှတ် ရမဲ့ သူတွေ..

ကွန်ပျူတာ တက္ကသိုလ်က A ခန်းကလူတွေကတော့ တကယ်တော်တယ်ဗျာ…
စာတော်တော်ကျက်နိုင်တယ်ဗျ…ကျွန်တော်ကတော့ စာကျက်လည်း မကျက်ချင်ဘူး… ကျက်ရမှာလဲ ဝါသနာ မပါဘူးဗျ… ဒါကြောင်း A ခန်းလည်း မရောက်ဘူး…

ကဲ..ဒါတွေထားလိုက်ပါ… တတိယနှစ်ပြီးတော့ ဘာဆက်လုပ်ရမလဲဆိုတာ ကောင်းကောင်းမသိတော့ဘူး…. တယောက်တမျိုးပေါ့ဗျာ… တချို့တွေက စင်္ကာပူထွက် ပြီး စာဆက်သင် ၊ တချို့ကျတော့လည်း Hones ဆက်တက် ၊ Hones မဝင်တဲ့သူတွေက MCSE တို့ ဘာတို့ ဖြေကြနဲ့ ၊ ဘာကြောင့်လည်းဆို သူတို့မှာ Computer Skill ကောင်းကောင်းမရှိကြဘူး ။ သူတို့မှာ ရှိတာက စာတွေ့များတယ်ဗျ… ကျောင်းက အဓိက သင်ပေးတာက Theory ပိုင်း… အဲမှာစတွေ့တာပဲ…လက်တွေ့ ကသေသေချာချာမရှိတော့ လုပ်ငန်းခွင်ဝင်တဲ့ အခါ ပြသနာနည်းနည်းတော့ဖြစ်နိုင်တယ်ထင်တယ်ဗျ ၊ ဒါကြောင့် သင်တန်းတွေဆက်တက်ကြတာကြောင့် Myanmar Info Tech ဝင်းမှာ Computer ကလူတွေပဲများနေတယ်… တက္ကသိုလ်နေရာပြောင်းသွားလားမှတ်ရတယ်….

အမှန်တိုင်းပြောရရင် Computer ကပြီးတော့သူတော်တော်များများက တခြား အလုပ်တွေပဲလုပ်ကြတာများတယ်။ ဒီပညာနဲ့တော့ အသက်မွေးတာ တော်တော်လေးရှားတယ်။ မြန်မာနိုင်ငံမှာက ဒီလိုင်းက လခ ကောင်းကောင်းမရတာလဲပါတယ်။ ဒါပေမယ့် programming ဆိုတာဘာလဲ။ OS ကဘယ်လို အလုပ်လုပ်လဲ။ Computer က ဘာတွေလုပ်လို့ရလဲဆိုတာ သိသွားတော့လည်းမဆိုးဘူးလို့ဆိုရမယ်။ ကျွန်တော်ကတော့ ဒီလိုင်းမှာပဲ ဆက်ရှိဖို့များတယ်ဗျ။ ဘာဖြစ်လို့လည်းဆို ကွန်ပျူတာကလွဲရင် ဘာမှ မတတ်ဘူးဗျ။ ဒါကြောင့် ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာ စဉ်းစားရင်း… စဉ်းစားရင်း..

2 responses to “ကွန်ပျူတာ တတိယနှစ်ပြီးသောအခါ”

  1. ဒီလိုပါဘဲ။ ကျွန်တော်တို့ UCSM ကျောင်းသားတွေလည်း UCSY နဲ့အတူတူပါဘဲ။

  2. ဒီလို့သိတယ်ဆိုရင်ပဲ ကျေနပ်နိုင်ရမယ်၊
    တစ်ချို့တွေက ဒါကြီးကိုပဲ မသိဟန်ဆောင်နေတာလား၊ မသိချင်တာလားမသိဘူး
    အဓိကကတော့ Theory ကို လက်တွေ့နဲ့ပေါင်းစပ်လိုက်ရင် ဘယ်လောက်ကောင်း
    လိုက်မလဲ။ ပြောကြည့် ပညာရှင်ထွက်ဖို့ဆိုတာ ပညာရှင်သင်နည်းနဲ့မှ ရမှာပေါ့။ ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading