မြန်မာဘလော့ဂါများ၏ ဆီမီနာ

မြန်မာ ဘလော့ဂါများ ပူးပေါင်းကျင်းပတဲ့ Why do we blog ဆိုတဲ့ Open Seminar ဟောပြောပွဲ အခမ်းအနားကို လာမည့် 01.09.2007 စနေနေ့ ၁၁နာရီကနေ ၄နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဘလော့ဂ် ရေးသားနေကြတဲ့ ကျွမ်းကျင်သူ ပညာရှင် ဘလော့ဂါတွေကိုယ်တိုင် ဟောပြောကြမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ သိစေချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး မီဒီယာ ကန့်သတ်ချက် တော်တော်များများကို ရိုက်ချိုးလိုက်တဲ့ ဘလော့ဂ် ယဉ်ကျေးမှု အကြောင်းနဲ့ အသုံးပြုရ ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်းတွေကို မျှေဝချင်လို့လဲ ဖြစ်ပါတယ်။ အဓိကကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူတိုင်း စိတ်ဝင်တစား အသုံးပြုနေကြတဲ့ နည်းပညာနဲ့ အခွင့်အလမ်းတွေကို မြန်မာလူငယ် လူကြီးအားလုံး သိစေချင်တာရယ်၊ စီးပွားရေး အခွင့်အလမ်းတွေ ရရှိလာစေရန် စတဲ့ အချက်တွေကို ရည်ရွယ်ပါတယ်။ ဒီပွဲတစ်ခု လုပ်ရတာ မလွယ်ပါဘူး။ အကုန်အကျ အများကြီး ရှိသလို အလွန်ပင်ပန်းပါတယ်။ ပိုက်ဆံ အကျိုးအမြတ် တစ်ပြား တစ်ချပ်မှ မရဘဲ အထက်က ရည်ရွယ်ချက်တွေ သက်သက်အတွက် ကျွန်တော်တို့ လုပ်ဖြစ်ကြတာပါ။ Company တော်တော်များများကလည်း ဒီပွဲအတွက် ပံ့ပိုးပေးထားပါတယ်။ အသက်ကန့်သတ်ချက် မရှိပါဘူး။ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ တက်ရောက် လာသူတွေအတွက် အစားအသောက်နဲ့ ကံစမ်းမဲ အစီအစဉ်တွေလည်း ထည့်သွင်းထားပါကြောင်း။

ကိုညီလင်းဆက် post မှ ကူးယူဖော်ပြသည်။

2 responses to “မြန်မာဘလော့ဂါများ၏ ဆီမီနာ”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading