IT , IT ဆိုပြီး ခေတ်စားလာသလို IT သမားတွေပေါ်လာသလို IT ကို လေ့လာနေတယ်ဆိုတဲ့ စကားလုံးတွေလည်း တချိန်တခါတုန်းက သွင်သွင်ကြီး သုံးခဲ့ကြတာ မှတ်မိသေးပါရဲ့။ IT ဆိုတာက ဘာလဲလို့ဆိုရင် Information Technology ပါပဲ။ အရင်တုန်းက IT နဲ့ programming ဘာဆိုင်လို့လဲ။ web development နဲ့ IT နဲ့ ဘာဆိုင်လို့လဲ။ IT လို့ ပြောပြီး programming တွေ လေ့လာ web site ဆွဲတာတွေကို လေ့လာ။ နောက်ပြီးတော့ ဘာလို့ IT ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ခဲ့တာလဲဆိုတာကို လုံးလုံးကြီးကို မသိခဲ့တာ အမှန်ပါ။ အခုအချိန်မှာ လုပ်ငန်း အတွေ့အကြုံရှိလာတော့မှပဲ IT ဆိုတဲ့ စကားလုံးကို နားလည်လာတော့တယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ကို ရဲမြတ်သူ ပြောဖူးတယ်။ Information Technology ဆိုတာ Technology ကို သုံးချပြီး information တွေ ဖလှယ်တာပဲတဲ့။ အဲတုန်းက သိသလို ရှိပေမယ့် သဘောမပေါက်ခဲ့ဘူး။ အခုတော့ သဘောပေါက်သွားခဲ့ပြီ။ တခြား အပိုင်းတွေတော့ သေချာမသိပေမယ့် IT ဆိုတဲ့ စကားလုံးကို ခဏ မေ့ထားပြီး Web အပိုင်းကို တချက်ကြည့်ရအောင်။

Web ပိုင်းမှာဆိုရင် Server နဲ့ Client ရှိတယ်။ Client ပိုင်းမှာဆိုရင်တော့ browser ပေါ့။ Server Side Language ဘာနဲ့ပဲ သုံးထားသုံးထား browser က HTML , CSS , javascript ဒါတွေကိုပဲ နားလည်တယ်။ User အနေနဲ့လည်း PHP နဲ့ ရေးထားလို့ ဖတ်မရဘူး။ ASP.NET နဲ့ ရေးထားလို့ ဖတ်မရဘူးဆိုတာ မရှိဘူး။ Result က HTML ပဲ။ User လိုချင်တာက HTML ပဲ။

တနည်းပြောရင် Server Side Language ဘာပဲ ဖြစ်နေ ဖြစ်နေ Database ဘာပဲ ဖြစ်နေ ဖြစ်နေ browser တွေ အမှန်တကယ် လိုအပ်တာ HTML ပဲ။ ဒါကြောင့် ဘာနဲ့ပဲ ရေးထားရေးထား အရေးမကြီးလှဘူး။ အရေးကြီးတာက User က သူ မြင်ချင်တဲ့ data ကို မြင်ရဖို့ပါပဲ။ ကျွန်တော်တို့တွေ PHP တွေ လေ့လာတယ်။ Node.js လေ့လာတယ်။ ASP.NET လေ့လာတယ်။ စတာတွေကို ဘယ်လိုပဲ လေ့လာလေ့လာ အခြေခံ အဆင့်ဖြစ်တဲ့ HTML , CSS , javascript ကို မတတ်လို့ မဖြစ်ဘူး ဆိုတာကို ဒါကြောင့်ပြောတာပါ။ PHP က နှေးတယ်။ Python က မြန်တယ်။ စတာတွေကို user တွေ မသိသလို သိဖို့ လည်း မလိုအပ်ဘူး။ User က သူမြင်ချင်တာကို အတိုင်းအတာ တစ်ခုထိ စောင့်ပြီး ဖတ်ပါလိမ့်မယ်။ Server Side ပိုင်းမှာ အဓိက အပိုင်းက Load Balancing အပိုင်းပဲ။ Concurrency အပိုင်းတွေက အဓိက ကျလာတယ်။ ဒါကြောင့် user loading ဘယ်လောက်ရှိလဲဆိုတာကို မူတည်ပြီး နောက်ပိုင်း language တွေ ပြောင်းတာတွေ ဖြစ်လာတာပါ။ ထားပါတော့။ ကျွန်တော်က PHP တတ်တယ်။ User Request က အရမ်းများမယ်လို့ ထင်ထားတယ်။ ဒါကြောင့် PHP မသုံးပဲ အခြား တစ်ခုခု ပြောင်းသုံးတယ်ပဲ ဆိုပါတော့။ စစခြင်းမှာ User Request ဘယ်လောက် များမလဲဆိုတာကို ဘယ်လို မှ မသိနိုင်ဘူး။ ကြေငြာလိုက်ချိန်မှာ အရမ်း များနိုင်ပေမယ့် နောင်တချိန် ပြန်နည်းသွားနိုင်သေးတယ်။ ပုံမှန် ဘယ်လောက် ဝင်မလဲဆိုတာကို ၁ နှစ်လောက် စောင့်ကြည့်ပြီးမှ ဆုံးဖြတ်နိုင်လိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးက ကိုယ် ကျွမ်းကျင်တာ နဲ့ လုပ်တာ အကောင်းဆုံးပဲ။ ဘယ် language မဆို ဘယ် server မဆို concurrency 100 လောက်တော့ ခံနိုင်ပါတယ်။

လက်ရှိ အောင်မြင်နေတဲ့ Website တွေကို လေ့လာကြည့်ရင် facebook , twitter , LinkedIn, Google , digg, reddit စတာတွေက data တွေပဲ။ တနည်းပြောရင် information တွေပဲ။ တခြားသူမှာ ရှိတဲ့ information ကို technology သုံးပြီး အခြားတစ်ယောက်ဆီမှာ သွားပြတယ်။ နောက်ကွယ်က technology တွေ server တွေ ကို ခဏ လောက် မေ့ထားပြီး အပေါ်ယံလေးကိုပဲ ကြည့်လိုက်ရင် information တွေပဲ။ သူတို့ ကိုယ်ပိုင် information တွေလား ဆိုတော့ မဟုတ်ဘူး။ အခြားသူ information တွေကို အခြားတစ်ယောက်ဆီကို သူတို့ technology သုံးပြီး ပို့ပေးတာ။ PHP က information တွေ မဟုတ်ဘူး။ Python က information တွေ မဟုတ်ဘူး။ ဘယ် language က information တွေ မဟုတ်ပါဘူး။

IT , IT ဆိုတာ လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတယ်။ IT ပွဲတော် ဆိုပြီး ဈေးတွေ ရောင်းနေကြတယ်။ IT ပွဲတော်ဆိုပြီး game တွေ ပြိုင်ကြတယ်။ IT ဆိုတာကို ဘယ်လို ခံယူထားလဲတော့ မသိ။ ကျွန်တော့် အနေနဲ့ IT ဆိုတာက Information Technology ။ Technology အားကိုးနဲ့ information တွေကို အသုံးချနေတာပဲ။ နည်းပညာတွေကို အသုံးချပြီး လူတွေ လိုချင်တဲ့ information တွေကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ထိထိရောက်ရောက် ပို့ပေးတာပဲလို့ မြင်တယ်။

ဒါကြောင့် ဘာတွေပဲ လေ့လာလေ့လာ အဓိက အချက်ကို မမေ့ဖို့ပဲလိုတယ်။ တချို့လူတွေက HTML , CSS , javascript တွေ ထက် ASP.NET , PHP စတာတွေကို ကျော်လေ့လာချင်ကြတယ်။ ကျော်သိချင်ကြတယ်။ User တွေ မြင်နေရတာကို HTML တွေဆိုတာ သူတို့တွေ မသိကြဘူးလေ …

6 responses to “Information Technology”

  1. what a freaky truth. most ppl forget about what they stand for . yep the best thing we should also need to learn is how to use Information and technology effectively and take advantage on it for money :D

  2. IT ပွဲဆိုတာနဲ့တော်တော်များများ ထင်တာက လက်တော့ တွေ…ကွန်ပျူတာတွေ ဝယ်လို့ရတဲ့ ပွဲလို့ဘဲမြင်နေကြတယ်။
    အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ သင်တန်းတွေ တက်ခဲ့တုန်းကလည်း သင်တန်းတွေက Technology တွေကိုဘဲသင်ပေးပီးတော့ Information ကိုမသင်ပေးတော့လည်း အဲ့ဒီလိုတွေဖြစ်လာတာဘဲ…။
    စကားမစပ်…ကျွန်တော်ပြောထားတာလေးလုပ်ပေးပါ ဦးဗျ..။ :D

  3. thanks for getting knowledge

  4. Yes. Ko Saturngod. All of the IT men wanna to start ASP.Net , PHP but they dunn know HTML is the main.

  5. That’s right!
    But I think, now you already know about IT. Before when are you study IT,you don’t know nothing. Now your experience and practice is mature. So that you began to know more and more.
    Myanmar have so many people don’t know about IT(IT word is very big among myanmar).
    So,sometimes you should be write easily, normally and basically.
    Ok bro! Let’s me stop about here.
    See you later.

  6. အဆောက်အဦးတစ်ခုဆောက်ရင်တောင် အုတ်မြစ်ခိုင်မှ အဲ့အဆောက်အအုံကတည်တံ့တာ။ မဟုတ်ရင်တော့ လေထဲတိုက်အိမ်ဆောက်တာနဲ့ဘာမှကွာမဟုတ်ဘူး။ သင်သာသင်၏ မရ ဆိုတာမျိုးပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.