About Google Chrome

ကျွန်တော်လည်း Chrome အကြောင်းကြီးပဲ ပြောပြောဖြစ်နေတယ်။ အခုလည်း ထပ်ပြောလိုက်အုံးမယ်။ Chrome မှာပါတဲ့ about အကြောင်းလေးတွေပေါ့။ Firefox မှာတုန်းကတော့ address bar မှာ about:config နဲ့သွားပြီး font တွေပြင်ခဲ့တာ မှတ်မိမှာပါ။ အခုလည်း Google Chrome မှာ about: တွေပါပါတယ်။ ရှိတဲ့ about တွေကတော့
* about:memory
* about:stats
* about:network
* about:internets
* about:histograms
* about:dns
* about:cache
* about:plugins
* about:version

စတာတွေပါ။

ကောင်းချက်တွေကလည်း တော်တော်တော့ လွန်တယ်ဗျာ။ about:memory ဆို တခြား ဖွင့်ထားတဲ့ browser တွေနဲ့ ယှဉ်ပြီး memory ယူနှုန်းကို ပြထားတယ်။ သူက ဘယ်လောက် အစားသက်သာတယ်ဆိုပြီးတော့ပေါ့လေ။ နောက်ပြီး Shift + Esc နှိပ်လိုက်ရင် Task Manger တက်လာတယ်။ Process တွေကို ကြည့်လို့ရပါ့ဗျာ။ plugin နဲ့ theme တွေ လိုချင်လား။ မပူပါနဲ့။ Chrome က ထပ်ထုတ်လိုက်ပြီလေ။ http://www.chromeplugins.org/ ဆိုပြီး။ Report တွေတောင် တင်လို့ရတယ်လို့ ဆိုသေးတာပဲ။ ဒါတောင် beta ပဲရှိသေးတယ်။ အမှန်အကန်ဆို ဘယ်လိုလာမလဲမသိဘူး။ Firefox နဲ့ IE ကလည်း ငြိမ်မှာမဟုတ်ဘူး။ IE 8 က မထွက်သေးဘူး။ Firefox 3 ထွက်တုန်းက ဟာ ခနဲ ဖြစ်သွားရတယ်။ Chrome ထွက်တော့လည်း ဟာ ခနဲ့ပဲ။ IE 8 ဆိုရင်ကော…..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.