Nero Burning 8

Nero Burngin 8 ကတော့ GUI design ကို စမ်းသစ်ထားတယ်ဆိုတာထက် အသုံးပြုရလွယ်ကူပြီး user friendly ဖြစ်အောင် လုပ်ထားတာပါ။ အလှအပထက် အသုံးပြုရလွယ်ကူရေးကို ဦးစားပေးထားတာကို တွေ့ရပါတယ်။ smartstart ကို အဓိကပြောင်းလဲထားပါတယ်။ အရင်အဟောင်း nero burning rom ကတော့ပါရှိပေမယ့် ထူးထူးခြားခြား ပြောင်းလဲမှုမရှိပါဘူး။ smartstart ကတော့ အတတ်နိုင်ဆုံး wizard တွေကို လျော့ချထားတယ်။ တနည်းအားဖြင့် user အနေနဲ့ မျက်စိရှုပ်စရာမဖြစ်ပဲ ကြည့်လိုက်ရုံနဲ့ သုံးလို့ရအောင် ပြောင်းလဲထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် mp3 အတွက် rip ကိုပါ ထည့်သွင်းထားပြီး home entertainment အတွက်ပါ ထည့်သွင်းထားတာကို တွေ့ရတယ်။ သဘောအကျဆုံးကတော့ smartstart ပါပဲ။ ဒါပေမယ့် အရင်ကလို ကိုယ့်ပုံလေး background အတွက် ထည့်လို့မရတာတော့တာနဲ့ aero effect လေးမပါတော့တာကို သိပ်သဘောမကျကလွဲရင် တော်တော်လေးကောင်းတယ်လို့ ဆိုရမယ်..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.