About Google Chrome

ကျွန်တော်လည်း Chrome အကြောင်းကြီးပဲ ပြောပြောဖြစ်နေတယ်။ အခုလည်း ထပ်ပြောလိုက်အုံးမယ်။ Chrome မှာပါတဲ့ about အကြောင်းလေးတွေပေါ့။ Firefox မှာတုန်းကတော့ address bar မှာ about:config နဲ့သွားပြီး font တွေပြင်ခဲ့တာ မှတ်မိမှာပါ။ အခုလည်း Google Chrome မှာ about: တွေပါပါတယ်။ ရှိတဲ့ about တွေကတော့
* about:memory
* about:stats
* about:network
* about:internets
* about:histograms
* about:dns
* about:cache
* about:plugins
* about:version

စတာတွေပါ။

ကောင်းချက်တွေကလည်း တော်တော်တော့ လွန်တယ်ဗျာ။ about:memory ဆို တခြား ဖွင့်ထားတဲ့ browser တွေနဲ့ ယှဉ်ပြီး memory ယူနှုန်းကို ပြထားတယ်။ သူက ဘယ်လောက် အစားသက်သာတယ်ဆိုပြီးတော့ပေါ့လေ။ နောက်ပြီး Shift + Esc နှိပ်လိုက်ရင် Task Manger တက်လာတယ်။ Process တွေကို ကြည့်လို့ရပါ့ဗျာ။ plugin နဲ့ theme တွေ လိုချင်လား။ မပူပါနဲ့။ Chrome က ထပ်ထုတ်လိုက်ပြီလေ။ http://www.chromeplugins.org/ ဆိုပြီး။ Report တွေတောင် တင်လို့ရတယ်လို့ ဆိုသေးတာပဲ။ ဒါတောင် beta ပဲရှိသေးတယ်။ အမှန်အကန်ဆို ဘယ်လိုလာမလဲမသိဘူး။ Firefox နဲ့ IE ကလည်း ငြိမ်မှာမဟုတ်ဘူး။ IE 8 က မထွက်သေးဘူး။ Firefox 3 ထွက်တုန်းက ဟာ ခနဲ ဖြစ်သွားရတယ်။ Chrome ထွက်တော့လည်း ဟာ ခနဲ့ပဲ။ IE 8 ဆိုရင်ကော…..

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading