Payment Systems in Myanmar

App တစ်ခု website တစ်ခုမှာ payment ထည့်မယ် ဆိုရင် အခြားနိုင်ငံနှင့် မတူပဲ မြန်မာနိုင်ငံမှာ ကတော့ အဓိကအားဖြင့် telephone operator ကို သာအသုံးများပါတယ်။ နိုင်ငံတကာမှာတော့ Master/Visa ရှိသည့်အတွက်ကြောင့် လွယ်လင့်တကူ အသုံးပြုနိုင်ပေမယ့် iOS/Android အတွက် IAP ကို အသုံးပြုနိုင်ပေမယ့် ပြည်တွင်းမှာတော့ အဆင်မပြေပါဘူး။

ပြည်တွင်းမှာ အဓိအားဖြင့် Operator နှင့် ဘဏ်ကို အဓိက ထားသုံးကြပါတယ်။ လက်ရှိ ပြည်တွင်းများ အသုံးများသည့် စနစ်တွေကတော့

  • Phone Bill
  • Cash On Delivery
  • ဘဏ်/wave မှ ငွေလွှဲခြင်း
  • 123 services
  • iBanking မှ ပေးချေခြင်း (quick pay)
  • MPU

စသည် တို့ အသုံးပြုပါတယ်။ Master/Visa ကို အသုံးပြုဖို့ က အဆင်မပြေပါဘူး။ ငွေလက်ခံသည့် မြန်မာ နိုင်ငံမှ ဘဏ်တွေဟာ အချို့ နိုင်ငံက ကဒ်တွေကို လက်ခံ သည့် အခါမှာ အဆင်မပြေတာတွေ ရှိပါတယ်။

Phone Bill

Operator တွေနှင့် ငွေချေခြင်းကတော့ အနည်းငယ် ရှုပ်ထွေးပါတယ်။ Operator တွေ အနေနဲ့ ကိုယ့်ရဲ့ App/Product ကို review လုပ်သည့် အချိန် ၊ သုံးခွင့်ပေးမပေး စတာတွေ ရှိပါတယ်။ ပြီးလျှင် business deal တွေ လုပ်ရပြန်ပါသေးတယ်။ ပုံမှန် Telenor ဆိုရင် 35% ပေးရပါတယ်။ MPT ကတော့ busines deal ပေါ်မှာ မူတည်ပြီးတော့ 40% ကနေ 60% အထိ ရှိတတ်ပါတယ်။ Ooredoo ကတော့ 50% ပေးရပါတယ်။ တနည်းဆိုရင် ကိုယ်က မြန်မာငွေ ၁၀၀၀ ကျပ်နှင့် ရောင်းရင် telenor နှင့်ပေးချေသူ ဖြစ်ရင် ၆၅၀ ကျပ် ကိုယ် က ရပါမယ်။ MPT, Ooredoo ဆိုရင်တော့ ၅၀၀ ကျပ်ပဲရပါမယ်။

အသေးစား ငွေပေးချေမှုအတွက်သာ အဆင်ပြေပါတယ်။ ၁၀၀၀ , ၂၀၀၀ စသည့် payment အသေးစားတွေ အတွက်သာ အဆင်ပြေပါတယ်။ Operator တစ်ခု ခြင်းစီကို ညှိနှိုင်းဖို့ လိုပါတယ်။ အကယ်၍ မညှိပဲ အလွယ် တကူ integration လုပ်ချင်ရင်တော့ codapay ကို အသုံးပြုနိုင်ပါတယ်။ codapay ကို အသုံးပြုသည့် အတွက် ပုံမှန် operator ကို ပေးခြင်း အပြင် service ဖိုးပါ ထပ်ပြီး ပေးဖို့ လိုပါတယ်။

Cash On Delivery

အိမ်ရောက်မှ ငွေပေးစနစ်ပါ။ အခုနောက်ပိုင်း မြန်မာ့စာတိုက် က အဲဒီ service ကို ဝန်ဆောင်မှု ပေးနေပါပြီ။ အခြား delivery တွေကလည်း အဲဒီ ဝန်ဆောင်မှုရှိပါတယ်။ အသုံးပြုသည့် service ပေါ်မှာ မူတည်ပြီး ဈေးနှုန်း ကွာခြားမှုရှိပါတယ်။ Digital Content တွေ အတွက်ကတော့ အဆင်မပြေပါဘူး။ E-Commerence တွေအတွက်ကတော့ အဆင်ပြေပါတယ်။ System မှာတော့ payment status ကို manual ပဲ ပြင်ပေးဖို့ လိုပါတယ်။

ဘဏ်/wave မှ ငွေလွှဲခြင်း

E-Commerence တွေ အတွက် အဆင်ပြေပါတယ်။ အထူးသဖြင့် နယ် ကို ပစ္စည်းပို့သည့် အခါမှာ ဘဏ် သို့မဟုတ် wave ကနေ ငွေလွှဲခြင်း ပြုလုပ်ခိုင်းကြပါတယ်။ အခြား service တွေလို အကျိုးဆောင် percentage တွေ ခွဲပေးဖို့ မလိုပါဘူး။ System မှာတော့ payment status ကို manual ပဲ ပြင်ပေးဖို့ လိုပါတယ်။

123 services

123 services ဆိုတာကတော့ online ကနေ 123 နှင့် ပေးလိုက်ရင် pay slip ထွက်လာပါမယ်။ ပြီးလျှင် payslip ကို နီးစပ်ရာ 123 services ရှိသည့် ဆိုင်မှာ သွားပေးသွင်းရင် ရပါပြီ။ 123 services နှင့် ချိတ်ဆက်ထားသည့် backend system ကို backend call ခေါ်ပေးပါလိမ့်မယ်။ payment status ကို အလိုအလျောက် update လုပ်ပေးနိုင်ပါတယ်။ Digital Content ဖြစ်ဖြစ် ရုပ်ရှင်လက်မှတ် ဖြစ်ဖြစ် E-Commerenece မှာ ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။

iBanking

မြန်မာနိုင်ငံ က iBanking စနစ်မှာ bill payment ပေးဖို့ ပါပါတယ်။ KBZ မှာတော့ quick pay လို့ ခေါ်ပါတယ်။ Bank နှင့် တိုက်ရိုက် integration လုပ်ဖို့ အတွက်ကတော့ ဘဏ် နှင့် ချိတ်ပြီး စကားပြောဖို့ လိုပါတယ်။ ပုံမှန် အတိုင်း ဒီအတိုင်း အချိတ်အဆက် မရှိလျှင်တော့ အနည်းငယ် ခက်ခဲမှုတွေ ရှိနိင်ပါတယ်။

MPU

MPU က လူသုံးနည်းပါတယ်။ သုံးရတာ အဆင်မပြေတာလည်း ပါတယ်။ အဓိက အဆင်မပြေသည့် အပိုင်းက email ရှိမှ အသုံးပြုလို့ရပါမယ်။ email ရှိမှ ဖွင့်လို့ရမှ ဖြစ်သည့် အတွက်ကြောင့် ဘဏ်တွေက ကဒ်ထုတ်တာနဲ့ တစ်ခါတည်း ဖွင့်မပေးနိုင်ပါဘူး။ transcation rate က နည်းပေမယ့် အသုံးပြုသူတွေမှာ email ရှိဖို့ လိုတယ်။ OTP ကို email ကနေ ရယူပြီး ထည့်သွင်းဖို့ လိုတယ်။ သာမာန် user တွေ အတွက် အဆင်မပြေဘူး။ email သုံးတတ်သည့် သူတွေ နောက်ပြီး e-commerence ကို ဖွင့်ဖို့ ဘဏ်မှာ ပြောဖို့ လိုတယ် ဆိုသည့် လူတွေ အတွက်သာ အဆင်ပြေပါတယ်။ MPU က Master/Visa တို့ထက် ဈေး အများကြီး သက်သာ ပါတယ်။ transaction အတွက် 0.2% + 200 Kyats သာ ပေးရပါတယ်။ သို့ပေမယ့် လူသုံးနည်းတယ်။ MPU ကို phone SMS အနေဖြင့် ပြောင်းလဲ နိုင်ခဲ့ရင်တော့ ချက်ခြင်း လူသုံးများလာနိုင်ပါတယ်။ MPU integration လုပ်ဖို့ အတွက် ကိုယ့် company account ရှိသည့် bank မှာ ပြောလိုက်ရင် ရပါတယ်။ Integration လုပ်ရတာ ဘဏ် နဲ့ လုပ်ရတာ ဖြစ်သည့် အတွက်ကြောင့် အနည်းငယ် ကြာတတ်ပါတယ်။ code ကတော့ ၃ ရက် လောက် နဲ့ ပြီးနိုင်ပေမယ့် လိုအပ်သည့် အချက်အလက်တွေ ဘဏ် နဲ့ ရဖို့ က ၂ ပတ် ဝန်းကျင်လောက် ကြာနိုင်ပါတယ်။

Payment Integration တွေကတော့ အထက်ပါအတိုင်းဖြစ်ပြီး integration ကတော့ operator , 123, iBanking စတာတွေ အတွက် လုပ်ဖို့ လိုပါတယ်။ ပုံမှန် အားဖြင့် ၂ ပတ်ကနေ ၃ လ လောက်ထိ ကြာတတ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.