Reasons for not to buy poco f1

Poco F1 က နာမည်ကြီးနေတာနဲ့ win mobile မှာ ရောက်ရောက်ခြင်းပဲ ဝယ်ဖြစ်တယ်။ Performace နှင့် battery ကတော့ ပြောစရာ မရှိဘူး။ သုံးရတာ နှေးသွားတာ ဟန်းသွားတာ မရှိဘူး။ MIUI ကို poco f1 အတွက် ပြန်ပြင်ထားပေးသည့် အတွက် အဆင်ပြေတယ်။ Launcher ကိုတော့ အတော်သဘောကျတယ်။ MIUI ထက် အများကြီး ပေါ့တယ်။ မကြိုက်သည့် အချက်တွေ ကတော့ ရှိတယ်။

Plastic Body

Body က ပလပ်စတစ် ဖြစ်နေသည့် အတွက် ခပ်ပေါပေါ လို ထင်မိတယ်။ A2 တောင် အလူမီနီယံ နဲ့ ဆိုတော့ F1 က ဈေးလျော့လို့ ရအောင် ဝိတ်လျော့ထားတယ်လို့ ထင်တယ်။

NO OLED (or AMOLED)

အခြား  flagship phone တွေ အကုန်လုံးနီးပါးမှာ OLED ဖြစ်နေချိန်မှာ LCD သုံးပြီး ဝိတ်လျော့ထားတယ်။ OLED screen နဲ့ ယှဉ်ရင် သိသိသာသာ ကွာတယ်။

Notch, big one

ဘာကြောင့် notch နေရာ ကို အကြီးကြီး မလိုအပ်ပဲ ယူထားလည်း မသိဘူး။ အခြား ဖုန်းတွေထက် စာရင် အတော်လေးကို ကြီးတယ်။

Camera with no OIS

ဒါကတော့ အရေးကြီးဆုံးပဲ။ Camera spec ကို သေချာ မဖတ်ကြည့်မိလိုက်ဘူး။ AI camera ပါ တယ်ဆိုပြီး ဖတ်မိလိုက်တာပဲရှိတယ်။  Optical Image Stabilization ဆိုသည့်  stablization function  ပါမလာဘူး။ ဒါကြောင့် ကလေးပုံတွေ ရိုက်ရင် လက်တုန်တတ်ရင် အဆင်မပြေဘူး။ ပုံကောင်းကောင်း ရခြင်ရင် မလှုပ်ပဲ နေမှ ရမယ်။ မရွှေ့လျားသည့် အရာတွေ ကို ရိုက်ရင် quality က မဆိုးဘူး။ ဒါပေမယ့် ပြေးလွှားနေသည့် ပုံ ရုတ်တရုက် ရိုက်မည့် ဓာတ်ပုံ တွေ အတွက် လုံးဝ ကို အဆင်မပြေဘူး။

12 MP, f/1.9, 1/2.55", 1.4µm, dual pixel PDAF
5 MP, f/2.0, 1.12µm, depth sensor

ဆိုပြီး သုံးထားတယ်။ ဒါကလည်း ဝိတ်ကို အတော်လေး လျော့ထားတယ် သဘောပဲ။

NO NFC

မြန်မာနိုင်ငံမှာ NFC သိပ်မသုံးကြလို့ အရေးမကြီးဘူး ဆိုပေမယ့် ပါရင်တော့ ပိုကောင်းတာပေါ့။

No Water Resistance

ရေစို မခံ နိုင်တာကိုတော့ သတိပြုရမယ်။ 

Not Good Speaker

F1 မှာ ပါသည့် speaker အရေအတွေးက သာမာန်လောက်ပါပဲ။ အခြား  flagship တွေနဲ့ သွားယှဉ်လို့ မရပါဘူး။

Face Unlock is not working

Face unlock က india နဲ့ china region ပဲရသေးတယ်။ အခြား region တွေ မှာ မရသေးဘူး။

Poco f1 ကို 128GB နဲ့ ၅ သိန်း ၂ သောင်း ၉ ထောင် နဲ့ win mobile world မှာ ဝယ်လို့ရနေပါပြီ။ game ဆော့ဖို့ အဓိက ဖြစ်ပြီး camera မသုံးဘူး ဆိုရင်တော့ ဝယ်သင့်တယ်။ Game အတွက်ကတော့ CPU , GPU ရော ကောင်းတယ်။ နောက်ပြီး heat က အခြား ဖုန်းတွေလို မတက်ဘူး။ Battery  က အတော်လေးကို ခံတယ်။ ၁ ရက်လုံး အားမသွင်းပဲ သုံးတာတောင် တဝက်လောက်ပဲ ကျတယ်ဆိုတော့ အတော်လေး ကောင်းတယ် ဆိုရမယ်။

Poco f1 ထက် စာရင် Mi 8 ကို ဝယ်ဖို့ ပိုပြီး recommend လုပ်တယ်။  Mi 8  မှာက OIS  ပါတယ်။ ဈေးက f1 နဲ့ မကွာဘူး။ CPU , GPU  က F1  နဲ့ ဈေးအတူတူပဲ။ ဈေးက ၅ သောင်းလောက်ပဲ ကွာပြီးတော့  camera ပိုကောင်းတယ်။ Super AMOLED Display ရတယ်။ NFC လည်း ရပါတယ်။ ၅ သောင်းလောက် ကွာပေမယ့် quality က အများကြီး ကွာသွားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.