ဉာဏ်လေးနည်းနည်းသုံးပြီး ဆရာမတွေကို သနားပါအုံးဗျာ..

ဒီနေ့ ကျောင်းသတင်းတစ်ခု VOA radio မှာပါလာတယ်..
ဘယ်ကျောင်းသားလည်းပြောလိုက်တာလဲတော့မသိဘူး…

ကျွန်တော်ကျောင်းသား ကျောင်းသူတွေ ဆရာဆရာမ တွေက ၈:၁၅ ဆိုရင် ဝင်လို့မရတော့ဘူး..
လမ်းလျှောက်ဝင်ရတယ်…
ကိုယ်ပိုင်ကားတွေပါတဲ့ကောင်တွေဆိုရင် လှည့်ပြန်ရတယ်…

ဒါပေမယ့် DSA ကလာသင်တဲ့လူတွေကတော့ ကားနဲ့ဝင်လို့ရတယ်..
ဘယ်အချိန်ပဲလာလာ… ကိုယ့်ကားလေးနဲ့ ဝင်သွားလို့ရတယ်…

ကျောင်းသားတွေ ဘာကြောင့် ကျောင်းနောက်ကျတာလဲ..
အဲဒီအချက်တွေလည်း ပြောထားတယ်လို့ပြောတယ်..
ကျွန်တော်လည်း မသိပါဘူး…
သူငယ်ချင်းပြန်ပြောတာ…
များများစားစား ကျောင်းအကြောင်းမပြောချင်ဘူး..
အော့နှလုံးနာလွန်းလို့….
ဘာဆိုဘာမှ မပြောချင်တော့တာ…
စိတ်ကုန်တာ အနှုတ်အမှတ်ကိုရောက်သွားပြီ…

second term ကစပြီး ကိုယ့်ကိုယ်ကို UCSY ကလို့ပြောရမှာ ရှက်တယ်…
တခြားနိုင်ငံက ကောင်တွေက ဟန်ပြ နာမည်ခံ ကျောင်းတဲ့ဗျာ..
တစ်ပတ်ကို စက်ချိန် ၁ နာရီ ခွဲပဲရှိတယ်…
ဒါလား ကွန်ပျူတာ တက္ကသိုလ်လားတဲ့…

ကျွန်တော် ဘာပြန်ပြောရမှာလဲ…
ဘာမှ ပြန်ပြောလို့မရဘူး..
မှန်နေတော့ခက်သား…
ဘာမှ ပြန်ပြောလို့မရဘူး…

အခုပုံစံကို ကြည့်ပါအုံး..
၂ ချိန်ဆက်ဆို ဆရာမတွေ သေပြီ…
၃နာရီ ၂၀ မိနစ်တောင် သင်ရတာ…
သေရောပေါ့..
ကျောင်းသားတွေလည်း စိတ်မပါ..
ဆရာမလည်း ပင်ပန်းပေ့ါ..
အဲလောက် ကျောင်းက အထက်ပိုင်းက ဉာဏ်ပြေးတာ…
တော်ပြီ.. စိတ်ကုန်တယ်..

3 responses to “ဉာဏ်လေးနည်းနည်းသုံးပြီး ဆရာမတွေကို သနားပါအုံးဗျာ..”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading