လက် ရှိUnicode သုံးနေတာ အဆင်တော့ ပြေပါတယ်။ မပြေသေးတာက Mac font ပဲ။ လက်ရှိ Mac မှာက font က dotted circle မပါသေးဘူး။ မြင်ရတယ် ။ ဖတ်ရတယ်။ ရေးလို့ ရပေမယ့် dotted circle မပါတော့ ရေးထားတာ မှန်မမှန် မသိ။ ဒါနဲ့ စာရေးဖို့လုပ်တိုင်း ရေးထုံး order ကို ပြန်ပြန်စဉ်းစားနေရတယ်။ တစ်ခါတစ်လေ ကိုယ့် လို့မျိုး စာလုံးမှာ အရင်ကတည်းက ရေးလာတာ ယ–်–့ ပါ။ အခု Unicode 5.2 မှာမှ –့ –် ဖြစ်သွားရပြန်တယ်။ ငယ်ငယ်ကတည်းက လက်နဲ့ ရေးလာတာကလည်း ယ–်–့ ပါပဲ။ ကိုယ့်ဘာသာ ကိုယ် စဉ်းစားကြည့်တယ်။ ငါပဲ ငယ်ငယ်ကတည်းက မှားနေတာလား မသိ။ သူငယ်တန်း ဘဝတုန်းက သင်ခဲ့တာကို ပြန်စဉ်းစားလို့လည်း မမှတ်မိတော့ ခက်သား။

Windows နဲ့ Linux မှာ dotted circle တွေပါတဲ့ font တွေက ပေါပေါများများပဲ။ သနားဖို့ ကောင်းလိုက်တဲ့ မြန်မာ Mac သမားဘဝလို့တောင် ဆိုရမလားပဲ။ font ဆိုလို့ MyMyanmar နဲ့ Masterpiece ၂ မျိုး တည်း ။ နှစ်ခုလုံးမှာ dotted circle မပါ။ ပြောနေရင်းပဲ မျိုးဆိုတာကို ပြောင်းတာ မှန်မမှန် လက်နဲ့ ချရေးနေရပြီ။ ကို မျိုးသက်ပိုင် ကတော့ my.wikipedia.org မှာ ရိုက်ပြီး ရှာလို့တော့ ပြောတာပဲဗျာ။ အခုတော့ အဲလိုပဲ လုပ်နေရတယ်။ Windows သမားတွေ Mac သမားတွေကတော့ ပြောအားရှိမှာပေါ့ဗျ။ သူတို့မှာ dotted circle ပါပြီးသားလေ။ ကိုယ့်မှာကတော့ အဲဒီ circle မပါတော့ ဘာရေးရေး ဇော်ဂျီလိုပဲ အကုန်မှန်နေတာပဲ။ Windows ကနေ ကြည့်လိုက်တော့မှ ကိုယ် ရိုက်ထားတာ လွဲနေတာတွေ တွေ့တာပဲ။ အင်း ရေးထုံးလွဲတာ ဇော်ဂျီသုံးလို့ ပျက်စီးသွားတာနဲ့ တူပါတယ်လေ။ အမြန်တိုင်းပြောရင် စာရိုက်ရတာကို မစဉ်းစားခြင်ဘူး။ ရေးထုံးအတိုင်း ရိုက်ဆိုတာကြီးကို အတင်းပြန်စဉ်းစားနေရတယ်။ စာရေးဖို့အတွက် ဘေးမှာ ဘောပင် တစ်ချောင်းလောက်တော့ ထားရတယ်။ မသေချာတဲ့ စာလုံးတွေဆို လက်နဲ့ပဲ ပြန်ပြန် ချရေးနေရတယ်။

အင်း. .. Mac အတွက်ပဲ မပြည့်စုံသေးဘူးလို့ ဆိုရမှာပဲ။ မပြည့်စုံသေးဘူးဆိုလို့ Android 2.2 မှာလည်း Unicode အလုပ်မလုပ်ဘူးဗျ။ 2.3 နဲ့ 3.0 မှာ အလုပ်လုပ်လေမလား စောင့်ကြည့်လိုက်အုံးမယ်။ မနက်ဖြန် dead line ရှိတယ်။ အလုပ်က project မှာ ကိုယ်ရေးထားတဲ့ အပိုင်းတွေမှာ bugs တွေ ရှိလို့ fixed လိုက်အုံးပါမယ်လေ။

One response to “I hate it”

  1. Could you tell us how to font embed on blogger and convert into unicode?
    Please?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.