တနေ့တနေ့ ကြားနေရတယ်.. ပြောနေကြတယ်.. သူများကို ပြောရမယ်.. ဆိုရမယ်ဆို.. အားပါးတရ ရှေ့မကြည့်နောက်မကြည့်… အားပါးတရ ပြောချလိုက်ကြတယ်.. လူကြီးတွေလည်း အမြဲပြောကြတယ်.. သူငယ်ချင်းမိတ်ဆွေတွေကိုလည်း အမြဲပြောကြတယ်.. ကိုယ့်လက်အောက် လူတွေကိုလည်း အမြဲပြောကြတယ်.. လူငယ်တွေကလည်း လူကြီးမိဘတွေကိုလည်း ပြောကြတယ်.. စိတ်ထဲရှိသမျှ အားပါးတရ ပြောကြတယ်.. လူတန်းစားမရွေးဘူး.. ဘာသာမရွေးဘူး.. ပညာတတ်ခြင်း မတတ်ခြင်းနဲ့ မဆိုင်ဘူး.. အဲဒါကတော့ လူတစ်ယောကို အပြစ်တင်ခြင်းပဲ…
သေသေချာချာ နားထောင်ကြည့်ပါ.. တနေ့ကို လူတွေကို ကိုယ့်ကို ဘယ်လောက်အပြစ်တင် ပြောဆိုကြလဲ.. ကိုယ်ကကော သူများကို ဘယ်လောက်တောင် အပြစ်တင်ပြောဆိုလိုက်လဲ… ကိုယ်က သူများကို ပယ်ပယ်နယ်နယ် အပြစ်တင်လိုက်လို့ အားရသွားတယ်.. ကိုယ်အပြစ်တင်ခံထိတဲ့ အချိန်ကော… ကျွန်တော်လည်း အရင်က သူများတွေကို အပြစ်တင်တတ်ပါတယ်.. ဒါပေမယ့် နောက်ပိုင်းတော့ တတ်နိုင်သလောက် လျော့ချရတယ်.. အပြစ်တင်တာပဲ ဖြစ်ဖြစ် အပြစ်မြင်တာပဲ ဖြစ်ဖြစ်… သူ့အတွက် ဘာပိုထူးသွားလဲ.. ကိုယ်က စေတနာနဲ့ အပြစ်မြင်ပေမယ့်.. တဖက်လူရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးသလိုပါပဲ… သူမှားလို့ အပြစ်တင်တာပဲ ဖြစ်ဖြစ်… ကိုယ့်ယူဆချက်နဲ့ မကိုက်လို့ အပြစ်တင်တာပဲ ဖြစ်ဖြစ်… တဖက်သားရဲ့ မာနကို ထိခိုင်ခြင်း တမျိုးပါပဲ… မခံချင်စိတ်နဲ့ ကြိုးစားလာအောင် အပြစ်တင်တယ်လို့ ပြောကောင်းပြောပါလိမ့်မယ်.. ကျွန်တော်ကတော့ အပြစ်တင်တာထက် ချီးကျူးတာကို ပိုသဘောကျတယ်.. လူတွေကိုလည်း ရှာဖွေချီးကျူးတတ်အောင် ကြိုးစားနေတယ်.. ချီးကျူးစရာတွေ့ရင်လည်း စိတ်ထဲက ရှိတဲ့အတိုင်းအားပါးတရ ချီးျကျူးလိုက်တယ်.. အပြစ်တင်တာနဲ့ ချီးျကျူးတာ ဘယ်ဟာပိုကြိုက်လဲ.. ဘယ်ဟာကို ပိုသဘောကျလဲ ?
ကလေး တစ်ယောက်… အတန်းထဲမှာ စာညံတယ်… အဲဒါကို ဆရာမက အဲဒီ ကလေးကို “ဟဲ့.. ညံ့လိုက်တာ လွန်ရော… အသုံးကိုမကျဘူး.. ဘယ်လိုသင်သင်တတ်မှာ မဟုတ်ဘူး… အသုံးမကျတာ ဖြစ်လွန်ရော” အဲလိုမျိုးအော်မယ့်အစား… မိဘတွေကလည်း သားသမီးတွေကို.. “ဒီတစ်ခေါက်လည်း စာမေးပွဲကျပြန်ပြီ.. အသုံးကို မကျတဲ့ကောင်… ငါ့သားလို့ ပြောရမှာတောင် ရှက်တယ်.. မင်းက စာကိုမကျက်ဘူး.. စာမှ မကျက်တာ.. ကျတာတောင် နည်းသေး.. နောက်တစ်ခေါက် စာမကျက်လည်း ကျအုံးမှာပဲ… အဖြစ်ကို မရှိဘူး.. ” အဲလိုတွေ ပြောနေတော့.. အဲဒီ ကလေးတော်လာမှာလား.. စာကြိူးစားချင်စိတ်တွေ ရှိလာမလား.. ကလေးအားလုံးကို ခြုံကြည့်ပါ… အဲဒီ ကလေးဟာ စာပိုမလုပ်တဲ့အပြင် စိတ်ဓာတ်ကျပြီး လေလွင့်ဖို့က ပိုများပါတယ်.. အချို့ကလေးတွေကတော့ မခံချင်စိတ်ကြောင့် ကြိုးစားလာတာတွေလည်း ရှိပါတယ်.. ရှားပါတယ်…
ကျွန်တော်တို့တွေ ပြောင်းပြီး ပြောကြည့်ရအောင်… ဆရာမက ကလေးကို.. “ဟာ… စာတော်လာတယ်နော်… နည်းနည်းထပ်ကြိုးစားလိုက်ရင် ပိုပြီးတော်လာလိမ့်မယ်… ထပ်ကြိုးစားလိုက်ပါလား.. ဒါဆို သား ပိုပြီးတော်လာမယ်… သားက တော်ပြီးသားပဲ… ကြိုးစားတဲ့စိတ်လည်း ရှိတာပဲ.. ကြိုးစားလိုက်ပါလား…” မိဘတွေကလည်း သားသမီးတွေကို.. ” ဒီတစ်ခေါက်စာမေးပွဲကျတာ.. သားမတော်လို့မှ မဟုတ်တာ.. သားနည်းနည်း ပျင်းသွားလို့ မဟုတ်ဘူးလား.. သားက စာလုပ်ပါတယ်.. နောက်မပျင်းပဲ ကြိုးစားရင် တော်လာမှာပဲ… နောက်ဆို မပျင်းနဲ့တော့သား.. နောက်တစ်ခေါက် အောင်ရင် သားကို ဆုချမယ်.. နောက်တစ်ခေါက်ဆို သားအရည်အချင်းကို ပြလိုက်ပါလား.. သားက တော်ပြီးသားမဟုတ်လား” အဲလိုမျိုးလေး ချီးကျူးရင်ကော.. တကယ်လို့ ခင်ဗျားသာဆိုရင်ကော.. ဘယ်စကားကို ပိုကြိုက်မလဲ.. အပြစ်တင်တာနဲ့ ချီးကျူးတာ ဘယ်ဟာ ပိုသဘောကျမလဲ… ဘယ်စကားကြားရင် အလုပ်လုပ်ချင်စိတ်တွေ ပိုရှိလာမလဲ.. တကယ်လို့ ခင်ဗျား အရမ်းကြိူးစားထားတဲ့ ကိစ္စတစ်ခုကို.. မင်းဟာကြီးက မကောင်းဘူး…. မင်းကလည်း ညံလိုက်တာလွန်ရောလို့ ပြောလိုက်ရင် ဘယ်လိုနေမလဲ… အပြစ်တင်ခံထိတာ ကိုယ်တောင် မကြိုက်သေးတာ.. ဘာလို့ သူများတွေကို အပြစ်တင်နေကြမှာလဲ… တတ်နိုင်သလောက်လျော့ချတာ မကောင်းဘူးလား… အပြစ်တင်လို့ တိုးတက်သွားမလား… အပြစ်တင်လို့ အဲဒီလူက အလုပ်လုပ်ချင်စိတ်တွေ ရှိလာမလား… အကျိူးဆောင်ချင်စိတ်တွေ ရှိလာမလား.. ကိုယ်ကကော အပြစ်တင်ခံရရင် အဲဒီအတွက် အလုပ်လုပ်ပေးချင်စိတ်ရှိလာမလား…ကိုယ်ကို့ အပြစ်တင်တဲ့လူကိုကော ကြည်ကြည်ဖြူဖြူနဲ့ အလုပ်လုပ်ပေးချင်စိတ်ရှိပါ့မလား.. ဒါဆို ကိုယ်က အပြစ်တင်ရင်ကော… အပြစ်တင်ခံထိတဲ့ လူက ကိုယ့်အတွက် စေတနာပါပါ လုပ်ပေးနိုင်မလား…
ငယ်ငယ်က သင်ခဲ့ဘူးတယ်… နှမ်းခိုးစားတာက အပြစ်ပေးလို့ ဆရာကိုတောင် ပြန်သတ်ဖို့ ကြိုးစားခဲ့တဲ့ မင်းသားအကြောင်းလေ… တကယ်လို့ ဆရာက ပထမ တစ်ကြိမ်မှာ အပြစ်မတင်ပဲ… မင်းက မင်းသားပါ… မင်းသားဆိုတာ မင်းသား ဝတ်နဲ့ အညီနေရတယ်.. မင်းအတွက် နှမ်းလက်တစ်ဆုပ်ဆိုတာ ဘာမှမဟုတ်ဘူး…. မဟုတ်လား.. မင်းနှမ်းခိုးစားတော့ အဖွားကြီးက မင်းကို သူခိုးလို့ ပြောနေပြီ.. မင်းခံနိုင်ရဲ့လား.. ဆရာကတော့ မင်းအစား မခံနိုင်ဘူးကွာ… မင်းသားဝတ်နဲ့ ညီအောင် ခိုးခြင်း ဝှက်ခြင်း သူများ ပစ္စည်းမသိပဲ ယူခြင်း သုံးခြင်း စားခြင်းတွေ ရှောင်ကြည်တာ မကောင်းဘူးလားကွ… တကယ်လို့ နောက်တစ်ကြိမ် ဆရာ မင်း နှမ်းခိုးစားတယ်လို့ ကြားရင် မင်းကို အပြစ်ပေးရမယ်ကွာ…” လို့ ပြောရင်ကော… အဲဒီ မင်းသားကို ဆူဆဲအပြစ်တင်ပြီး အပြစ်ပေးတာထက် ပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ်..
ကျွန်တော်တို့တွေ အပြစ်တင်ကြတယ်ဆိုတာ လွယ်လွယ်လေးပြောလို့ရလို့.. ကိုယ့် စိတ်ထဲက မကျေနပ်ချက်တွေကို ထုတ်ပစ်လိုက်ပြီး သူများရဲ့ မာနကို ရိုက်ချိုးလိုက်တာပဲဗျာ.. ကျွန်တော့်အမြင်တော့ အပြစ်တင်တယ်ဆိုတာ တကိုယ်ကောင်းဆန်ခြင်း တစ်မျိုးပဲ.. ကိုယ့် စိတ်အလိုမကျတာကို သူများကို လွှဲချပေးလိုက်သလိုပဲ.. ကိုယ့်ဝန်ထုပ်ကို သူများကို လွှဲချပေးလိုက်သလိုပဲ… ကျွန်တော်က အပြစ်တင်တာတွေလည်း ကြိုးစားပြီး လျော့ချနေတယ်.. အပြစ်မြင်တာလည်း ကြိုးစားပြီးလျော့ချနေတယ်.. ချီးကျူးတတ်အောင် ကြိုးစားနေတယ်.. ချီးကျူးတာကတော့ ပျားသကာလို ဖြစ်ပေမယ့်.. မြှောက်ပြင့်ပြောဆိုတာကတော့ အဆိပ်လို့ပဲ မြင်တယ်.. ချီးကျူးတာနဲ့ မြှောက်ပြောတာ မတူဘူးလို့ ထင်တယ်.. ချီးကျူးတာက ရင်ထဲကလာတာ.. မြှောက်မြင့်တာက လျှာပေါ်ကလာတာ… ကြားရတဲ့လူအတွက်လည်း ကွာခြားတယ်…
နောက်ပြီး ကျွန်တော် အမှားကို ဝန်ခံတတ်အောင် ကြိုးစားတယ်… အဲဒီမှာ တစ်ခုတွေ့လာတယ်.. လူတွေက အမှားဝန်ခံရင် ပိုအပြစ်ပြောကြတယ်.. ဟုတ်.. ကျွန်တော် မှားသွားပါတယ်လို့လည်း ပြောလိုက်ရော.. အပြစ်က စတင်ပြန်ကော… အော်… တော်တော်ခက်တဲ့လူတွေပဲ.. ဒါကြောင့် လူတွေက အမှားဝန်မခံတတ်ကြတာ… အမှားဝန်ခံတဲ့လူကို အပြစ်ပြောတဲ့လူက ဘာနဲ့တူလဲဆိုတော့… သေပါတော့မယ်ဆိုတဲ့လူကို လည်ပင်း ညှစ်သတ်နေသလိုပဲ… ဒါကြောင့် လောကမှာ လူဆိုးတွေ များလာတာပေါ့… စဉ်းစားကြည့်လေ… တစ်ခေါက်မှားဘူးလို့ အဲဒီလူကို အပြစ်တွေ ဝိုင်းတင်… အပြစ်တွေ ဝိုင်းပြော.. သူ့ကို အမှန်ပြန်ပြင်ခွင့်မပေး.. သူမှားပါတယ်လို့ ဝန်ခံတာတောင် အပြစ်တွေ ဖို့နေရင်… အဲဒီလူက သူ့အမှားကိုတောင် အမှန်လို့ ထင်လာရော.. သူနောက်တစ်ခါ မှားဖို့လည်း ဝန်မလေးတော့သလို.. နောက်တစ်ခါမှားလည်း မှားတယ်လို့ ဝန်မခံတော့ဘူး.. တစ်ခါ သေဘူး ပျဉ်ဖိုး နားလည်သွားပြီလေ… အမှန်ကိုလည်း ဘယ်တော့မှ မပြင်တော့ပဲ လူဆိုးပဲ ဖြစ်လာကြတာပေါ့… လူဆိုးတွေဖြစ်လာတယ်ဆိုတာလည်း လူကောင်းတွေ အတင်းတွန်းပို့လိုက်လို့ လူဆိုးတွေ ဖြစ်လာတယ်လို့ ကျွန်တော်ထင်တာပဲ…
လူတိုင်းကတော့ အပြစ်တင်တတ်ပါတယ်.. လူတိုင်းကတော့ ချီးကျူးခဲတယ်..
လူတိုင်းကတော့ အပြစ်တင်တတ်ပါတယ်.. လူတိုင်းကတော့ ဝန်ခံခဲတယ်..
အမှားဆိုတာ လူကြောင့်ဖြစ်တာ…
အမှားဆက်ဖြစ်အောင် လူတွေကပဲ တွန်းပို့နေတာ..
အပြစ်တင်လို့ အမှန်ပြန်မြင်လာမလား…
အပြစ်တင်လို့ အမှားတွေ ပျောက်ကုန်မှာလား…
အပြစ်တင်လို့ အလုပ်တွေ လုပ်ချင်စိတ်ရှိလာမလား…
အပြစ်တင်လို့ ဘဝတွေ ပျော်ရွှင်ဆိုပြေလာမလား…
အပြစ်တင်လို့ ဘာပိုထူးလာလဲ…
အကျိူးထက် အပြစ်က ပိုများပါတယ်…
Leave a Reply