Angular JS

Angular JS
ပြီးခဲ့တဲ့ အပတ်က Angular JS ကို အသုံးပြုပြီး website Admin Panel ကို ရေးဖြစ်တယ်။ Mongodb , PHP ကို backend ထားပြီးတော့ Front End ကို Angular JS ကို အသုံးပြုထားတယ်။ Angular JS က google ကထုတ်ထားတဲ့ Superheroic JavaScript MVW Framework ပါ။

MVC နဲ့ ပဲ ရင်းနှီးတဲ့ သူတွေကတော့ MVW ဆိုတာ ဘာကြီးလဲဆိုပြီး မေးစရာဖြစ်သွားတယ်။ MVW ဆိုတာကတော့ Model View Whatever ပါ။ Mode View Controller နဲ့ပဲ ဖြစ်ဖြစ် Model View Presenter ပဲဖြစ်ဖြစ် Model View ViewModel ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။

AngularJS ကို ဒီလို အဓိပ္ပာယ်ဖွင့်ထားပါတယ်။

AngularJS is what HTML would have been, had it been designed for building web-apps. Declarative templates with data-binding, MVW, MVVM, MVC, dependency injection and great testability story all implemented with pure client-side JavaScript!

ကျွန်တော့် အတွက် အဓိကတော့ Model View Controller ကိုပဲ အသုံးပြုထားပါတယ်။

Example Code ကို တချက်ကြည့်ရအောင်

[code lang=”xhtml”]

<script type="text/javascript" src="http://code.angularjs.org/angular-1.0.1.min.js"></script>
</pre>
<div><label>Name:</label>
<input type="text" />

<hr />

<h1>Hello {{yourName}}!</h1>
</div>
<pre>

[/code]

JSFiddle မှာ AngularJS ကို exampleလေးကို run ကြည့်နိုင်ပါတယ်။

Textbox မှာ ရိုက်လိုက်တာနဲ့ Hello အနောက်က {{yourName}} မှာ လိုက်ပြောင်းသွားပါတယ်။

နောက်ပြီး RestFul API တွေနဲ့ ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။ သို့ပေမယ့် file upload feature ကတော့ မရသေးပါဘူး။

Angular JS ကို အသုံးပြုတဲ့အခါမှာ website front end coding ကတော့ တော်တော်ရှင်းသွားတယ်။

PHP coding တွေ ကို လုံးဝ မပါအောင် ရှောင်ပြီး ရေးနိုင်တယ်။ သို့ပေမယ့် ပြဿနာက Security ပဲ။ HTTP digest authentication ကို အသုံးပြုပြီးတော့ backend API နဲ့ အလုပ်အတူတူလုပ်နိုင်ပါတယ်။ backend API ကိုတော့ https အသုံးပြုထားတာ အကောင်းဆုံးပါပဲ။

အခုနောက်ပိုင်းမှာ web ကို ရေးတော့မယ်ဆိုရင် API ကို အရင် စဖြစ်တယ်။ Front End ကိုတော့ အခု Angular JS နဲ့ သုံးပြီး Backend API နဲ့ တွဲလုပ်တာ အဆင်ပြေတယ်။ ပြီးရင် API ကိုပဲ iOS မှာ အသုံးပြုလို့ရတဲ့ အတွက် ၂ ခေါက် မပင်ပန်းတော့ဘူး။

အချိန်လေးပေးနိုင်တယ်ဆိုရင် Angular JS ကို လေ့လာကြည့်ပါ။ အစလေးက လွယ်ပေမယ့် အထဲရောက်လေလေ ရှုပ်လေလေတော့ ဖြစ်တယ်။ Tutorial တွေ တော်တော်များများဖတ်ရတယ်။ နောက်ပြီးတော့ Open Source code တွေ လိုက်ဖတ်ရတယ်။ သူ့မှာက API တွေ အရမ်းများတဲ့အတွက် ဘယ်အချိန်မှာ ဘယ်လို သုံးရလဲဆိုတာ သိဖို့ လက်တွေ့ ရေးထားတဲ့ code ကို လေ့လာမှ ပိုအဆင်ပြေပါတယ်။


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Up Next:

Sar FAQ

Sar FAQ