Payment Systems in Myanmar

App တစ်ခု website တစ်ခုမှာ payment ထည့်မယ် ဆိုရင် အခြားနိုင်ငံနှင့် မတူပဲ မြန်မာနိုင်ငံမှာ ကတော့ အဓိကအားဖြင့် telephone operator ကို သာအသုံးများပါတယ်။ နိုင်ငံတကာမှာတော့ Master/Visa ရှိသည့်အတွက်ကြောင့် လွယ်လင့်တကူ အသုံးပြုနိုင်ပေမယ့် iOS/Android အတွက် IAP ကို အသုံးပြုနိုင်ပေမယ့် ပြည်တွင်းမှာတော့ အဆင်မပြေပါဘူး။ ပြည်တွင်းမှာ အဓိအားဖြင့် Operator နှင့် ဘဏ်ကို အဓိက ထားသုံးကြပါတယ်။ လက်ရှိ ပြည်တွင်းများ အသုံးများသည့် စနစ်တွေကတော့ Phone Bill Cash On Delivery ဘဏ်/wave မှ ငွေလွှဲခြင်း 123 services iBanking မှ ပေးချေခြင်း (quick pay) MPU…More

Yangon Map Updated – Offline Search

Yangon Map Offline (android) version ကို ထပ်ပြီးတော့ update လုပ်ထားပါတယ်။ အခု version မှာတော့ offline search ကိုပါ ထည့်သွင်းထားပါတယ်။ နောက်ပြီး နေ့စဉ် search database ကို update လုပ်နိုင်ပါတယ်။ Search Database က 7 MB လောက် ရှိပါတယ်။ နေ့တိုင်း size က map ကို update လုပ်ရင်း တိုးတိုးသွားပါလိမ့်မယ်။ ဒါကြောင့် တစ်လ တစ်ခါ ဒါမှမဟုတ် တစ်ပတ် တစ်ခါ update လုပ်ရင် လုံလောက်မယ်လို့ ထင်ပါတယ်။ Search လုပ်တဲ့ အခါမှာတော့ မြို့နယ်တွေ မပါဝင်သေးတော့ ဘယ်မြို့နယ်က လမ်း…More

Yangon Map Offline (OSM , Android)

ရန်ကုန်မြို့အတွက် offlien မြေပုံကို Android အတွက် ဒီမှာ downlaod ချနိုင်ပါတယ်။ Why Offline ပြီးခဲ့ နှစ်က ရန်ကုန်ပြန်တုန်းက ကားမောင်းတော့ လမ်းတွေ မသိတာနဲ့ ကားရပ်ပြီး Google Map ကို ပြန်ကြည့်ရတယ်။ Connection က မကောင်းတော့ offline map လေး ရှိရင် အဆင်ပြေမှာပဲ ဆိုပြီး စဉ်းစားမိခဲ့တယ်။ ဒါနဲ့ ဒီတစ်ခေါက် ခဏ ပြန်တော့ မြေပုံ App တွေ ရှာကြည့်တော့ iOS မှာ ဆိုရင် Maps.me ( iOS , Android ) Galileo ( iOS , Pro, iOS ,…More

Yangon 2013

ဒီနှစ် iOS bootcamp လုပ်မှာဖြစ်လို့ ရန်ကုန်ကို ၁ ပတ်လောက် ပြန်ဖြစ်တယ်။ D Form မလိုတော့ဘူးဆိုတဲ့ အတွက်ကြောင့် ရန်ကုန် လေဆိပ် အဝင်မှာလည်း ဘယ်နေ့ပြန်မယ်ဆိုတာ ပြောစရာ မလိုသလို သူတို့လည်း မပေးပါဘူး။ တွေ့တွေ့ခြင်း မင်္ဂလာပါလို့ immigration က နှုတ်ဆက်ပါတယ်။ Arrival Card နဲ့ Passport ပေးလိုက်ပြီးတော့ ခဏနေတော့ ပြန်ပေးပါတယ်။ တော်တော်လေးကို အလုပ်လုပ်တာ မြန်လာတယ်လို့ ဆိုရမယ်။ ကျွန်တော် ပြန်တဲ့ လေယာဉ်မှာတော့ မြန်မာထက် နိုင်ငံခြားသား ပိုများတယ်။ စလုံးက တရုတ်တွေ တော်တော်များတာကို တွေ့ရတယ်။ လေယာဉ်ကွင်းကို နာရီဝက်နောက်ကျမှ လေယာဉ်ဆိုက်ဖြစ်တယ်။ ကျွန်တော်တို့ကို မကြာမှီ ဆင်းသက်ပါတော့မယ်ပြောပြီး တော်တော်နဲ့ မဆင်းဘူး။ လေယာဉ်ကွင်းမှာပဲ နေရာ…More

Yangon

ရန်ကုန်မြို့ပေါ် ရောက်ရောက်ခြင်း ကြုံတွေ့ရတာကတော့ ရန်ကုန်လေယာဉ်ကွင်းကြီးပဲ။ ဘာမှ ထွေထွေထူးထူး ပြောင်းလဲ မှုမရှိတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပါပဲ ။ ရန်ကုန်လေဆိပ်ကို တခြားသူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျတယ်။ အရမ်းရှင်းတယ်။ လမ်းက ဒီတစ်လမ်းပဲ ရှိတယ်။ ချန်ဂီ လေယာဉ်ကွင်းတို့ သုဝဏ္ဍဘူမိ လေယာဉ်ကွင်းတို့လို့ တစ်နေရာသွားဖို့ ဟိုဟာဖတ်ရ ဒီဟာ ဖတ်ရတာတွေ တစ်ခုမှ မရှိဘူး။ ဝင်လည်း ဒီလမ်းကြောင်းပဲ။ ပြန်ထွက်တော့လည်း ဒီလမ်းကြောင်းပဲ။ ထွေထွေထူးထူး ကြည့်နေစရာမရှိဘူး။ custom မှာလည်း အေးအေးဆေးဆေးပဲ။ အရင်ကနဲ့တောင် မတူတော့ဘူး။ ကိုယ့်နိုင်ငံကို ကိုယ် သက်တောင့်သက်တာ ပြန်လို့ရလာတာ ဝမ်းသာစရာပဲ။ အရင်တုန်းကတော့ အိပ်တွေကို ဖွင့်ဖွင့်စစ်လို့ ဖွင့်ရ ပိတ်ရ လုပ်ရတာ တော်တော်…More

So sad new, today

ဒီနေ့ ကြားတဲ့ သတင်းက လုံးဝ စိတ်ထဲမကောင်း။ စဖြစ်ကတည်းက ကိုညီလင်းဆက် facebook တင်လိုက်တာကနေ သတင်းတွေ တောက်လျှောက်တက်လာတယ်။ twitter မှာလည်း တောက်လျှောက်ပဲ။ news website တွေမှာလည်း သိပ်မကြာလိုက်ဘူး တက်လာတာပဲ။ သြင်္ကန်ကြီးမှာ အဲလိုဖြစ်တဲ့အတွက် စိတ်မကောင်းစရာပါပဲ။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူ ထပ်မျှ ကြေကွဲ ခံစားရပါတယ်ဗျာ။ တကယ်ကို ဘာပြောရမှန်းမသိတော့တာ။ ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်သွားတာကတော့ စိတ်မကောင်းစရာပဲ။ ရန်ကုန်က မိသားစုက ဥပုဒ်စောင့်ပြီး သြင်္ကန်ထွက်မလည်တော့ သတင်းကြားပေမယ့် စိတ်မပူပေမယ့် သေဆုံးစာရင်းကြားတော့ တကယ်ကို စိတ်မကောင်းဖြစ်သွားတာ။ ဆဲဆိုရင်လည်း မထူးတဲ့ကောင်တွေပဲလေ။ ဓာတ်ပုံတွေကိုတော့ ကိုညီလင်းဆက် Blog မှာ သွားကြည့်လို့ရပါတယ်။ ဘယ်သူပဲဖောက်ဖောက် ဘယ်အဖွဲ့အစည်းကပဲ ဖောက်ဖောက် ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။…More

No Git , No SVN

ရန်ကုန်ပြန်ရောက်တော့ ဆိုးဆိုးရွားရွား ခံစားရခက်တာက မီးပြတ်တာတွေ အင်တာနက်မရတာတွေ မဟုတ်ဘူး။ တကယ်ခံစားရခက်ခဲ့တာက git မရတာပဲ။ ရန်ကုန်ရောက်တော့ လူကလည်း အားတာနဲ့ ornagai ကို တော်တော်လေး ရေးဖြစ်တယ်။ နောက်ပြီး ကိုယ့် framework လေးကိုလည်း ရေးဖြစ်တယ်။ git မရတာတော့ တော်တော်ဆိုးတယ်။ လူက အကျင့်ပါနေတာလားတော့ မသိဘူး။ နည်းနည်းလေး ပြင်ပြီးရင် git ပေါ်တင်လိုက်ရမှ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်အချက်တွေ အသစ်ပြင်ထားတယ်။ ဘယ်အချက်တွေက ဘာတွေလည်း ဆိုတာ သိရအောင်ပေါ့။ အခု ornagai မှာ ပြင်လိုက်တာ အများကြီးပဲ။ apiwork ကိုလည်း databae ပိုင်းကို ပြင်ချထားတွေအပြင် အခြား class အသစ် ထပ်ဖြည့်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် တစ်ဆင့်ပြင်ပြီးတိုင်း…More

Ygn may do like UCSY ?

အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို…More