Bitcoin လိုတိုရှင်း By Ko Ei Maung

Book4u ကနေပဲ ကိုအိမောင် ရဲ့ စာအုပ်ကို ဝယ်ဖတ်ဖြစ်တယ်။ ၁ ရက်ထဲနဲ့ ဖတ်လို့ပြီးသွားတယ်။ ပါးပါးလေးနဲ့ နာမည်နဲ့ လိုက်အောင် လိုတိုရှင်းပဲ။ နည်းပညာ သမား အနေနဲ့ Bitcoin ကို စိတ်မဝင်ရင်တောင် block chain နဲ့ distributed ledger တွေကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Cryto ဆိုရင် hashing , encrypting စတာတွေကို သိဖို့ လိုလာပါပြီ။ hashing ဆိုတာ ဘာ encrypting ဆိုတာဘာ စတာတွေကိုလည်း ရှင်းပြထားသည့် အတွက် junior developer တွေ အနေနဲ့ ဖတ်ထားသင့်တယ်။ နောက်ပိုင်းမှာ လိုအပ်လာလိမ့်မယ်။ Bitcoin လိုတိုရှင်း ကတော့ bitcoin ဆိုတာဘာလဲ […]

လင်္ကာဒီပ ချစ်သူ

ချစ်ဦးညိုရဲ့ လင်္ကာဒီပ ချစ်သူ စာအုပ်က ဝယ်ထားတာ အတော်ကြာပေမယ့် မဖတ်ဖြစ်သည့် စာအုပ် တစ်အုပ်ပါ။ ကောင်းတယ်ဆိုတာ သိထားပြီးသား ဖြစ်သလို တကယ်လည်း ဖတ်ကြည့်တော့ ၁ ရက် တည်းနဲ့ ပြီးသွားပါတယ်။ တကယ်လည်း ကောင်းသည့် စာအုပ်ပါ။ စဖတ်ကြည့်တော့ ဖတ်ရတာဟာ နန်းကျ ဘုရင် စာအုပ်ကို စဖတ်လိုက်ရ သလိုပဲ။ ဇာတ်သိမ်းက အရှုံး နဲ့ သိမ်းရမယ် ဆိုတာ ဖြစ်ပေမယ့် တော်တော်လေး အားစိုက်ပြီး ဖတ်ရသည့် စာအုပ်တစ်အုပ် ဆိုလည်း မမှားဘူး။ နန်းကျ ဘုရင် စာဖတ်သည့် အရသာ အတိုင်းပါပဲ။ ဘယ်အချိန် ဘယ်လို ဇာတ်သိမ်း မလဲ ဆိုတာ ဖတ်ရင်း နဲ့ သိချင်နေမိတယ်။ စာအုပ်က ဒဿဂီရီ […]

Programming Basic Draft v1.3

ရေးလိုက်ပြင်လိုက် ထပ်ဖြည့်လိုက်လုပ်လိုက်တာ စာအုပ်က တော်တော်လေးကို ကြာသွားပြီ။ နောက်တစ်ကြိမ် ထပ်ဖတ်ပြီးတော့ နားမလည်တာတွေကို ပြန်ဖြုတ် နောက်ပြီး အချို့ အပိုင်းလေးတွေ ပြန်ပြင်လုပ်ထားတယ်။ အခုကတော့ final ပဲလို့ မှတ်ထားတာပဲ။ စာအုပ်ထုတ်ဖို့ စလုပ်တော့မယ်။ စာမျက်နှာကတော့ ၂၀၀ ကျော်ပဲ ရှိသည့် အတွက် စာအုပ်ထုတ်ရင် ပါးပါးလေးပဲ ဖြစ်မယ် ထင်တယ်။ အခု နောက်ဆုံး version ကို အောက်က link မှာ download ချနိုင်ပါတယ်။ အကုန်လုံးပြီးနေပါပြီ။ အမှာစာပဲ ထည့်ဖို့ ကျန်တော့တယ်။ http://bit.ly/2XVnGLX

နေရူး၏ ထောင်တွင်းမှ သမီးထံ ပေးစာများ

လူထု ဒေါ်အမာ ဘာသာပြန်ပြီး ရေးထားသည့် စာအုပ်လေး တစ်အုပ်ပါ။ နေရူး အကြောင်း ကို ဦးနုရဲ့ တာတေ စနေသား ဖတ်ပြီး ကတည်း ဖတ်ကြည့်ချင်ခဲ့တယ်။ နေရူးဟာ ဘယ်လိုမျိုးလူလဲ ဆိုတာ ဦးနု ပြောတာ တစ်ခုတည်းနဲ့ မယုံကြည်ချင်တာလည်း ပါတယ်။ ဒီစာအုပ်ဟာ ဝယ်ထားတာကြာပေမယ့် ရှေ့မှာ စာအုပ် ၂ အုပ် ခံသွားလို့ အခုမှ ဖတ်ဖြစ်တယ်။ ပါးပါးလေးပဲ။ ၁ ရက် ပဲ ကြာတယ်။ စာတွေ အများကြီးထဲမှာ စာ ၂၁ စောင်ထဲပဲ ပါလို့ အားမရ မိတာ အမှန်ပဲ။ စာတွေ ဖတ်ကြည့်လိုက်တိုင်း သမီးပေါ်မှာထားသည့် အချစ် နှင့် နိုင်ငံပေါ်မှာ ထားသည့် စိတ်ကို မြင်ရတယ်။ တကယ်ကို လေးစားဖို့ ကောင်းသည် ။ သူ့စာတွေ ဖတ်ကြည့်လိုက်တော့ ပညာတတ်တယ်။ အင်္ဂလိပ်ကို မုန်းတာ မဟုတ်ဘူး။ […]

It Doesn’t Have to Be Crazy at Work

Remote , ReWork , Getting Real စသည့် စာအုပ်တွေကို ဖတ်ထားတော့ basecamp က နောက်ထပ် ထုတ်သည့် It Doesn’t Have to Be Crazy at Work ကိုလည်း မထွက်ခင် ကတည်းက pre order လုပ်ထားဖြစ်တယ်။ စာမျက်နှာ ၂၄၀ ပဲရှိပြီး အပိုင်း လေးတွေ နဲ့ ဆိုတော့ ဖတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတယ်။ မြန်မြန်ဆန်ဆန် နဲ့ ပဲဖတ်လို့ ပြီးသွားတယ်။ Basecamp က CEO ဟာ ၁၉ နှစ်တာ ကာလ အတွင်း သူကြုံခဲ့ရသည့် ပြဿနာတွေကို အခြေခံပြီးတော့ ဖြေရှင်း နည်းလေးတွေ ကို […]

Programming Basic (PDF)

စာအုပ်ထုတ်ဖို့ လုပ်နေပေမယ့် အခုထက်ထိ လေ့ကျင့်ခန်းတွေရဲ့ အဖြေတွေထည့်ဖို့ ကျန်သေးလို့ မထုတ်ဖြစ်သေးဘူး။ အခု အကြမ်း version ကို ဖတ်ချင်သည့်သူတွေ အနေနဲ့ အောက်က link မှာ download ချနိုင်ပါတယ်။ http://jmp.sh/nn48Gae လိုအပ်တာတွေ နားမလည်တာတွေ ရှိရင် https://github.com/saturngod/programming_basic_qa/issues မှာ မေးမြန်းနိုင်ပါတယ်။

Chapter 8 Done

အခုတလော အားတာနှင့် စာအုပ် ကိုသာ ဖိရေးဖြစ်တယ်။ အခုတော့ အခန်း ၈ ပြီးသွားပြီ။ အခက်အခဲဆုံး ၃ ပိုင်းဖြစ်သည့် ၈ ၊ ၉ ၊ ၁၀ ထဲက အခန်း ၈ ပြီးသွားတော့ နည်းနည်းလေး စိတ်သက်သာသွားတယ်။ အခန်း ၉ မှာ binary tree အကြောင်းပါမယ်။ ဒီအပိုင်းကို နားလည်အောင် ပြောဖို့ က နည်းနည်း ခက်တယ်။ ကြိုးစားပြီးတာ့ နားလည်အောင်တော့ ရေးပါမယ်။ အခု အခန်း ၈ မှာ array searching , sorting တွေပါတယ်။ လုပ်ငန်းခွင်ဝင်နေပေမယ့် array sorting ကို built in function မသုံးပဲ […]

Chapter 7 Done

ရေးလက်စ စာအုပ် chapter 7 တော့ ပြီးသွားပြီ။ Chapter 7 က သိပ်ပြီး ထွေထွေ ထူးထူး မပါတာကြောင့်လည်း ပါတယ်။ အများကြီးရေးပြီး အများကြီး ရှင်းရမယ့် အခန်းကတော့ 8 နှင့် 9 ပဲ။ အဲဒီ ၂ ခန်းကို တော်တော် အချိန်ယူပြီး ရေးရမယ်။ စကားမစပ် ကျွန်တော် ဒီစာအုပ် ရေးတိုင်း ကိုစိုးမင်းကို သတိရတယ်။ နောက်ပြီးတော့ သူ့ရဲ့ လက်သုံးစကားပေါ့။ ၁။ သောက်ရေးမပါတာ ဘာမှမလုပ်ဘူး။ ၂။ လောကမှာ သူများလုပ်တာ လိုက်လုပ်တာလောက် သောက်ရှက်မဲ့တာမရှိဘူး။ ၃။ ပုံမှန်အားဖြင့် မည်သည့် ဝေဖန်မှုကိုမျှ အလိုမရှိ / မလိုအပ်ပေ။ ၄။ အချို့အရာများသည် ကျွန်ုပ်၏ […]