စိတ်အချဉ်ပေါက်မှုများ

  • အလုပ်ရှာတုန်းက အင်တာဗျူး တော်တော်များများ ဖြေခဲ့ရတယ်။ US ကို မရောက်ခင်တုန်းကလည်း Thai, Singapore company တွေမှာ အင်တာဗျူးတွေ ဖြေခဲ့ရတယ်။ အဲဒီတော့ အင်တာဗျူး ရတာ မလွယ်မှန်း သိသလို အင်တာဗျူး ဖြေရတာ မလွယ်မှန်းလည်း သိတယ်။ ဘယ်နိုင်ငံမှာပဲ အင်တာဗျူး ဖြေဖြေ ကိုယ့်ထက် အသက်ငယ်သည့် developer နဲ့ တွေ့တိုင်း ပြဿနာ ဖြစ်တာပဲ။ ဒီလောက်လေး တောင် မသိဘူးလား ဆိုပြီး ပုံစံ တွေ နဲ့ ပြန်ပြန် ပြောတာ ခံရတာပဲ။ လူတိုင်းက အားသာချက် အားနည်းချက်ရှိကြတယ်။ interviewer က senior developer , team lead စတာတွေ နဲ့ ဆိုရင်…

  • ငယ်ငယ်တုန်းက စလုံးကို အလုပ်သွားလုပ်တုန်းက အခုလို အလုပ်ရှာရတာ ခက်ခက် ခဲခဲ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ coding ရေးသည့် သူ အတော်ကို နည်းတယ်။​ နောက်ပြီး စ လုံး က လူတွေက programmer မလုပ်ကြပဲ programmer အထက်က manager ပဲ လုပ်ချင်ကြတာ များတယ်။ ဒါကြောင့် မြန်မာတွေ တော်တော်များများ အလုပ်ရကြတယ်။ iOS စပြီး popular ဖြစ်ကာစ မှာ iOS Developer အရေအတွက် နည်းတော့ Objective-C သိပြီး app ၂ ခု လောက် app store ပေါ်မှာ ရှိရင် iOS Developer အလုပ်ရ နိုင်တယ်။ ခက်ခက်ခဲခဲ…

  • Developer တစ်ယောက် နောက်ပြီး CPT နဲ့ အလုပ်ရှာတာ က တော်တော်လေး ခက်သည့် အထဲမှာ ပါတယ်။ Lay off တွေက နည်းပညာ သမား တော်တော်များများ ထိ ကြတော့ သူတို့ နဲ့ ပြိုင်ပြီး အလုပ်ရှာသည့် အခါမှာ ကိုယ့်မှာ US အတွေ့အကြုံမရှိသေးတာ ရယ် နောက်ပြီးတော့ Green Card / Citizen မဟုတ်တာ ကြောင့် ရွေးချယ်လို့ ရတာ အရမ်းနည်းတယ်။ တိုက်ရိုက် ခေါ်တာတွေ ရှိပေမယ့် လူတိုင်း တိုက်ရိုက် ခေါ်သည့် company ဆီက ရဖို့ အခွင့်အလမ်းက အတော်နည်းပါတယ်။ အများအားဖြင့် Staffing Company တွေကနေ ပဲ interview…

  • ဘဝမှာ အသက် ၃၅ နှစ်ရောက်တော့ တော်တော်များများ လုပ်ခဲ့ပြီးပြီပဲ။ အခုတလော အလုပ်တွေများပြီး မအားတာနဲ့ လုပ်သည့် အလုပ်တွေ က ပိုက်ဆံ​ရသည့် အလုပ်တွေ မဟုတ်တာ။ (ပိုက်ဆံက ကြိုထုတ်ပြီးလို့ မရတော့တာ) စိတ်တွေညစ်နေပေမယ့် ဒီတစ်သက်လုံး လုပ်ခဲ့သမျှထဲမှာ နောင်တ ရစရာ မရှိသလောက်ပဲ။ ဘဝ တစ်ခုလုံးပြန်စဥ်းစားရင် သူငယ်ချင်းကနေ ၄ တန်း အထိ ကျောင်းအုပ်ဆရာမ ကြီး နဲ့ တူ နဲ့ ကျောင်း အတူတူတက်ခဲ့တုန်းက အာဏာပြခဲ့ရသည့် ဘဝတွေလည်း ကြုံခဲ့ရတယ်။ ဒါပေမယ့် ၅ တန်း မှာ ကျောင်းပြောင်းလိုက်တော့ ဟိုမှာ ကိုယ့်ကိုယ် အာဏာပြန်ပြမယ့် သူတွေ ကြီးနဲ့ ပဲ ကြုံခဲ့ရတော့ အခုအချိန် ပြန်စဥ်းစားမိရင် ရယ်ဖို့ကောင်းသား။…

  • ဒီတစ်လော စာတွေ မရေးနိုင်သလို ပြဿနာတွေ လည်း အတော်များတယ်။ Feb လ က coup က စလိုက်သည့် ပြဿနာက လုပ်ငန်းတွေကို တော်တော်လေးကို ဆိုးဆိုးရွားရွားထိခိုက်ကုန်တယ်။ ကိုယ့်ပိုက်ဆံ နဲ့ လခ ပေးဖို့ မစိုက်နိုင်တော့ အခြေအနေ ထိ ဖြစ်သွားခဲ့တယ်။ အရင်တုန်းက လခ ၃ လ စာ လောက် ကို ချေးငှားပြီး လည်ပတ်လို့ ရပေမယ့် အခု အချိန်မှာ ချေးငှားဖို့လည်း မလွယ် သလို ရှေ့ဆက်ဖို့ကလည်း တော်တော်ခက်ခဲသည့် အခြေအနေပဲ။ Feb လ ကနေ တောက်လျောက် တောင့်ခံ ပြီး လည်ပတ်ဖို့ လုပ်ခဲ့ပေမယ့် Covid ဖြစ်ပြီး အချိန်မှာတော့ လက်လျော့လိုက်တယ်။ လိုအပ်သည့်…

  • ဒီနေ့ Idiots က ကို Raymond ဆုံးတယ်။ Facebook တစ်ခု လုံး သူ့ သီချင်းတွေ ကြေကွဲ ရတာတွေ စာသားတွေ ပလူပျံ ခဲ့တယ်။ နောင် ဘဝ ရှေးဘဝ ကို မယုံပေမယ့် လူတွေ ရဲ့ မေတ္တာ ချစ်ခြင်း မေတ္တာ တွေကိုတော့ ကျွန်တော် ယုံကြည်တယ်။ လူတစ်ယောက် ဘဝ တစ်ခု လုံး ဘာတွေ လုပ်ခဲ့လဲ ဆိုတာ သူသေသည့် အချိန်မှာ ဖော်ပြကြတာပဲ။ တချို့လူတွေကတော့ ရှင်နေပေမယ့် လူတွေ ရဲ့ စိတ်ထဲမှာ သေသွားခဲ့ပြီ။ တချို့ လူတွေကတော့ လူ သေသွားပေမယ့် သူ့ စာပေတွေ သူ့ သီချင်းတွေ နဲ့ လူတွေ…

  • (Personal post တစ်ခု ဖြစ်ပြီး အမြဲမှတ်မိအောင် blog မှာ ရေးမှတ်ထားခြင်းဖြစ်သည်) ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ မနေ့ မနက် ၆ နာရီ မှာ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်လာလို့ ဟုတ်မှဟုတ်ရဲ့လား ဆိုပြီး facebook ပေါ်တက် သတင်းတွေ ဖတ် ဖြစ်တယ်။ သေချာသွားပြီ ဆိုတာနဲ့ အရင်ဆုံး တွေးမိတာက လခ တွေ အမြန်လွှဲဖို့ပဲ။ နောက်ပြီး ချက်ချင်း ဒီနေ့ ရုံးမလာဖို့ Team မှာ အကြောင်းကြားထားလိုက်တယ်။ ဖုန်းတွေလည်း ပျက် အင်တာနက်လည်းပျက်တောက်သွားတော့ သဘောပေါက်လိုက်တာက ငါတို့ လုပ်ငန်းတွေ အင်တာနက် မရှိရင် code တောင်ရေးမရဘူး ဆိုတာ နားလည်သွားတယ်။ နေ့လည်ဘက်လောက်မှာ အင်တာနက်…

  • 2020 ကို ပြန်ကြည့်လိုက်ရင် ဘာမှ​ အားရကျေနပ်စရာမရှိပါဘူး။ အိမ်မှာ နေတာနဲ့ အချိန်ကုန်သွားတယ်။ SE 2020 ပွဲမှာ ကူပေးခဲ့တာတော့ သဘောကျပါတယ်။ ၂၀၂၀ မှာ လုပ်ဖြစ်ခဲ့တာက Database basic စာအုပ်ရေးဖြစ်တယ်။ စာအုပ် ၁ အုပ်မှ မဖတ်ဖြစ်ဘူး။ ဒါပေမယ့် ဝယ်ထားသည့် စာအုပ်တွေကတော့ အများကြီးပဲ။ Wonder Woman 1984 ရုပ်ရှင်ကားပဲ ကြည့်ဖြစ်လိုက်တယ်။ Work From Home ဖြစ်သွားလို့ ရုပ်ရှင်ကား ကြည့်ဖို့ သပ်သပ် အချိန်မပေးဖြစ်တာနဲ့ မကြည့်ဖြစ်တော့ဘူး။ ကလေးတွေနဲ့ အချိန် ပိုကုန်ဖြစ်တယ်။ သူတို့ နဲ့ ရှိသည့် အချိန်ဆိုရင် ဖုန်းကို ပိတ်ထားပြီး ဖုန်းလာရင်လည်း မကိုင်ဖြစ်တော့ဘူး။ တနေကုန်လုံး အိမ်မှာရှိနေပေမယ့် ညဘက်…