Creativity, Inc

Creativity, Inc စာအုပ်ကို ပြီးခဲ့တဲ့ လ က ဖတ်လို့ ပြီးသွားတယ်။ ဒီစာအုပ်ကို စဖတ်တုန်းကတော့ Toy Story, Cars , Monster Inc စတဲ့ ကာတွန်းကားတွေ ထုတ်တဲ့ Pixar အကြောင်း ရေးထားတာလို့ ပဲ သိခဲ့တယ်။ ဒီစာအုပ်ကို စဖတ်ပြီးတော့ မကြာခင်မှာ သိလိုက်တာက Company တစ်ခု အကြောင်း ဆိုတာထက် ပိုတယ်။

စာအုပ် အစ ပိုင်းမှာ Pixar မဖြစ်လာခင်က တက္ကသိုလ်ကျောင်းသား ဘဝ မှာ လက်ဖဝါးပုံကို 3D Animation အကြောင်းကို ဖတ်လိုက်ရတော့ စိတ်ထဲမှာ ဟာ… ကနဲ ဖြစ်သွားတယ်။ University of Utah မှာ 1976 က အဲဒါတွေ စလုပ်နေပြီ။ ငါတို့ မြန်မာနိုင်ငံမှာတော့ အဲဒီ ဝန်းကျင်က တက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြနေတုန်း အချိန်။ အခြင်းခြင်း ရန်တွေ ဖြစ်နေချိန်။ Cဒီလိုဟာတွေလုပ်ဖို့ research တွေ idea တွေများ ရှိပါ့မလား ဆိုပြီး စိတ်မကောင်းဖြစ်မိတယ်။ အဲဒီ အချိန်တုန်းကတည်း လုပ်ခဲ့တဲ့ research တွေ ကြောင့် US ဟာ အခုအချိန်မှာ ဒီလို ဖြစ်နေတာ သိပ်ပြီးတော့ မထူးဆန်းလှဘူး။ ပညာရေး မြင့်မားဖို့က အလွန်အရေးပါ ပါ သလား ဆိုပြီး ချက်ခြင်း စဉ်းစားမိသွားတယ်။

Pixar ကို စခဲ့တုန်းက 3D Software အနေနဲ့ စခဲ့ပြီးတော့ နောက်ပိုင်း Steve Jobs က Pixar ကို ဝယ်ခဲ့ပြီးတော့ Hardware ထုတ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ Disney ကို ရောင်းပြီးတော့ Toy Story ရုပ်ရှင်ကားကို ထုတ်ခဲ့တယ်။ ဒီ စာအုပ်ကို မဖတ်ခင်တုန်းကတော့ Company တစ်ခုက ရောင်းလိုက်ရတယ် ဆိုတာ ဒီ Company ဟာ ပျက်သုန်းသွားတာနဲ့ အတူတူ လို့ပဲ ထင်ခဲ့ဖူးတယ်။ Pixar အကြောင်း အသေးစိတ် ဖတ်ကြည့်မှပဲ Pixar ဟာ တစ်ယောက်လက်ကနေ နောက်တစ်ယောက် လက်ထဲရောက်သွားလေလေ ပိုပြီးတော့ ကောင်းလာလေလေ ဆိုတာကို တွေ့ရတော့တယ်။ အထူးသဖြင့် ကျွန်တော် ပုံမှန် Steve Jobs ကို Apple နဲ့ တွဲမြင်ခဲ့တဲ့ Steve Jobs နဲ့ Pixar က Steve Jobs က မတူညီမှုတွေကို တွေ့လာရတယ်။ Steve ဟာ သူ့ထက် ပိုသိ ပိုတတ် တဲ့သူတွေကို ဦးစားပေးတယ်။ နေရာပေးတယ် ဆိုတာကို ဒီစာအုပ်မှာ တွေ့ရလိမ့်မယ်။ နောက်ပြီးတော့ Steve Jobs ရဲ့ ခေါင်းဆောင်မှု အပိုင်းက ကျွန်တော် ထင်ထားတာထက် ပိုတယ်ဆိုတာကို တွေ့လိုက်ရတယ်။

နောက်ပြီးတော့ Animation တစ်ခု ဖန်တီးရတာ ဘယ်လောက် ခက်ခဲကြောင်း။ အနုပညာ တစ်ခု ၊ အထူးသဖြင့် အသေးစိတ်ပိုင်းတွေပါ ဂရုပြုပြီး ဖန်တီးထားသည့် အနုပညာ တစ်ခုဟာ ဘယ်လောက် တန်ဖိုး ကြီးကြောင်း သိလာရပြီး ကိုယ့်ဘာသာကိုယ် ရှက်မိတယ်။ Toy Story အခွေတုန်းကတော့ ဦးလေးက စင်္ကာပူကနေ ဝယ်လာလို့ မူရင်း အခွေကို ကြည့်ခဲ့ပေမယ့် နောက်ပိုင်း Pixar ရုပ်ရှင်တော်တော် များများက ခိုးကူးခွေတွေ ကြည့်ဖြစ်တယ်။ ရုံမှာလည်း သွားမကြည့်ဖြစ် သလို ကားတွန်းကားကို ရုံမှာ ကြည့်ရတာ မတန်ဘူးလို့ ထင်ခဲ့မိတာတွေကို တကယ့်ကို ရှက်မိတာ အမှန်ပဲ။ စာအုပ်ကားထဲမှာ ရုပ်ရှပ်တစ်ကား ဖန်တီးဖို့ အတွက် ဘယ်လိုတွေ research လုပ်ခဲ့တယ် ၊ အရေးမကြီးလှဘူး ထင်ရသည့် နောက်ခံ အစ ဘယ်လို အသေးစိတ်ရေးဆွဲခဲ့ သလို ဆိုတာတွေ ကို တွေ့ရမှာပါ။

ဒီစာအုပ်ဟာ ပုံမှန်အားဖြင့်တော့ Pixar Company အကြောင်းလို့ ထင်ရပေမယ့် Leadership, managment , creativity စတာတွေကို ပေါင်းစည်းထားသည့် Company တစ်ခု ၊ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့သည့် အနုပညာ နဲ့ နည်းပညာကို ပေါင်းစပ်မှု ကို ပုံဖော်ထားတယ်။ Pixar ကို Toy Story ကို ၁၉၉၅ မှာ စထုတ်ခဲ့တယ်။ အဲဒီ အချိန်ထိ Disney က 3D animation ကို စိတ်မဝင်စားသေးပါဘူး။ Toy Story ရုပ်ရှင်ကားကြောင့် ကားတွန်းကား လောက ပြောင်းလဲခဲ့ပြီးတော့ အခုခေတ် ကာတွန်းကားတွေ တော်တော်များများကတော့ 3D ကာတွန်းတွေ ဖြစ်ကုန်ပါပြီ။

စာအုပ်ထဲမှာပါသည့် ကျွန်တော် ကြိုက်တဲ့ Quote လေးတွေကို စာမြည်း အနေနဲ့ ဖော်ပြလိုက်ပါတယ်။ အချိန်ပေးပြီးတော့ ဖတ်သင့်သည့် စာအုပ်ပါ။

Do, or do not. There is no try

We had no spares people and no marketing people and no idea where to find them.

Quality is the best business plan

to focus on the problem, not the person

fail early and fail fast

be wrong as fast as you can

The best way to predict the future is to invent it

Balance is more important than stability


 
2 Kudos
Don't
move!
1 Comment

Leave a Reply