Zawgyi 2009 & Ornagai

Zawgyi 2009 မှာ ornagai က စပြီး ပြဿနာ စကြုံနေရတယ်။ ဘာပြဿနာလဲဆိုတော့ ပက်ဆင့် ပြဿနာပဲ။ အခြားဟာတွေက normalize လုပ်ထားတော့ ကိစ္စမရှိပေမယ့် ပက်ဆင့်က storage ပုံစံပြောင်းသွားတယ်။ ပက်ဆင့်အတွက် code point နှစ်ခု သွားသိမ်းတယ်။ zawgyi 2008 သုံးက တစ်ခုပဲ သိမ်းထားတယ်။ အခု စဉ်းစားနေတာ ဘာဆက်လုပ်ရမလဲဆိုတာကိုပေါ့။ 2008 နဲ့ပဲ ရှာရှာ 2009 နဲ့ပဲရှာရှာ ရအောင်လုပ်ရမယ်လေ။ 2008 က ပက်ဆင့်တွေက 2009 မှာ ဖတ်လို့ရတယ်။ ဒါပေမယ့် 2009 က ပက်ဆင့်တွေကို 2008 မှာ ဖတ်လို့မရဘူး။ အဲဒီဟာကို စဉ်းစားနေတာ။ 2009 ကို 2008 format ပြောင်းတဲ့ system ထည့်ရင်ကောင်းမလားပေါ့။ အခုပြဿနာ တစ်ရပ်က ဘာလဲဆိုတော့ မေတ္တာဆိုတဲ့ စာလုံးဆိုပါဆို့

Zawgyi 2008

မေတ္တာ = U+1031 U+1019 U+1010 U+1071 U+102C

အဲလိုသိမ်းတယ်။

Zawgyi 2009

မေတ္တာ = U+1031 U+1019 U+1010 U+103F U+1010 U+102C

ဆိုပြီး သိမ်းတယ်။ 2009 မှာ 2008 နဲ့ ပက်ဆင့် သိမ်းပုံကွာသွားတယ်။ အဲဒါ searching မှာ ပြဿနာ ဖြစ်တာပဲ။ အခု အချိန်မှာ ကျွန်တော့်မှာ စဉ်းစားစရာ နှစ်ခုဖြစ်နေတယ်။

၁။ လက်ရှိ ၂၀၀၈ အားလုံး ၂၀၀၉ ပြောင်းလိုက်ခြင်း။

၂။ ၂၀၀၉ နဲ့ ဝင်တဲ့ ပက်ဆင့်တွေကို ၂၀၀၈ ပြန်ပြောင်း။

Method 1

အဲဒီနည်းက convertor တစ်ခုတော့ ရေးရမယ်။ တနည်းပြောရင် ပြန်ပြီး normalize ပြန်လုပ်ရမယ်ပေါ့။ ၂၀၀၈ data တွေအားလုံး ၂၀၀၉ ပြောင်းလိုက်တဲ့နည်းပဲ။ ဒါပေမယ့် ပြဿနာက ၂၀၀၈ နဲ့ ရှာတဲ့လူတွေကို ၂၀၀၉ normalize ပြန်လုပ်ပေးရမယ်။

Method 2

ဒီနည်းကတော့ ၂၀၀၉ ဝင်သမျှကို ၂၀၀၈ ပြောင်းပြီး ပြတဲ့နည်းပဲ။ ၂၀၀၉ကလည်း ၂၀၀၈ ကို ကောင်းကောင်းဖတ်လို့ရတော့ အဆင်ပြေမယ်ထင်တယ်။

လက်ရှိတော့ အဲဒီ နည်းလေးပဲ စဉ်းစားထားတယ်။ နောက်ပိုင်း Method 1 ပြန်ပြောင်းရင်ပြောင်းမှာပေါ့။ ၂၀၀၉ က release မလုပ်သေးဘူးလေ။ အခုအထိ စမ်းသပ်ဆဲအဆင့်ဖြစ်ပြီး ဘယ်လောက်ထိ ရောက်လာမလဲမသိဘူး။ ၂၀၀၈ ထက်တော့ အများကြီးကောင်းတယ်။ ခက်တာက storage က ပက်ဆင့်အတွက် ပြောင်းသွားတာက နည်းနည်းဆိုးတယ်။ နောက်မို့ဆို တော်တော်အဆင်ပြေသွားပြီ။ ၂၀၀၉ က တိုင်းရင်းသား စာလုံးတွေပါ ထည့်လို့ရအောင်ဆိုပြီး အဲလိုပက်ဆင့် storage ကို သိမ်းလိုက်တယ်လို့ ကိုစိုးမင်းက ပြောဘူးတယ်။

အခုတော့ Aug version အတွက် လုပ်နေတယ်။ tsv file ပြန်ထုတ်ပေးနိုင်အောင် တော်တော်လေး ပြန်စစ်နေတယ်။ အရင်က မှားနေတဲ့စာလုံးတွေ ထည့်ထားတာလေးတွေ့ရတယ်။ အဲဒါတွေကိုပါ ပြန်ဖြုတ်ထားတယ်။

10 Comments

  1. MrDBA says:

    Only Good Comments are allowed,
    ဆိုလို့ အရင်လို လွတ်လွတ်လပ်လပ် လာမပြောရဲတော့ပါဘူး။ သွားလိုက်ပါဦးမယ်။
    နှစ်မျိုးဖြစ်နေတာကို တစ်မျိုးထဲဖြစ်အောင် ပြန်ပြောင်းလိုက်ပေါ့။ အေးနေတာကို။ တစ်ကြိမ်ဘဲ အပင်ပန်းခံလိုက်

    1. saturngod says:

      ဒီလူကြီး တော်တော်နောက်တယ်.. :P
      ဟုတ်… တချက်ပြောကြည့်ပါအုံးမယ်..

  2. Mark says:

    to convert from current zawgyi to new one

    you can just use this python code

    http://newzawgyi.googlecode.com/svn/migration.zawgyi.original.to.new/python/

    or

    replace following characters , thats all

    —ု —ု
    —-ူ —ူ
    —ါ် —ါ်
    —-္က ္က
    —-္ခ ္ခ
    —-္ဂ ္ဂ
    —-္ဃ ္ဃ
    —-ၤ ၤ
    —-္စ ္စ
    —-္ဆ ္ဆ
    —-္ဆ ္ဆ
    —-္ဇ ္ဇ
    —-္ဈ ္ဈ
    —-ဉ ဉ
    —-ည ည
    —-္ဋ ္ဋ
    —-္ဌ ္ဌ
    —-ဍ္ဍ ဍ္ဍ
    —-ဍ္ဎ ဍ္ဎ
    —-္ဏ ္ဏ
    —-္တ ္တ
    —-္တ ္တ
    —-္ထ ္ထ
    —-္ထ ္ထ
    —-္ဒ ္ဒ
    —-္ဓ ္ဓ
    —-္န ္န
    —-္ပ ္ပ
    —-္ဖ ္ဖ
    —-္ဗ ္ဗ
    —-္ဘ ္ဘ
    —-္မ ္မ
    —-ျ —ျ
    —-ြ —ြ
    —-ြ —ြ
    —-ြ —ြ
    —-ြ —ြ
    —-ြ —ြ
    —-ြ —ြ
    —-ြ —ြ
    —-္လ ္လ
    —-ဿ ဿ
    —-ှ ှ
    —-ှု ှု
    —-ှူ ှူ
    —-ွှ ွှ
    —-ၤိ ၤိ
    —-ၤီ ၤီ
    —-ၤံ ၤံ
    —-ိံ –ိံ
    —-န န
    —-ရ ရ
    —-ဏ္ဍ ဏ္ဍ
    —-ဋဿဌ ဋဿဌ
    —-္ဘ ္ဘ
    —-့ —့
    —-့ —့
    —-္တွ ္တွ
    —-ဋ္ဋ ဋ္ဋ

    1. saturngod says:

      Thank

  3. Mark says:

    I just knew that you embedded zawgyi 2008 version in your blog (http://www.saturngod.net/ZawgyiOne2008.ttf)

    အရင် ဗားရှင်းကို ဆိုဒ်မှာ မြုပ်ထားရင် အသစ်ကို စက်ထဲထည့်ထားလဲ မြင်ရမှာ မဟုတ်ဘူး။

    1. saturngod says:

      ကျွန်တော် အဲဒါ ပြင်ဖို့ မေ့နေတာ.. ပြင်လိုက်အုံးမယ်.. ကျေးဇူးပဲ… လက်ရှိ 2009 ကတော့ font ပိုင်းပြီးသွားပြီမဟုတ်လား.. ပြင်ဖို့ မရှိတော့ရင် ornagai က data တွေအားလုံးကို 2009 ပြောင်းလိုက်တော့မယ်..

  4. Mark says:

    >>> လက်ရှိ 2009 ကတော့ font ပိုင်းပြီးသွားပြီမဟုတ်လား..

    encoding ပိုင်းတော့ လောလောဆယ်တော့ ပြင်ဖို့မရှိဘူး။

    ဖွန့်အသစ်ကို မြုပ်ချင်ရင် ဒီမှာ for embedding ဆိုတဲ့ နာမည်နဲ့ ထားထားတယ်။ ornagai မှာဖြစ်ဖြစ်၊ ဘလော့မှာဖြစ်ဖြစ် ပေါ့

    http://newzawgyi.googlecode.com/svn/font.file/

    its only 27KB, your current zawgyi ttf file is 336 kb

    rgds,
    မာ့ခ်

  5. saturngod says:

    ကျွန်တော်လည်း အဲဒါပြောမလို… အဲလိုလေး လုပ်လိုက်တာ တော်တော်အဆင်ပြေတယ်.. ကျွန်တော် လည်း ပြောင်းလိုက်တော့မယ်.. လက်ရှိ sql ကို python နဲ့ ကောက်ပြောင်းလိုက်ရုံပဲမဟုတ်လား..

  6. Mark says:

    >>> လက်ရှိ sql ကို python နဲ့ ကောက်ပြောင်းလိုက်ရုံပဲမဟုတ်လား..

    သီအိုရီအရတော့ ကောက်ပြောင်းလိုက်ရုံပဲ။ အဆင်မပြေတာရှိခဲ့ရင်တော့ ပြော။

    1. saturngod says:

      ဟုတ်ကဲ့.. အဆင်မပြေရင်ပြောမယ်.. အခု Ubuntu deb package လုပ်နေတာ… :)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.