UCSY မှာ ဘွဲ့ရဖို့ လွယ်တယ်များထင်နေလား…

အင်း… အခု second term ရောက်တော့ ကျောင်းချိန်ကပြောင်းသွားပြီ…
အရင်တုန်းက 9:00 မှစတာ…
အခု ကျောင်းကို ၈ နာရီအရောက်တဲ့ဗျာ..
စိတ်ညစ်တယ်..
မနက်ဆို ၆ နာရီထရတယ်…..
ကျောင်းတောင် မတက်ချင်တော့ဘူး…
အဖေနဲ့ အမေကြောင့်သာ တက်နေရတာ…


အဲမပြီးသေးဘူး…
ပြန်ချိန်ကတော့ ၃ နာရီခွဲ…
တစ်နေ့ကို ၄ ချိန်တောင်သင်ရတာ…
၁ ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင် စာသင်ရတာ…
စိတ်တောင်ညစ်တယ်…
စာသင်ချင်စိတ်က ၄၅ မိနစ်တောင်မခံနိုင်ဘူး…
ကျွန်တော် ကြားဘူးတာတော့ ကျောင်းသား တစ်ယောက်က စာအသစ်ကို မှတ်သားဖို့က ၄၅ မိနစ်ထက် ပိုပြီး မမှတ်နိုင်ဘူးတဲ့…
အဲဒါကြောင့် ကျောင်းစာသင်ချိန်က ၄၅ မိနစ်ပဲထားတာတဲ့…
ငါတို့ UCSY က Computer သမားတွေဆိုတော့ IQ တော်တော်မြင့်တယ်ထင်လို့လားမသိဘူး..
စာသင်ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင်ထားတာ…
ကျောင်းဆင်းချိန်က မဆိုသလောက်လေးစောသွားတာပဲရှိတယ်…
အိပ်ရာထချိန်ကတော့ အရင်ထက် ၁နာရီစောထကရတယ်…
မမိုက်လိုက်တာဗျာ… ကျောင်းတော့ ၁ နာရီစောမဆင်းပဲနဲ့…

အဲဒါဘယ်လိုဖြစ်တာလဲဆိုတော့….
မနှစ်က ဝန်ကြီးလာတယ်….
အဲ…ဘာပြောတယ် မှတ်လဲ…
ကျောင်းသားတွေ စာသင်ချိန်က နည်းတယ်တဲ့…
ဆရာ ဆရာမတွေ ကလည်း အချိန်ပြည့်လည်း မဝင်ကြဘူးတဲ့…
သူဆို မနက် ၈နာရီကတေ ည ၈ နာရီလောက်ထိ အလုပ်လုပ်တာတဲ့…
လေတောင် သေလိုက်ချင်တယ်…
သူရတဲ့ စည်းစိမ်က ဆရာ ဆရာမရတဲ့ စည်းစိမ်ထက် ဆယ်ဆမကတာတော့ ထည့်မပြောဘူး…
ကျွန်တော်တို့ ဝန်ကြီးက အဲလို ဉာဏ်ပြေးတာ….

ဆရာ ဆရာမတွေလည်း သနားပါတယ်ဗျာ…
first term ပြီးကာနီးကဆိုရင် နားချိန်တောင်မရှိဘူး…
ကျောင်းသားတွေရောပဲ…
တချိန်ပြီးတာနဲ့… နောက်ဆရာမ တစ်ယောက်ထပ်ဝင်…
နည်းနည်းလေးမှ သေးပေါက်ချိန်တောင် မပေးပဲ… အမုန်းပဲ…
တကယ်ဉာဏ်ကြီးရှင် ဝန်ကြီးနဲ့ ပါချုပ်ပဲ…
ကျောင်းသား ကျောင်းသူ… ဆရာဆရာမတွေ ကို နှိပ်စက်နေသလိုဖြစ်နေတာကို သူတို့တွေ မသိဘူးလား…
ဒီမှာ ကျောင်းသား ကျောင်းသူတွေက ကျောင်းပြီးသာနဲ့ အလုပ်မရရင်နေမယ်… အိပ်ရေးမဝတာ နဲ့ စိတ်ရောဂါတွေ ဖြစ်ကုန်မလားမသိဘူး…

အဲ..ဆက်ပြောရအုံးမယ်…
၈နာရီခွဲ ကျောင်းမရောက်ရင်တော့ သေပြီတာမှတ်ပေတော့…
အရင်ကဆို ၂၁၂ bus ကားကို ကျောင်းထဲဝင်ခွင့်ပေးလို့ ကျောင်းကို ကျောင်းသားကျောင်းသူတွေက ကျေးဇူးတင်နေကြတာ…
အခုတော့ဗျာ… ထကြောင်ပြန်ပြီ… ပေးမဝင်ဘူးတဲ့ဗျာ… လဲသာ သေလိုက်ချင်တယ်…
၂၁၂က ကျောင်းထိပ်မှာ ရပ်…
ကျောင်းသားတွေက နေပူကျဲတဲနဲ့ မထိတထိလမ်းမ အရှည်ကြီးကို လမ်းလျှောက်လာရတယ်…
အဲ… အရိပ်ရစရာ အပင်တွေက များမှများ….
လမ်းတစ်လျှောက်လုံးမှာ တစ်ပင်ပဲရှိတယ်…
ပြောကိုမပြောချင်တော့ဘူး…
နှိပ်များစက်နေတာလားမသိဘူး..

အဲဒါတင်မပြီးသေးဘူးဗျာ…
ကိုယ်ပိုင်ကားနဲ့လာရင်တော့ ၈နာရီ၃၀ ဆိုရင်ပေးမဝင်ဘူး…
ကားကို ထိပ်မှာရပ်ထားတဲ့…
လဲသေလိုက်ပါလား…
ကိုယ့်ကား တစ်ခုခုဖြစ်သွားရင် ကျောင်းက တာဝန်ယူမှာ မို့လား…
တကယ်… သူတို့ကလည်းပြောမှာပေါ့…
ကျောင်းကို ၈ နာရီ အရောက်လာရမှာ မသိဘူးလားဆိုပြီး…
ဆိုးဝါးလိုက်တာဗျာ…
state ကျောင်းအတိုင်းပဲ…
အဲထက်တောင် ဆိုးတယ်…
တကယ်… ကျောင်းတက်ရတာကတော့ မလွယ်ဘူး…
UCSY မှာ ဘွဲ့လွယ်လွယ်ရမယ်လို့တော့ မတွေးလိုက်နဲ့တော့…
စာမေးပွဲဖြေရရင်တော့ အောင်မှာ… အောင်အောင်လည်းကြိုးစားလို့ရတာပဲ…
အဲ… ၇၅% မပြည့်မှာပဲစိုးရတယ်… စဉ်းစားကြည့်လေဗျာ…
ကျောင်းကို လာချင်စိတ်ရှိအောင်တော်တော်လေးလုပ်ထားတာကို…
ကျောင်းမှာက ဝတ်ရတာက uniform
နေရတာက state သာသာ…
ပျော်စရာနေရာဆိုလို့ နတ္တိ..
လယ်ကွင်းထဲမှာ ကျောင်းဆောက်ထားတာကိုး…
အခုတော့ပိုဆိုး.. ကျောင်းတက်ချိန်က အစောကြီး…
bus တွေကလည်း အထဲမဝင်…
အိပ်ရာထ နောက

်ကျရင်တော့ ကျောင်းတောင် မတက်ဖြစ်တော့မယ်အခြေအနေ…
အော် ၇၅% ပြည့်ဖို့မနည်းလုပ်ရမှာ…
UCSY မှာ ဘွဲ့ရဖို့ လွယ်တယ်များထင်နေလား…
စာမေးပွဲဖြေခွင့်ရအောင် အပင်ပန်းခံလိုက်ပါအုံးဗျာ… လို့ပဲ ပြန်ဖြေလိုက်ချင်တယ်..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.